Friday 26 December 2008

မြန်မာဘလော့ဂ် အကယ်ဒမီဆုပေးပွဲ ၂၀၀၈

ဒီမှာနှိပ်ပြီး မဲပေးကြပါ

မြန်မာ ဘလော့ဂ်အကယ်ဒမီဆု ဆိုတာကိုကြားရတော့ ၀မ်းသာမိတယ်။ ဒီမိုကရေစီကျင့်စဉ်တခုကို ဒို့ မြန်မာ လူငယ်တွေ လုပ်တာ ဖြစ်တော့ အားရမိတယ်။ မြန်မာ့ ဒီမိုကရေစီရရှိရေး အတွက် လူငယ်တွေ အတော်များများ ဘလော့ဂ်တွေလုပ်ပြီး သတင်းတွေ၊ နည်းပညာတွေ၊ ဗဟုသုတတွေ ဝေငှလာကြတာ ဟာ တကယ် အားရစရာ ပါဘဲ။
ဒီရွေးချယ်မှုဟာ ဒီမိုကရေစီ ကျင့်စဉ် တခု ဖြစ်လို့လည်း အားပေး ရမယ်။ ရွေးချယ်မှုထဲမှာပါတဲ့ ဘလော့ဂ်တွေကို အလွန့် အလွန်ကို အားရမိတယ်။ တချို့ ဘလော့ဂ်တွေဟာ အရည်အသွေးတွေ ပိုမိုတိုးတက် ကောင်းမွန် လာတယ်။ စာဖတ်သူ၊ အားပေးနေသူများလည်း ဗဟုသုတ ပိုမို စုံစုံလင်လင် လေ့လာဆည်ပူး လာကြရတယ်။

ဒီလိုဆုပေးတာဟာ က ပရိသတ်တွေ ကိုယ်တိုင် မဲပေးတာဖြစ်လို့ ဒီမိုကရေစီနည်းလည်း ကျလှတယ်။ မြန်မာပြည်က အကယ်ဒီမီဆုပေးပွဲ ဆိုတာ နားလည်တတ်ကျွမ်းတဲ့ အနုပညာရှင်တွေ၊ ပရိသတ်တွေက ပေးရတာမဟုတ်ပဲ ပါလေရာငပိချက် ဗိုလ်ချုပ်တွေကပေးတာ ဖြစ်တယ်။ ထို့အတူ ပြည်ပရှိ အစိုးရ မဟုတ်သော ငွေကြေးထောက်ပံ့နေတဲ့အဖွဲ့တွေ၊ နိုင်ငံရေးလုပ်နေသော အဖွဲ့ တွေ၊ လူမှုရေး အဖွဲ့တွေ၊ ပရိုပိုဆယ်တင် နိုင်ငံရေးအဖွဲ့ တွေ ကလည်း ရွေးချယ်ကြတာမဟုတ်လို့ နီးစပ်ရာ မျက်နှာကြီးရာ ဟင်းဖက်ပါ ဆိုတာမျိုး ရွေးချယ်ကြမှာ တော့ မဟုတ်ဘူး။ ဆိုလိုတာက ”ငါ ပိုက်ဆံပေးထားလို့ သူ့ ကို ငါရွေး ဆိုတာမျိုးလည်း” မဟုတ်ဘူး။ ဒါကြောင်မိုလို့ အင်တာနက် မှ မဲပေးရွေးချယ် ခြင်းဟာ ဒီမိုကရေစီ ကျင့်စဉ် တခုလည်းဖြစ်ပါတယ်။ လွတ်လပ်စွာ ဖေါ်ထုတ်ခွင့်ကို အားပေးတဲ့ လုပ်ရပ်ဖြစ်လို့ မြန်မာဘလော့ဂ်ဂါ အကယ်ဒမီ ဆုကို ကြိုဆိုပါတယ်။

မိတ်ဆွေတို့ အကြိုက်ဆုံး ဘလော့ဂ်တွေကို သွားပြီး အားပေးခြင်းဖြင့် သတင်း၊ ရသစာပေနဲ့  နည်းပညာတွေကို အခမဲ့လုပ်ဆောင် ပေး နေတဲ့သူတွေကို အားပေးရာရောက်ပါတယ်။ ထို့အတူ မြန်မာဘလောက်ခ်ဂါ တွေကလည်း မိမိတို့၏ ဘလောက်တွေ ကို ဒီထက် ပိုမိုတိုးတက် ကောင်းမွန်အောင်ကျိုးစားလာပါလိမ့်မယ်။ ပထမအကြိမ် ရွေးချယ် ခြင်း ဖြစ်တာကြောင့် ကဏ္ဍအလိုက် ထားရှိရာမှာ အယူအဆတွေ၊ နားလည်မှု လွဲမှားမှု လေးတွေ ရှိနိုင်ကြ လိမ့်ပေမဲ့၊ နောင်နှစ်တွေ မှာပိုမိုကောင်းမွန်သော ရွေးချယ်မှု တွေ ဖြစ်လာနိုင်မယ်လို့ ထင်မြင်ယူဆပါတယ်။

Strategic Team
We Fight We Win


Rest of your post

4 comments :

Anonymous said...

အစ်ကိုကြီး ကိုမိုးသီးရဲ့ အမြင်ကို ဖတ်ရတာ ကျေးဇူးပါ။ တခြား ရေးသမျှနဲ့ ကော်မန့်သမျှကို ဖတ်ကြည့်တဲ့အခါ မပြည့်စုံတဲ့ အင်ဖော်မေးရှင်းအပေါ် အခြေခံ ဝေဖန်ခြင်းနဲ့ ပရိုစီဂျာအပေါ် တမျိုးသဘောပေါက်ခြင်းဆိုတာကို တွေ့ရပါတယ်။

ဥပမာ - ရွေးချယ်ပေးခြင်းဆိုတာကို မြန်မာပြည် အကယ်ဒမီပေးပွဲလို ကော်မတီတစ်ခု၊ လူတစ်ဖွဲ့က ရွေးမေးမယ်ထင်ပြီး ပြောနေကြတာ တွေ့ရပါတယ်။ အကယ်ဒမီ ဆိုဒ်မှာ ကြည့်လိုက်တော့ နည်းပညာနဲ့ ထိန်းပေးပြီး ကိုယ်တိုင် မဲပေးစေခြင်းနဲ့ ရွေးတာမို့ ဖတ်သူ အကြိုက်သာဖြစ်ကြောင်း တွေ့ရပါတယ်။

တဆက်တည်း ပြောရမှာက အကယ်ဒမီဆိုဒ်ရဲ့ အဆင့်ဆင့် သွားပုံမှာ လိုအပ်ချက်ကလည်း ၇ှိနေတယ် ဆိုတာပါပဲ။

fair ဖြစ်မယ်ဆိုရင် မုဒိတာပွားနိုင်တဲ့ ကိစ္စလို့ မြင်မိပါတယ်ဗျာ။

ခက်ထန်

Anonymous said...

ကိုမိုးသီးဘလော့ဂ် ရဲ့ အမြင်ကိုဖတ်ရတာ ကျေးဇူး တင်တယ်ဗျာ။ ကျနော်အမြင်ကတော့ OSI လို့
ခေါ်တဲ့ မော်ရင်းအောင်သွင် က ပေးတဲ့ဆု မဟုတ် လို့ ၀မ်းသာတယ်ဗျာ။ NED လို့ ဆိုတဲ့ နီးစပ်ရာ ပေးတဲ့ ပရိုပိုဆယ် နိုင်ငံရေးဆု မဟုတ်လို့ လည်း ထပ်ဝမ်းသာတယ်ဗျ။ လူတွေက NED နဲ့ OSI ကလုပ်မှ အတင်းမီဒီယာတွေထဲမှာထည့်ကြ၊ ရေးကြ တာကိုး။ သူတို့ လခစား ပရိုပိုဆယ် နိုင်ငံရေး အဖွဲ့တွေဘဲ ဆုတွေရလိုက်၊ ပညာသင်ဆုတွေ ရလိုက်နဲ့။ သူတို့လုပ်မှ ဒီမိုကရေစီရေး လုပ်နေ တယ်လို့ ထင်နေကြတာ။ ရှက်ဖို့သိပ်ကောင်း လုပ်တာဗျာ။ အခုရွေးချယ်တဲ့ စာရင်းထဲမှာပါနေတဲ့ ဘလော့ဂါတွေက အခမဲ့ လုပ်ပေးနေတဲ့ ဒီမိုကရေစီလိုလားတဲ့ သူတွေပါ။ မော်ရင်းအောင်သွင် ပေးရိုး အောက်က သူတွေမဟုတ်ဘူး။ သူတို့ လုပ်ဆောင်မှုတွေကို အားပေးကြစေချင်တယ်။

အောင်ချမ်း-နဂိုရာ

Unknown said...

နည်းပညာ နဲ့ ထိန်းချုပ်ထားသည် ဆိုသော်ငြားလည်း နည်းပညာနှင့်ပင် ပြန်လည်ကျော်လွှားနိုင်ပါသည်။ ဥပမာ - မိမိ တစ်ဦးတည်းမှပင် မဲ ပေးနိုင်ခွင့် ၂ ခါ ရယူ မဲပေးခဲ့ပြီးပါပြီ။ ဖြစ်နိုင်သည်မှာ IP address တစ်ခု မှ တစ်ခါပဲ မေးပေးခွင့် ရှိသည်ထား၊ IP address အမျိုးမျိုးပြောင်းပြီး မဲပေးနိုင်ခြင်းပင်။ Cyber Cafe တစ်ဆိုင်ပြီး တစ်ဆိုင် ပြောင်းပေးခြင်း အားဖြင့် မိမိ အလိုရှိရာ မည်သူမဆို ကို မဲအများဆုံး ဖြစ်အောင် လုပ်ဆောင်နိုင်ပါသည်။ ဒီမိုကရေစီ + နည်းပညာ = လည်သူစားစတမ်း ပင်မဟုတ်ပါလော။

Unknown said...

နည်းပညာ နဲ့ ထိန်းချုပ်ထားသည် ဆိုသော်ငြားလည်း နည်းပညာနှင့်ပင် ပြန်လည်ကျော်လွှားနိုင်ပါသည်။ ဥပမာ - မိမိ တစ်ဦးတည်းမှပင် မဲ ပေးနိုင်ခွင့် ၂ ခါ ရယူ မဲပေးခဲ့ပြီးပါပြီ။ ဖြစ်နိုင်သည်မှာ IP address တစ်ခု မှ တစ်ခါပဲ မေးပေးခွင့် ရှိသည်ထား၊ IP address အမျိုးမျိုးပြောင်းပြီး မဲပေးနိုင်ခြင်းပင်။ Cyber Cafe တစ်ဆိုင်ပြီး တစ်ဆိုင် ပြောင်းပေးခြင်း အားဖြင့် မိမိ အလိုရှိရာ မည်သူမဆို ကို မဲအများဆုံး ဖြစ်အောင် လုပ်ဆောင်နိုင်ပါသည်။ ဒီမိုကရေစီ + နည်းပညာ = လည်သူစားစတမ်း ပင်မဟုတ်ပါလော။