Tuesday, 2 December 2008

ထိုင်းဝန်းကြီချုပ် နှုတ်ထွက် ရပြီ

ဘန်ကောက်
လေဆိပ်တွေကို သိမ်းပိုက်ထားတဲ့ ထိုင်းနိင်ငံဆန္ဒပြပွဲ က လာမဲ့ ဗုဒ္ဒဟူးနေ့ မှာ ပြီးဆုံး တော့မယ်လို့ ဆန္ဒပြသမားတွေက ပြောပါတယ်။ ထိုင်းတရားရုံးချုပ်က လက်ရှိဝန်ကြီးချုပ် ကို နိင်ငံရေးကနေ ၅ နစ်နားရန်နဲ့  သူရဲ့  ပါတီကို ဖျက်သိမ်းရန် အမိန့် ချမှတ်လိုက်တဲ့ အတွက် ဆန္ဒပြပွဲ ကိုရပ်ဆိုင်း လိုက်ဖို့ ဆန္ဒပြသမားတွေ က ဆုံးဖြတ်လိုက်ခြင်းဖြစ်ပါတယ်။ တရားရုံးက ၀န်ကြီးချုပ် စုံချိုင် ၀န်ဆာဝပ်ကို နိင်ငံရေးက နေ အနားယူဖို့ 
ဆုံးဖြတ် လိုက်ရတဲ့ အကြောင်းကတော့ မဲဝယ်မှုများ၊ရွေးကောက်ပွဲမှာ လိမ်လည်မှု၊ လာဘ်စားမှုတွေ ကြောင့်လို့  ဆိုပါတယ်။


ဘာဖြစ်လို့  ၀န်ကြီးချုပ်ကိုလာဘ်စားမှု နဲ့ စောစောစီစီ ထိုင်းတရားရုံးက အရေးယူဆောင်ရွက်မှု မပြုလုပ်ခဲ့သလဲ ဆိုတာ တော့စဉ်းစားစရာဖြစ်ပါတယ်။ တရားရုံးရဲ့  ဆုံးဖြတ်ချက်အပေါ်မှာ ထိုင်းဝန်းကြီးချုပ်နဲ့  အစိုးရ အဖွဲ့ ရဲ့  တုန်ပြန် မှု ကို မကြားရသေးပါဘူး။

အစိုးရ အဖွဲ့ မှာလည်း ထောက်ခံတဲ့ သူက တ၀က်ကျော်ရှိနေတယ်။ တရားဝင်ရွေးကောက်ပွဲနဲ့  အနိင်ရထားတဲ့ အစိုးရ ဖြစ်နေတာကြောင့် ထိုင်းနိင်ငံရေး အခြေအနေကတော့ တအုံနွေးနွေး ဖြစ်နေဦးမယ်လို့ ခန့် မှန်းရတယ်။


Rest of your post

1 comment :

Anonymous said...

Don't worry they will come back to form another party with new name.