Friday, 26 December 2008

ခရစ်မတ်ဘုရားကျောင်းဓမ္မတေးအဖွဲ့ကိုကြံ့ဖွံ့ ကနှောင့်ယှက်


ခရစ်တော်ဖွားမြင်ရာ ခရစ်စမတ်အချိန်ကာလတွင် ခရစ်ယာန် ဓမ္မတေး သီချင်းများဖြင့် လှည့်လည် သီဆိုဖျော် ဖြေသည့် ရန်ကုန်ဘုရားကျောင်း ဓမ္မတေးအဖွဲ့တစ်ဖွဲ့ ကိုအာဏာပိုင် တို့၏ လက်ကိုင်တုတ် အဖွဲ့ဖြစ်သည့် ကြံ့ဖွံ့ အဖွဲ့ နှောင့်ယှက်မှု တစ်ခု ယမန်နေ့က ဖြစ်ပွား ခဲ့ကြောင်း Freedom News Group မှ စုံစမ်းသိရှိရသည်၊၊ ဒီဇင်ဘာ ၃ရက် ည၁၂း၄၅ မိနစ် အချိန်ခန့်တွင် ဒဂုံမြို့နယ် ဗိုလ်ရာညွန့်လမ်းရှိ အိမ်တစ်ခုတွင် ဓမ္မတေးအဖွဲ့ တစ်ဖွဲ့ က လာရောက် သီဆို ဖျော်ဖြေစဉ် လူခုနှစ်ဦးခန့် က ”ဟေ့ဆူတယ် ဘာကောင်တွေလဲကွ. ဒီမှာ လာမဆိုနဲ့ မင်းတို့ အဖေပိုင်တဲ့လမ်းမဟုတ်ဘူး” စသည်ဖြင့် အော်ဟစ် ဆူပူ ကြိမ်းမောင်း သွားသည်ဟု သိရသည်၊၊

ထိုဓမ္မတေးအဖွဲ့တွင်လိုက်ပါသီဆိုဖျော်ဖြေသူတစ်ဦးက ထိုသို့ပြောရာတွင် ’ကျွန်မတို့ လည်း အစက အမူးသမား တွေပဲထင်တာ နောက်သူတို့ ဆူသံတွေကြောင့် လမ်းထဲက လူတွေ ထွက်လာတော့ မှရှဲသွားကြတယ်ဟု ဖြစ်ပျက်ပုံကို ပြောဆိုခဲ့သည်၊၊ လမ်းသားတွေ ကတော့ သူတို့ကကြံ့ဖွံ့က ကောင်တွေလို့ သတင်းပြောပြီး ကျွန်မတို့တွေ ပြန်သည်ထိ စောင့်ရှောင့်မှုပေးခဲ့တယ်လို့ ဖြစ်စဉ်ကို ပြောပြခဲ့သည်။ ကြံ့ဖွံ့၊ လုံထိန်းနှင့် မီးသတ်အဖွဲ့ ဝင်များမှာ ခရစ်ယာန်ဘုရားကျောင်း Funfairများ တွင်လည်းလာရောက်၍ စောင့်ကြပ် ကြည့်ရှုမှုများ ရှိသည်ဟု သိရသည်၊၊

Source: http://longwalktofreedom.wordpress.com



No comments :