Friday 26 December 2008

အိန္ဒိယ - ပါကစ္စတန် တင်းမာနေမှု

( အိန္ဒိယ- ပါကစ္စတန် စစ်ပွဲကာလ က အိန္ဒိယကြည်းတပ် စစ်ချီစဉ်)

အိန္ဒိယ-ပါကစ္စတန် နဲ့ဟာ စစ်ဖြစ်ပွားခါနီး အထိ တင်းမာနေပြီ ဖြစ်ပါတယ်။ တင်းမာနေတဲ့အခြေ အနေတွေကို အမေရိကန်က စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုပါတယ်။ ပါကစ္စတန်တပ်များ က အိန္ဒိယ နယ်စပ်ကို ရွေှ့နေကြ ပါတယ်။ အိန္ဒိယ အစိုးရက သူရဲ့ နိင်ငံသားတွေကို ပါကစ္စတန် ကို မသွားကြဖို့  တားမြစ်လိုက်ပါတယ်။ နယ်စပ် မှာတော့ အိန္ဒိယနဲ့ ပါကစ္စတန် တိုက်ပွဲငယ် တခု ဖြစ်ပွားခဲ့ပါ တယ်။ ပါကစ္စတန်ကတော့ အနိမ့်ဆုံးခုခံမှု (Minimum Defensive Measure ) လို့ သုံးနှုန်းထား ပါတယ်။ ပါကစ္စတန် အစိုးရက အာဖဂန် နိင်ငံနယ်စပ်မှာ တပ်စွဲ ထားတဲ့ ပါကစ္စတန် တပ်တချို့ ကိုလည်း တပ်ခေါက် ပြီး အိန္ဒိယနယ်စပ်ကို ပို့လိုက်ပါတယ်။

အိန္ဒိယအနေနဲ့ မုန်ဘိုင်း မြို့ကို အကြမ်းဖက်သမားတွေ တိုက်ခိုက်ခဲ့မှု ကိုလက်တုန်ပြန့်တဲ့အနေနဲ့ ပါကစ္စတန် နယ်မြေ အတွင်းရှိ လာဟာကာ တိုင်ဘာ (Lashkar-e-Rajiba) အကြမ်းဖက် သမားတွေ ခိုအောင်း တယ်လို့ ယူဆ တဲ့ နေရာများကို ချိန်ထားပြီး တိုက်ခိုက်မှု ( Surgical Strike) ပြုလုပ်လာနိင် တယ်လို့ ယူဆထားပါတယ်။ အမေရိကန် အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဂေါတန် ဂျွန်ဒိုးက မလိုအပ်တဲ့ တင်းမာမှုတွေ ကို ရှောင်လွဲ နိင်မယ်လို့ မျှော်လင့်ကြောင်း ထုတ်ဖေါ်ပြောဆိုသွားပါတယ်။

အိန္ဒိယ- ပါကစ္စတန် တင်းမာမှုဖြစ်ပွားနေသော ဂျမှုးနှင့် ကပ်ရှ်မီးယားဒေသ

ကျနော်တို့ သုံးသပ် ချက်အရတော့-

  • အိန္ဒိယက ကန့်သတ်စစ်ပွဲ( Limited War) ပြုလုပ်နိင်တဲ့ အလားအလာကောင်းတွေ ရှိနေပါတယ်။ အာဏာရ ကွန်ကရက်အိုင် ပါတီက အကြမ်းဖက်သမားတွေ ရန်က ပြည်သူတွေကို ကာကွယ်မှုပေး နိင်တယ် ဆိုတာကို ပြသနိင်ဖို့ လိုပါတယ်။ (ဒါမှ ပါတီအနေနဲ့ နောက် ရွေး ကောက် ပွဲ မှာ လူထုထောက်ခံ မှု ပိုမိုရရှိနိင်ဖို့ လိုနေပါတယ်။)
  • အမေရိကန် ရော တရုပ်ကပါ ပါကစ္စတန် စစ်တပ်ကသွယ်ဝိုက်အားပေးနေတဲ့ အကြမ်းဖက် သမားတွေ ကို စိတ်ပျက်နေမှုက မန်မိုရမ်ဆင်း အစိုးရ အတွက် အခြေအနေကောင်း လို့ ယူဆနိင်ပါတယ်။
  • ပါကစ္စတန် အာဏာရအစိုးရ က အကြမ်းဖက်သမားတွေကို စစ်တပ်က ကျားကန်ပေးနေမှု ကို မဟန့်တားနိင်တာကို အိန္ဒိယအစိုးရက သိနေပါတယ်။ ဒါကြောင့် ကန့်သတ်စစ်ပွဲ များ ပြုလုပ်ကောင်း လုပ်လာနိင်ချေ ရှိတယ်။
  • ပါကစ္စတန် စစ်တပ် က ပါကစ္စတန် လက်ရှိ ဒီမိုကရက်တစ် အစိုးရကို ဖိအားပေးပြီး၊ ပြည်သူတွေက စစ်တပ်ကို ပြန်လည်ထောက်ခံမှုရရှိအောင် ပြန်လည်ပြုလုပ် လာနိုင်တယ်။
  • ပါကစ္စတန်အစိုးရဟာ စစ်ပွဲကို အကြောင်းပြပြီး၊ အမေရိကန်၏ ငွေကြေး အကူအညီ ကို တိုးပြီး တောင်းခံ လာနိုင်တယ်လို့ တင်ပြလိုက်ရပါတယ်။

- We Fight We Win -



1 comment :

Anonymous said...

nuke that both mother flowers