Friday, 12 December 2008

တရုတ်ပြည်မှာအလုပ်အကိုင်တွေကို လျှော့ချနေခြင်း၊


ကွမ်တုံပြည်နယ်ရှိ ကလေးကစားစရာစက်ရုံ ပိတ်ခဲ့
လျှော်ကြေး အပြည့်မရရှိ၍ အလုပ်သမားများ ဆန္ဒပြတောင်းဆို

-ပက်ထရစ်ရှာလင်း-

တရုတ်နိုင်ငံမှာ ကလေးကစား စရာထုတ်လုပ်သော ကုမ္ပဏီ၁၀ ခု အနက် ၉ခုဟာ အမေရိကန် နိုင်ငံသို့ တင်ပို့ရောင်းချ နေကြပါသည်။ ယခုအခါ အမေရိကန်နိုင်ငံတွင် ရင်ဆိုင်နေကြရသော စီးပွားရေးကပ်ဆိုး ကြောင့် တရုတ်နိုင်ငံက တင်ပို့နေသော ကလေးကစား စရာတွေဟာ ရောင်းအား ကျဆင်းလျှက်ရှိပါတယ်။ အထူးသဖြင့် ၀ယ်လိုအား ကောင်းသော ရုံပိတ်ရက်၊ အားလပ်ရက် ဖြစ်သော ခရစ်စမတ် နှင့် နှစ်သစ်ကူးကာလ တွေမှာတောင် အရောင်း မတွင်ကျယ် ဘဲဖြစ်နေရသည်။ ကလေးကစား စရာ ရောင်းချနေသော ဆိုင်ငယ်များ တွင် ၀ယ်သူ အားပေးမှုများ လျော့ကျ နေကြသည်။ ဒါ့အပြင် မရေမရာ ဖြစ်နေသော အလုပ်အကိုင်ပြဿနာ အခက်အခဲ နှင့် ရင်ဆိုင်နေကြရသော စီပွားရေး ပြဿနာ ကြောင့်ဝယ်ယူသုံးစွဲမှု အင်အားကလည်း ကျဆင်းနေကြပါသည်။ ကလေးကစားစရာ အရုပ်တွေရဲ့ဈေးနှုန်းဟာ ချိုသာပြီး၊ ကျဆင်းခဲ့ သော်လည်း ၀ယ်ယူသူမရှိ ဖြစ်နေကြတယ်။

ဒီလို ကျဆင်းနေမှုကြောင့် တရုတ်နိုင်ငံ ကလေးကစား စရာထုတ်လုပ်သော ကုမ္ပဏီ များဟာ စက်ရုံများကို ပိတ်ရသည်အထိ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရပါသည်။ ၂၀၀၈ ခုနှစ်ကတည်းက တရုတ်ပြည်မှာ ကလေးကစား စရာထုတ်လုပ်သော စက်ရုံပေါင်း ၃၆၀၀ ပိတ်ခဲ့ရပါသည်။ တချို့ စက်ရုံတွေ များတွင် အလုပ်သမားများက စက်ရုံပိတ်ခဲ့မှု ကို မကျေမနပ်၍ ဆန္ဒပြမှုတွေ ပြုလုပ်နေကြပြီး၊ အလားတူ ဆန္ဒပြမှုတွေ နိုင်ငံအနှံ့အပြား မှာ ဖြစ်ပေါ်လျှက်ရှိပါသည်။ တချို့ ဒေသတွေမှာ အစိုးရ ရဲတပ်ဖွဲ့ တွေ၊ အလုပ်ရှင်တွေ နဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပေါ်နေကြပါသည်။

၂၀၀၄ ခုနှစ်မှ စတင်ပြီး တရုတ်နိုင်ငံမှာ ဖြစ်ပေါ်ခဲ့ သော အငှားယာဉ်မောင်းသမားများ၏ အဓိကရုဏ်းများ ကို
လေ့လာနိုင်အောင်ဖော်ပြပါမည်။

A brief list of municipal taxi strikes in China since 2004

August 2004. Yinchuan, Ningxia. 6,000 drivers stage strike.
September 2004. Baotou, Inner Mongolia. 5,000 drivers stage strike.
March 2005. Taicang, Jiangsu. 300 drivers stage strike.
August 2005. Hefei, Anhui. 6,400 drivers stage strike.
July 2006. Beijing. A group of taxi drivers stage a strike.
July 2007. Zhengzhou, Henan. 10,000 drivers stage strike.
August 2007. Luoyang, Henan. 10,000 drivers stage strike.
October 2007. Changchun, Jilin. 100 drivers stage strike.
December 2007. Harbin, Heilongjiang. 300 drivers stage strike.
September 2008. Chibi, Hubei. 300 drivers stage strike.

အလုပ်သမားများ၏ ဆန္ဒပြမှုတွေ ကတော့ နိုင်ငံအနှံ့အပြား မှာ ဖြစ်ပေါ်လျှက်ရှိနေသည်။ အထူးသဖြင့် ကွမ်တုန်၊ ဟောင်ကောင်၊ ရှန်ဟိုင်း နဲ့ ယူနမ်ပြည်နယ်တွေမှာ ဆက်လက် ဆန္ဒပြမှုတွေဖြစ်ပွားနိုင်ပါသည်။

Rest of your post

No comments :