-ကို-
ရာသီဥတု ခန့်မှန်းချက်သာ မှန်ခဲ့မယ်ဆိုရင် ဆွစ်ဇလန်နိုင်ငံရှိ ရေခဲမြစ်တွေဟာ လျင်မြန်စွာအရည်ပျော်ပြီး ဒီရာစုနှစ်မှာ အများအပြား ကွယ်ပျောက်သွားတော့မည်ဖြစ်ပါသည်။ လွန်ခဲ့သော ကိုးနှစ်အတွင်းမှာ မြောနေသော ၁၅၀၀ ကျော်ရေခဲလွှာတွေထဲက ၁၀ ကုဗ ကီလိုမီတာခန့် ဆုံးရှုံးအရည်ပျော်သွားခဲ့ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။
အခြားလေ့လာမှုတွေ အရ အဲဒီရေခဲလွှာတွေကို တစ်ခုမှာ အရေအတွက် ၃၀ ပါဝင်တဲ့အုပ်စုစီခွဲပြီး လေ့လာကြည့်တဲ့အခါမှာ အဲဒီ အဖွဲ့ထဲက ရေခဲလွှာတွေ မှာ နှစ်စဉ် မီတာနှင့် ချီပြီး ပျက်စီး အရည်ပျော်မှုတွေကို တွေ့ရှိရသည်။ ဆွစ်ဇလန်နိုင်ငံမှာ ရှိတဲ့ နည်းပညာတက္ကသိုလ် ကနေပြီး ဒီတွေ့ရှိချက်နှစ်ခုလုံးကို တွေ့ရှိခဲ့တာပါ။
”လေ့လာတွေ့ရှိချက် အရကတော့ အနုတ်လက္ခဏာပါပဲ။ ရေခဲထုကြီးဟာ လျင်မြန်စွာ အရည်ပျော်နေ တယ်ဆိုတာတွေ့နေရတယ်လို့ Zurich တက္ကသိုလ် ဓါတ်ခွဲဌာန က ရေခဲပြင်၊ရေခဲလွှာ၊ နှင့်သဘာဝပတ်ဝန်းကျင် အကြောင်း လေ့လာနေသော သိပ္ပံပညာရှင် Matthias Huss ကဆိုခဲ့ပါသည်။”
ပြီးဆုံးဖို့အတွက်တော့ ဒီရေခဲတွေအရည်ပျော်လေ့ရှိတဲ့ ရာသီဥတုဟာ မြန်မြန်ကုန်ဆုံး သင့်နေတယ်။ ပြီးတော့ ဆောင်းရာသီမှာလဲ အဲဒီ အရည်ပျော်သွားတဲ့ရေခဲလွှာတွေ နေရာမှာ အစားထိုးဖို့ နှင်းတွေ များများကျပေးဖို့ လိုတယ်။ အဲဒီလေ့လာမှုနှစ်ခုကို အမေရိကန်မှာ ပထ၀ီ နှင့်ရုပဗေဒဆိုင်ရာ အဖွဲ့ အစည်းရဲ့ အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။ ဒီပွဲဟာ ကမ္ဘာ့အကြီးကျယ်ဆုံး သိပ္ပံပညာရှင်တွေရဲ့ နှစ်ပတ်လည် တွေ့ဆုံ ပွဲဖြစ်ပါတယ်။ ဒီပွဲမှာ ရေခဲမြစ်တွေ အရေပျော်မှုအခြေအနေနဲ့ ပက်သက်ပြီး အတိအကျ မပြောနိုင်ခဲ့ကြပေမဲ့ တစ်ခြားဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းတွေ ကိုတော့ တွေ့ရှိခဲ့ကြပါတယ်။
နွေရာသီအပူလှိုင်း
အချက်တစ်ခု အနေနဲ့ ကြည့်မယ်ဆိုရင်လဲ Daniel Farinotti နှင့် သူ့ရဲ့ အဖွဲ့ဟာ အဲဒီရေခဲလွှာပေါင်း ၁၅၀၀ ထဲက အကြီးဆုံး အစိုင်အခဲဖြစ်တဲ့ Aletschgletscher ရဲ့ထုထည်ကို တိုင်းတာဖို့ ကြိုးစားရင်းနဲ့ သူတို့ဟာ ပမာဏသေးတဲ့ ရေခဲလွှာတွေထက် အဲဒီရေခဲလွှာက အရည်ပျော်ဆ ၃ စတုရန်းမီတာ လျော့နည်းတယ် ဆိုတာကို တွေ့ရှိခဲ့ပါတယ်။
၁၉၉၉ ခုနှစ်ရဲ့ လေ့လာတိုင်းတာမှုအရဆိုရင် အဲဒီ ရေခဲလွှာကြီး Swiss Alps ရဲ့ ထုထည်ဟာ ၇၅ ကုဗမီတာ ရှိပြီး (လေ့လာမှုကိုအခြေခံပြီး) ဒါဟာ ပထမတွေးထင်ထားတာထက် ပိုကြီးတဲ့ ထုထည်ပမာဏ ဖြစ်လို့ နေပါတယ်။ ဒါပေမဲ့ ၁၉၉၉ ဆိုတာတော်တော်လေးတော့ ကြာခဲ့ပါပြီ။ ဒါကြောင့် ကျနော်တို့ဟာ အခု အဲဒါကို အခြေခံထားပြီး ထုထည်ကို ပြန်တွက်နေပါတယ်။ ကျနော်တို့ တွေ့ရှိချက်အရတော့ ၁၉၉၉ ကနေ ဒီနေ့ထိ ၁၃ ရာခိုင်နှုန်း ပမဏ ဆုံးရှုံးသွားပါတယ်လို့ Mr Farinotti.ကဆိုခဲ့ပါတယ်။
”ခင်ဗျားတို့ မှတ်မိသေးကြလား။ ၂၀၀၃ က ဖြတ်ခဲ့တဲ့အပူလှိုင်းကြောင့်လဲ ဆွစ်ဇာလန် နိုင်ငံမှာရှိတဲ့ ရေခဲမြစ် ရေခဲလွှာတွေဟာ အဲဒီတစ်နှစ် ထဲမှာပဲ ၃ - ၄ ရာခိုင်နှုန်း ဆုံးရှုံးသွားခဲ့ပါတယ်။ Mr Farinotti က ဒီရေခဲလွှာ အကြီးကြီးတွေဟာ အလွန်ပဲရေခဲမြစ် အရည်ပျော်မှုကို ထိန်းသိမ်းမှု မှာ အလွန်ပဲ အရေးကြီးပါတယ်။ ဘာလို့လဲ ဆိုရင် စုစုပေါင်းရေခဲမြစ်တွေပမာဏရဲ့ ၈၀ ရာခိုင်နှုန်းဟာ အကြီးမားဆုံး ရေခဲလွှာကြီး အခု ၅၀ ဆီမှာ ရှိသော ကြောင့်ပါလို့ ဆိုခဲ့ပါတယ်။” ဥပမာ အားဖြင့် Aletschgletscher ကိုပဲ ကြည့်။ သူဟာ ဆွစ်ဇလန် မှာ ရှိတဲ့ ရေခဲလွှာ ထု ပမာဏအားလုံးရဲ့ ၁၂ ရာခိုင်နှုန်းရှိတာပဲ လို့ သူက BBC ကိုပြောခဲ့ပါတယ်။
အဓိက ကိစ္စ ကတော့ ကြီးမားတဲ့ ရေခဲလွှာ တွေမှာ ရေခဲပမာဏဘယ်လောက်ရှိလဲ ဆိုတာပါပဲ။ ဘာလို့လဲ ဆိုရင် ရေခဲလွှာ အသေးလေးတွေ ဟာ မကြာခင်မှာ ပျောက်ကွယ်ဆုံး ရှုံးကုန်လိမ့်မယ်ဆို တာ ငါတို့ သိသိသာ မြင်နေတာပဲလို့ဆိုပါတယ်။ အခုကနေ နှစ်အနည်းငယ်အတွင်းမှာ ပျောက်ကွယ်သွားလိမ့်မယ်။ဒါပေမဲ့ Aletschgletscher ကဲ့သို့ ရေခဲလွှာ တွေကတော့ ဆယ်စုနှစ်တစ်ခုအတွင်းမှာပျောက်ပျက်မှာ မဟုတ်တာတော့သေချာတယ်။
ဒါဟာ Mr Huss နဲ့ သူ့အဖွဲ့ရဲ့ လေ့လာတွေ့ရှိချက်နဲ့တော့ အနည်းငယ်ကွဲပြားနေတယ်။သူတို့က အဓိက ရေခဲလွှာ အုပ်စု ၃၀ လောက်ရဲ့ အရွယ်အစား၊ ပုံစံနဲ့ တည်နေရာကို အခြေခံပြီးလေ့လာခဲ့ကြတာပါ။ ၁၉၀၀ ပြည့်နှစ် ကနေ ၂၀၀၇ ထိသက်တမ်း တောက်လျောက်က သိပ္ပံပညာရှင်တွေရဲ့ လေ့လာမှုတွေဟာ တိုက်ရိုက် တိုင်းတာချင်း ကော၊ ခေတ်မှီတဲ့ နည်းအသစ်တွေ ပါ နှစ်ခုလုံးကို ပေါင်းစပ်ပြီး သုတေသန ပြုလုပ်ခဲ့ကြခြင်း ဖြစ်ပါတယ်။
ဒီ အချိန် ကာလ တစ်လျောက်မှာ တော့ အခြေအနေဟာ ဆုတ်ယုတ်လာတယ် ဒါပေမဲ့ဒါဟာ တကယ့်အဆုံး သတ်တော့ မဟုတ်သေးပါဘူး။ ဒီရေခဲလွှာတွေနည့် ပက်သက်ပြီး ဖွံ့ဖြိုးတိုးတက်မှု ရှိတယ်ဆိုတာ သိသာနိုင်တဲ့ အချက် နှစ်ချက်လဲ ရှိပါ သေးတယ်။ ဒါကဘာလဲဆိုရင် ၁၉၄၀ ခုနှစ်က ရေခဲလွှာတွေ ပျက်စီးမှူးနှုန်းထားဟာ အခုထက် ပိုမြန်ခဲ့ပါတယ်။
ဒါပေမဲ့လည်း ယေဘုယအားဖြင့်ပြောရင်တော့ ဆုတ်ယုတ်လာတာပါပဲ။ လွန်ခဲ့သော နှစ်၄၀ - ၅၀ ထက်စာရင် ရေခဲလွှာတွေဟာ ပိုမိုလျော့နည်းကုန်ပြီဖြစ်တယ်။ Mr Huss ဟာ အနာဂတ်အတွက် ရာသီဥတု အခြေအနေကို လေ့လာတွက်ချက်ဖို့အတွက် Rhone လို့အမည်ရတဲ့ ၁၀ ကီလိုမီတာ ရှည်တဲ့ ရေခဲလွှာတစ်ခု ကိုရွေးချယ် ခဲ့ပါတယ်။ ဒီရေခဲလွှာဟာသက်တမ်း နှစ် ၁၀၀ လောက်တော့ခံမှာပါပဲ။ ဒီရေခဲလွှာ ကြီးရဲ့ ဆုတ်ယုတ်မှု ဟာ ၂၀၅၀ အထိတော့သိပ်မမြန်သေးပါဘူး။ ဒါပေမဲ့နောက်ပိုင်းမှာတော့ မြန်မြန်ပဲ အရည်ပျော် ပျက်စီး သွားပါ လိမ့်မယ်။ ဒါဟာ ဘာကို ပြချင်တာလဲဆို ရင် ရေခွဲလွှာ အသေးလေးတွေအများစု ဟာ ဒီရာစုနှစ်ရဲ့ အကုန်ပိုင်း မှာ လုံးဝပျက်စီး အရည်ပျော်သွားမှာ ဖြစ်တယ်ဆိုတာကိုပါပဲ။
ဒီလိုဖြစ်ပေါ်နေခြင်းဟာ စီးပွားရေး နဲ့ ပက်သက်ဆက်နွယ်ပြီး သိသိသာသာဆုံးရှုံးမှုတွေရှိလိမ့်မယ်။ Mr Huss ကတော့ ဒီရေခဲလွှာတွေဟာ ဆောင်းရာသီမှာ ရေတွေကို စုစည်းထားပြီး၊ ရေကိုလိုအပ် တဲ့ ပူလောင် ခြောက်သွေ့တဲ့နွေရာသီမှာ ပြန်လည် ထုတ်ပေးတာပါ။ ပြီးတော့သူတို့ ဟာ အအေးဓါတ်များတဲ့ နှစ်တွေမှာ ရေတွေကို ပိုစုဆောင်းပြီး၊ အပူဓါတ်များ သောနှစ်တွေမှာ ပြန်လည်ထုတ်ပေး ပါတယ်။ ဒါဟာလဲ ရာသီဥတု အတွက် အရေးပါတာပါပဲ။
ဆွစ်ဇာလန်နိုင်ငံ အနောက်တောင် ပိုင်းမှာ ဆိုရင်တော့ အဲဒီ ရေခဲမြစ်တွေ အရည်ပျော်တဲ့ ရေတွေကို ခေတ္တ သိမ်းဆည်း သိုလှောင် ထားပြီး ရေအားလျှပ်စစ်ကိုထုတ်လုပ်ပါတယ်။ ဆွစ်ဇာလန် နိုင်ငံရေအားလျှပ်စစ် ရဲ့ ထုတ်လုပ်မှု ပမာဏရဲ့ တစ်ဝက်ကျော်ဟာ ဟိုက်ဒရိုစွမ်းအားကို အသုံးပြုတာပါ။
Mr Huss ရဲ့ ရှာဖွေတွေ့ရှိမှုတွေကို အဲဒီမှာရှိတဲ့ ပထ၀ီ နဲ့ ရုပဗေဒဆိုင်ရာ စာစောင်မှာ ဒီနှစ်မှ စတင်ဖော်ပြခဲ့ တာပါ။ ဒါပေမဲ့ Farinotti-led ရဲ့တွေ့ရှိမှုတွေကိုတော့ Glaciology စာစောင်နဲ့ Global and Planetary Change စာစောင်တွေမှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။
- The four glaciers here represent a range of types, sizes, locations, and climatic zones. The assessment has now been extended to 30 glaciers
- Area covered by the glaciers - Aletsch: 83.01sq km; Rhone: 16.45sq km; Gries: 5.26sq km; Silvretta: 2.89sq km
- Distinct phases of growth (I & III) and strong ice loss (II & IV) are seen within an overall trend for the period which is negative
- The cumulative mass balance is given in "metres of water equivalent". Essentially, it records the net thickness change of the glaciers
- Thickness change over the entire period - Aletsch: -65m; Rhone: -43m; Gries: -97m; Silvretta: -35m
Rest of your post
No comments :
Post a Comment