Thursday 11 December 2008

ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ အစီရင်ခံစာ


စစ်ကျွန်အောက်က မြန်မာပြည်သူတို့၏ ဆင်းရဲမွဲတေနေမှု
၁၉၈၀ ခုနှစ် ပတ်ဝန်းကျင်မှာ ဆင်းရဲသား မြန်မာပြည်သူတချို့ ဟာ ဆန်ကွဲဆန်ပြုတ် စားနေကြရတာကို ကျွန်နော်တို့ မြင်တွေ့ခဲ့ကြရတယ်။ ၂၀၀၀ ခုနှစ် ပတ်ဝန်းကျင်မှာ ဆင်းရဲသား မြန်မာပြည်သူတချို့ ဟာ အမှိုက်ပုံက အစားအစာတွေကို ရှာဖွေစားနေကြရတယ် ဆိုတာ ကျွန်နော်တို့ မြင်တွေ့ခဲ့ ကြရတယ်။ ၂၀၁၀ နောက်ပိုင်းမှာ ဆင်းရဲသား မြန်မာပြည်သူတချို့ ဘာတွေကို စားတာ မြင်ကြရမလဲ?။

-မြတ်စိုး-

အစီရင်ခံစာ -
ဆင်းရဲမွဲတေမှု မှ အစားအစာငတ်မွတ်မှု နှင့် အဟာရချို့တဲ့ လာစေမှု

၂၀၀၈ ခုနှစ်မှာ ဖြစ်ပွားခဲ့သော စားနပ်ရိက္ခာပြတ်လပ်မှုအကျပ်အတည်းကြောင့် အစားအစာ ဆာလောင် ငတ်မွတ်နေသူပေါင်း သန်းပေါင်း ၄၀ ကျော် တိုးရှိလာခဲ့တယ်လို့ ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ ( FAO) က ဒီဇင်ဘာလ ၉ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့ပါသည်။ ဒါကြောင့်မို့ တမ္ဘာလုံးမှာ အစားအစာ ဆာလောင် မွတ်သိတ်သူပေါင်း သန်း တစ်ထောင် နီးပါးရှိလာခဲ့ပြီးလို့လည်း ဒီအဖွဲ့၏ ထုတ်ပြန်ကြေညာချက်ထဲမှာပါရှိပါသည်။ ၂၀၀၇ ခုနှစ် ကမ္ဘာ့ ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ ၏ ထုတ်ပြန်ခဲ့မှုအရ အစား အစာ ဆာလောင်ငတ်မွတ်နေသူ ၉၀၇ သန်းရှိသည့်အနက် ၆၅ ရာခိုင်နှုန်းဟာ အိန္ဒိယ၊ကွန်ဂို၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ပါကစ္စတန်၊ အင်ဒိုနီရှား နှင့် အီသီယိုးပီးယားနိုင်ငံတွေမှာ နေထိုင်ကြသူများဖြစ်ပါတယ်လို့ အစီရင်ခံစာ ထဲမှာဖော်ပြပါရှိသည်။

စားနပ်ရိက္ခာပြတ်လပ်မှုအကျပ်အတည်းနှင့် ကုန်ဈေးနှုန်းကြီးမြှင့် ခဲ့မှုကြောင့် လက်တင်နိုင်ငံတွေနှင့် ကာရေဗီယံဒေသတွေမှာတော့ ၅၁ သန်း နဲ့ စစ်ပွဲ ဖြစ်ပွားနေတဲ့ အီရတ်နှင့် အာဖဂန် နိုင်ငံတွေမှာ တော့ ၁၉၉၀-၉၂ မှာ ၁၅ သန်းရှိရာ က ၂၀၀၇ ခုနှစ်မှာ ၃၇ သန်းထိ တိုးလာခဲ့ပါသည်။ ဒီကြေညာချက်ကို ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ စီးပွားရေးကျွမ်းကျင်သူပညာရှင်များက စုပေါင်းပြီး အစီရင်ခံစာ တင်သွင်း ခဲ့တာဖြစ်ပါသည်။

သူတို့၏ အစီရင်ခံစာ ထဲမှာ ကွန်ဂိုသမတနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အစားအစာ ဆာလောင် ငတ်မွတ်နေမှုတွေဟာ အထူးစိုးရိမ်ရမှုတွေရှိနေကြောင်း ပြင်းပြင်းထန်ထန် သတိပေးမှုတွေကိုပြုလုပ်ခဲ့ပါသည်။ ဘာဖြစ်လို့လည်း ဆိုတော့ ကွန်ဂို သမတနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ နှင့်ပြည်တွင်းစစ်ကြောင့် ဒီနိုင်ငံ တနိုင်ငံတည်းမှာတင် ၂၀၀၃ ခုနှစ် မှ ၂၀၀၅ ခုနှစ် အတွင်း အစားအစာငတ်မွတ်နေသူ ၁၁ သန်းမှ ၄၃ သန်းထိ တိုးလာခဲ့ကြောင်း၊ ရာခိုင်နှုန်းအားဖြင့် ၂၉ ရာခိုင်နှုန်း မှ ၇၆ ရာခိုင်နှုန်းထိသိသိ သာသာ တိုးတက်လာလို့ အလွန်စိုးရိမ် နေရ ကြောင်း ဖော်ပြခဲ့ပါသည်။

၁၇ နိုင်ငံ ရှိတဲ့အာဖရိက တိုက်မှာ ၁၆ နိုင်ငံဟာ စားနပ်ရိက္ခာပြတ်လပ်မှု အကျပ်အတည်း ကြောင့် အစားအစာ ဆာလောင်မွတ်မှုရင်ဆိုင်နေကြရပြီး၊ စုစုပေါင်းလူဦးရေ၏ ၃၅ ရာခိုင်နှုန်း ဟာ အစာရေစာပြတ်လပ်မှုနဲ့ ရင်ဆိုင် နေရတယ်။

ဥရောပ သမဂ္ဂ ကတော့ လိုအပ်တဲ့ ပစ္စည်းတွေ ၀ယ်ယူဖို့ အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံ ကို ထောက်ပံ့ ကူညီဖို့ အတည်ပြုပေးခဲ့တယ်။ အမေရိကန် အစိုးရက တော့ ၂၀၀၇ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၂.၁ ဘီလီယံ နှင့် ဧပြီလ က အမေရိကန်ဒေါ်လာ ၂၀၀ မီလီယံ ကို အရေးပေါ်အကူအညီ အဖြစ်ထပ်မံထောက်ပံ့ခဲ့ပါတယ်။

အစီရင်ခံစာထဲမှာ နိုင်ငံတကာရှိ လယ်သမားတွေ ဟာ လက်ရှိ ရင်ဆိုင်နေ ကြရသော ကမ္ဘာ့ စီးပွားရေး ကပ်ဆိုးကြောင့် သီနှံစိုက်ပျိုးရေး ဆုံးဖြတ်ချက်တွေမှာေ၀၀ါးနေမှု တွေရှိနေကြတယ်။ ဥပမာအားဖြင့် ဘာသီးနှံကို စိုက်ပျိုး သင့်သလဲ။ လိုအပ်မဲ့ ဓာတ်မြေသြဇာ ၊လောင်စာဆီဈေးနှုန်း ကျမလဲ၊ တက်မလား။ ထွက်မဲ့သီးနှံ ပြန်ရောင်း ရမည့် ဈေးနှုန်းတွေဟာ မြတ်မလား၊အရှုံးပေါ်နိုင်မလား စတဲ့အချက်တွေအပေါ်ေ၀၀ါးနေမှုတွေရှိနေတာကြောင့် ၂၀၀၉ မှာ ကမ္ဘာမှာ သီးနှံဘယ်လောက်အထွက်နှုန်းရှိမလဲ၊ အစားအစာ ဈေးနှုန်း ကြီးမြှင့်လာမှုရှိမရှိ ဆိုတာ ကိုတော့ ခန့်မှန်းရခက်နေတယ်လို့ အစီရင်ခံစာထဲမှာပါရှိပါသည်။

လက်ရှိ မြန်မာပြည်မှာ တော့ လယ်သမားတွေကို ငွေချေးပြီးသီးနှံဝယ်ယူ သိုလှောင်ခဲ့ ကြတဲ့ ကုန်သည်တွေဟာ ကုန်ဈေးနှုန်း ကျဆင်းနေတာကတကြောင်း၊ ပြည်ပမှဝယ်ယူမှု နည်းပါးလာနေတာကတကြောင်း အရှုံးပေါ်နေပြီး၊ ငွေကြေးဆုံးရှုံးမှုတွေရှိနေကြတယ်။ နောင်နှစ် သီနှံကိုဝယ်ယူသိုလှောင်မှု နှင့် ရင်းနှီးမြုပ်နှံမှု ဆုံးဖြတ်ချက်အပေါ်ေ၀၀ါးနေကြပါပြီ။ ဆင်းရဲသားပြည်သူတွေကတော့ ၀င်ငွေ နှင့် ထွက်ငွေမမျှတမှု၊ အလုပ်လက်မဲ့ဖြစ်နေမှု၊ ငွေကြေးဖောင်းပွမှု၊ နှင့် ရာသီဥထုဆိုးဝါးခဲ့မှုတွေရှိနေတာကြောင့် အစားအစာ ငတ်မွတ်နေမှုတွေဟာ နေရာ အနှံ့အပြားမှာ ရင်ဆိုင်ကြုံတွေ့ နေရတယ်လို့ ကုလသမဂ္ဂမှ တာဝန်ရှိသူတဦးက မြန်မာနိုင်ငံမှာ ငတ်မွတ်နေမှုနှင့် အဟာရချို့တဲ့နေရခြင်းအကြောင်း နဲ့ပက်သက်ပြီး အီတလီနိုင်ငံမှာ ပြောဆိုသွားပါသည်။ ကမ္ဘာ ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ ( FAO) နှင့် UNICEF အဖွဲ့များအနေနှင့် ထောက်ပံ့ဖို့ လိုအပ်နေတဲ့ အစားအစာတွေကို မြန်မာပြည်တွင်းမှပင် ၀ယ်ယူပြီး၊ အစားအစာ ငတ်မွတ်နေသူတွေကိုဝေငှသွားဖို့ စီစဉ်ဆောင်ရွက် နေကြ ကြောင်း ပြောကြားသွားသည်။ ဒီလို ၀ယ်ယူခြင်းဟာ ပြည်ပမှဝယ်ယူသည်ထက် ပိုမိုဈေးနှုန်း ချိုသာပြီး၊ အကုန်အကျလည်းသက်သာစေလိမ့်မယ်လို့ ထောက်ပြပြောဆိုသွားသည်။ ကနဦးက ဒီလိုထောက်ပံ့ကူညီမှုကို န၀တ စစ်အုပ်စုခေါင်းဆောင်တွေက လက်မခံဘဲငြင်းဆိုခဲ့တယ်။ ဘာဖြစ်လို့လည်း ဆိုတော့ တောင်းရမ်းစား လာစေမှုကို ပိုမိုတွန်းပို့ပေးရာ ရောက်တယ်လို့ ထင်မြင်ယူဆခဲ့ကြတယ်။ တကယ်တော့ ဆင်းရဲတဲ့ နေရာတွေနဲ့ နားဂစ်မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဒေသတွေမှာ ၀င်ငွေ နှင့် ထွက်ငွေမမျှတမှု၊ အလုပ်လက်မဲ့ဖြစ်နေမှု၊ ငွေကြေး ဖောင်းပွမှုတွေ ရှိနေတာကြောင့် အစားအစာ ငတ်မွတ်နေမှုတွေကိုနေရာ အနှံ့မှာရင်ဆိုင်ကြုံတွေ့ နေရတယ်လို့ ကမ္ဘာ ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ ( FAO) နှင့် UNICEF အဖွဲ့များက ထောက်ပြခဲ့ကြတယ်။ အမှန်တော့ အစားအစာ ငတ်မွတ်ခြင်းဟာ ၊ တိုင်းပြည်၏ ပြည်သူများ ဆင်းရဲမွဲတေ နေမှုကြောင့် ဖြစ်ပါတယ်ဆိုတဲ့ အချက်ကို မီးမောင်း ထိုးခြင်းဖြစ်ပါတယ်။၂၀၀၈ ခုနှစ် မှာ ကမ္ဘာမှာ ဖြစ်ပွားခဲ့တဲ့၊ ရင်ဆိုင်ခဲ့ရတဲ့ စားနပ်ရိက္ခာပြတ်လပ်မှု အကျပ်အတည်း ကို ကျနော် အကျဉ်းချုပ် ဖော်ပြပေးပါမည်။



အစားအစာအတွက် စောင့်ဆိုင်းနေကြသော နားဂစ်ဆိုင်ကလုန် မုန်တိုင်း ဒုက္ခသည်များ (သို့)
စစ်အဏာရှင်အောက်မှာ မျှော်လင့်ချက်ကင်းမဲ့နေသော ပြည်သူများ


၂၀၀၈ ခုနှစ် စားနပ်ရိက္ခာပြတ်လပ်မှုအကျပ်အတည်း

ဟေတီ မှာ ဖြစ်ပေါ်ခဲ့သောအစားအစာငတ်မွတ်မှု အဓိကရုဏ်း

ကမ္ဘာ့ စားသောက်ကုန်ဈေးနုန်း တဟုန်ထိုးမြင့်တက်နေမူ့နှင့် ဒေသအတွင်းရင်ဆိုင်နေရသော စားနပ်ရိက္ခာ ပြတ်လတ်နေမူ့ အကျပ်အတည်း တွေကို သတင်းမီဒီယာ စာမျက်နှာ တော်တော် များများမှာ ဖော်ပြပေး ခဲ့ကြပါသည်။ ဥပမာ - အာဏာရှင်ကွန်မြူနစ် မြောက်ကိုရီးယား နိုင်ငံမှာ ပျှမ်းမျှအလုပ်သမားတယောက်ဟာ တလမှာ ၀မ်ငွေ ၆၀၀၀ ရရှိ ပါတယ်၊ ဆန် ၁ကီလို ဈေးနူန်းဟာ ၀မ်ငွေ ၇၀၀ -၉၀၀ ရှိရာက ရာသီဥတု ဆိုးယွားမူ့၊ ရေလွှမ်းမိုးမူ့ ဒဏ်ကြောင့် ၀မ်ငွေ ၂၀၀၀ထိ ဈေးနူန်းတက်သွားတာကြောင့် မြောက်ကိုရီးယား ပြည်သူတွေဟာ အစာရေ ဆာ ပြတ်လတ်မူ့ ကြုံတွေ့နေရတယ်။ ဒီလို အစားအစာနှင့် စားနပ်ရိက္ခာ ပြတ်လတ်မူ့ တွေကြောင့် ဘဲ ဟေတီ၊ကင်မရွန်း၊ ကော့ထ်ဒီဘွား (Côte d'Ivoire )၊ မွန်ဇန်ဘစ်၊ဆီနီဂေါ်၊ မော်ရီ တာနီး( Mauritania) ၊အူဘက်ကစ်စတန်(Uzbekistan) ၊ ယီမန်၊ဘော်လီးဖီးယား၊ အင်ဒိုနီရှား၊အီဂျစ်၊ အပါအ၀င် အခြားနိုင်ငံတွေမှာ ပြည်သူတွေ မကျေမနပ်ဖြစ်လို့ အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြမူ့တွေဖြစ်ပွားခဲ့ပါတယ်။ ဒီလိုဆန္ဒပြမူ့တွေကြောင့် လူအမြောက်အများ လည်း သေကြေခဲ့ကြရပါတယ်။ ကမ္ဘာ့ စားသောက်ကုန်ဈေးနုန်း တဟုန်ထိုးမြင့်တက်နေမူ့နှင့် ဒေသအတွင်းရင်ဆိုင်နေရသော စားနပ်ရိက္ခာ ပြတ်လတ်နေမူ့ အကျပ်အတည်း တွေကို ရင်ဆိုင်ဖြေရှင်းကြဖို့ နိုင်ငံအသီးသီးဟာ ကြိုတင် ပြင်ဆင်မူ့တွေကို ပြုလုပ်ခဲ့ကြပေမဲ့၊ မြန်မာနိုင်ငံ မှာတော့ ဒီလို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေကို ရက်ရက်စက်စက် နှိပ်ကွပ်ခဲ့ပြီး၊ နှစ်ရှည်ထောင်ဒဏ်တွေကို ချခဲ့ကြတာ တကမ္ဘာလုံးက မျက်မြင် ကိုယ်တွေ့ဖြစ်ခဲ့ကြပါသည်။

တခြားနိုင်ငံတွေ ဘယ်လို ပြင်ဆင်ခဲ့မှုတွေပြုလုပ်ခဲ့သလဲ?

ဒီလိုပြင်ဆင်မူ့ တွေပြုလုပ်ခဲ့တဲ့နိုင်ငံတွေထဲက ဖိလစ်ပိုင်အစိုးရရဲ့ဆောင်ရွက်ချက်တွေကို ဥပမာ ပေးပြီး တင်ပြပေးသွားပါမယ်။ ရာသီဥတုဆိုးယွားမူ့ ဒဏ်ကြောင့် အာရှမှာ ဆန်အဓိကတင်ပို့ ခြင်းပြုလုပ်နေရတဲ့ ဖိလစ်ပိုင်နိုင်ငံမှာ ၂၀၀၈ ခုနှစ်အတွက် ဆန်တန်ချိန် ၁.၉၄၃ မီလီယံ သာ နိုင်ငံအတွင်း မှာရှိတာကြောင့် ပျှမ်းမျှအားဖြင့် ၅၉ ရက်စာသာ လက်ဝယ်မှာရှိလို့ ၂၀၀၈ ခုနှစ် စပါးမထွက်မှီထိတော့ လုံလောက်မှာ မဟုတ်ပါဘူး။ ၂၀၀၈ ခုနှစ် အတွက် ဖိလစ်ပိုင်အစိုးရဟာ ပြည်သူတွေကို စားနပ်ရိက္ခာ လုံလောက် အောင် ထောက်ပံ့နိုင်ရေးအတွက် နိုင်ငံမှာ ဆန်တန်ချိန် ၂.၇ မီလီယံ ဆက်လက် လိုအပ် နေပါတယ်။ကမ္ဘာ့ ဆန်ဈေးကွက် မှာ ဆန်ဝယ်ယူမူ့ အခက်အခဲတွေ ဟာတနေ့ထက်တနေ့ ကမ္ဘာ မှာ ပြသနာတွေနဲ့ရင်ဆိုင်နေရ တာကြောင့် ဖိလစ်ပိုင်နိုင်ငံဟာ ဗီယက်နမ် နိုင်ငံနဲ့ ဆန်တန်ချိန် (၁.၅) သန်း ကို စာချုပ်အလျှင်အမြန်ဘဲ ချုပ်ဆိုခဲ့ပါတယ်။ဒါ့အပြင် ဖိလစ်ပိုင် သမတ ဂလော်ရီယာဟာ အခြားနိုင်ငံတွေမှာလို စားနပ်ရိက္ခာ ပြတ်လတ်နေမူ့ ကြောင့် တိုင်ပြည်မှာ မတည်မငြိမ် လုယက်မူ့တွေ ပေါ်ပေါက်လာ မှာကိုစိုးရိမ်သည့် အတွက် အရေးပေါ် အခြေအနေကျေညာခဲ့ ပြီး၊ ဒေသတွင်း နိုင်ငံများကိုလည်း တွေ့ဆုံဆွေးနွေးပြီး အမြန်ဆုံး အဖြေရှာ ကြဖို့တိုက်တွန်း နိုးဆော်ခဲ့ပါတယ်။ အစိုးရ နှင့် စစ်တပ်ပူးပေါင်းပြီး ခရစ်ယါန်ကျောင်း တွေမှာ ပြည်သူအတွက် အစားအသောက်တွေ ကို ဈေးနူန်းချိုသာစွာ နှင့်ရောင်းချ ဖြန့် ဖြူးပေးနေကြပါတယ်။

တချိန်ထဲမှာဘဲ နိုင်ငံအတွင်း ဆန် နှင့် အခြား စားသောက် ကုန် တိုး မြင့်ထုတ်လုပ်နိုင်ရန် ဒေါ်လာ ၁.၀၆ ဘီလီယံ (သို့) ပီဆို ၄၃.၇ ဘီလီယံ ကိုရင်း နှီး မြုပ်နှံမူ့ပြုလုပ်ခဲ့ပါတယ်။ ဒီလိုပြု လုပ်မူ့အစီအစဉ်တွေထဲမှာ သဘာဝဓတ် မြေသြဇာ အလုံအလောက်ရရှိမူ့၊ လယ်ယာစိုက်ပျိုး ရေးဆိုင်ရာ သင်တန်းများ နှင့် ပညာပေးမူ့၊ ဆည်မြောင်း ရေကာတာ ရေသွယ် ရေးစံနစ်တွေ ပြန်လည်ကောင်း မွန်အောင်ပြုလုပ်မူ့၊ အထွက်နူန်း တိုးတက် ရေးနှင့်သိုလှောင်ရေး အဆောက်အအုံး တည်ဆောက်ရေး လုပ်ငန်းတွေမှာ အသုံးပြုသွား မယ်လို့ဆိုပါတယ်။

ဒီအစီအစဉ်ဟာ အဓိကအားဖြင့် စားသောက်ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် စားနပ်ရိက္ခာ ဖူလုံစေရေး အတွက်ရည်ရွယ်ပြီး၊ ဒီလုပ်ဆောင်မူ့ တွေကို ၂၀၁၀နှစ်ထိ စီစဉ်ရေးဆွဲ အကောင် အထည် ဖော်ထားတာ ဖြစ်ပါတယ်။ပီဆို ၁၅ ဘီလီယံ ကို တောင်သူလယ်သမား တွေကို ငွေကြေးကူညီထောက်ပံ့မူ့ တွေနှင့် ချေးဌားမူ့တွေပြုလုပ်သွားမှာဖြစ်ပြီး၊ ပီဆို ၉.၂ ဘီလီယံ ကတော့ အထွက်နူန်း တိုးတက်ရေး၊ သီးထပ် ပိုမိုစိုက်ပျိုးနိုင်ရေး အတွက် ဆောင်ရွက် သွားမည်လို့ဆိုပါတယ်။ ဒီလိုဆောင်ရွက်ရာ မှာ အဓိကရည်မှန်းချက် အဖြစ် ဒီနှစ်စိုက်ပျိုး နိုင်သော ၆၀၀,၀၀၀ ဟက်တာဧက မှ ၂၀၁၀နှစ်မှာ ၉၀၀,၀၀၀ ဟက်တာဧက အထိ ရောက်အောင် ကျိုးစားဆောင်ရွက်သွား မှာဖြစ်ပါတယ်။ မလေးရှား နိုင်ငံ မှာ ဒေသအတွင်းရင်ဆိုင်နေရသော စားနပ်ရိက္ခာ ပြတ်လတ်နေမူ့ အကျပ်အတည်း ကြောင့် ဆန်စပါး တိုးမြင့်ထုတ်လုပ်နိုင်ရန် နှင့် လိုအပ်သောစားနပ်ရိက္ခာ ၇၀% မှ ၉၀% ထိဖူလုံမူ့ ရှိစေရန် အတွက် ရင်းဂစ်ငွေ (၆)ဘီလီယံ ပိုမိုရင်နှီးမြုပ်နှံသွားမည်လို့ မလေးရှား လယ်ယာစိုက်ပျိုးရေး ၀န်ကြီး က ပြောဆိုသွားခဲ့သည်။

ဒီလိုဘဲ ၂၀၀၈ ခုနှစ် နှောင်းပိုင်းမှာ ထိုင်း၊အင်ဒိုနီးရှား၊ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ တရုတ်၊ နှင့် အိန္ဒိယနိုင်ငံ အပါအ၀င် နိုင်ငံအသီးသီးဟာ စားနပ်ရိက္ခာပြတ်လတ်နေမူ့ အကျပ်အတည်း ကို ရင်ဆိုင် ဖြေရှင်းဖို့ ၊ ငွေကြေး ဘီလီယံ အကုန်အကျခံပြီး လယ်ယာ စိုက်ပျိုးရေးဆိုင်ရာ ရင်းနှီးမြုပ်နှံမူ့ တွေ၊ နည်းမျိုးစုံ ပြင်ဆင်မူ့ တွေ ကို ပြုလုပ်နေ ကြပါသည်။

၂၀၀၈ ခုနှစ်မှာ ကမ္ဘာ့ စားနပ်ရိက္ခာပြတ်လပ်ခဲ့ရမှု အကြောင်းအရင်း

ဘာကြောင့် ကမ္ဘာမှာ စားနပ်ရိက္ခာပြတ်လပ်မှု နှင့် စားသောက်ကုန် ဈေးတက်မူ့တွေ ရှိနေတာ လည်းဆိုတာနဲ့ ပက်သက်ပြီး၊ ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ ( FAO) ကတင်ပြ ဆွေးနွေး ထားပါတယ်။ ဒီပြသာနာတွေဟာ လတ်တလော ရေတိုရင်ဆိုင်နေရတဲ့ပြသနာမဟုတ်ဘဲ၊ ရေရှည်ရင်ဆိုင်ရမည့်ပြသနာအဖြစ်ဖော်ပြထားပါတယ်။ဒီတင်ပြဆွေးနွေးမှုတွေမှာ ဘာကြောင့် ကမ္ဘာမှာ စားနပ်ရိက္ခာပြတ်လပ်မှု ဟာ ရေရှည် ဖြစ်လာနိုင်သလဲ ဆိုတာ နဲ့ ပက်သက်ပြီး အဓိကအချက် ( ၅) ချက်ကိုဖော်ပြထား ပါတယ်။

ဒီအချက်တွေကတော့ ...

  • (၁)ရေနံ နှင့် အခြားလောင်စာဆီဈေးနူန်းတိုးမြင့်လာမူ့ကြောင့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းဆိုင်ရာ ကုန်ကျစရိတ်များ နှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း များ၌ ကုန်ကျစရိတ်များ မြင့်မားလာမူ့၊ ( ဥပမာ.ဓတ်မြေသြဇာ၊သိုလှောင်စရိတ်၊ နည်းပညာနှင့် စက်ပစ္စည်းကိရိယာ ကုန်ကျစရိတ်များ တို့ပါဝင်ပါတယ်။)
  • (၂)တရုတ်၊အိန္ဒိယ၊ဘရာဇီး၊ ရုရှား အပါအ၀င် အခြားနိုင်ငံများ၌ စီးပွားရေး ဖွံ့ဖြိုးလာမူ့ကြောင့် ပိုမို ၀ယ်လိုအားများပြားလာမူ့ နှင့် လူတွေ၏ စားသောက်မူ့ ပုံစံ ပြောင်းလဲလာမူ့၊ ( ၀ယ်လိုအားနှင့် ရောင်းလိုအား မမျှတမူ့ကြောင့်ဖြစ်ပါတယ်။)
  • (၃) ရာသီဥတု ပြောင်းလဲနေမူ့နှင့် ရာသီဥတုဆိုးဝါးခဲ့ မူ့ကြောင့် သီးနှံများ ပျက်ဆီး ဆုံးရှူံး ခဲ့ရမူ့၊
  • (၄)ကမ္ဘာမှာ လောင်စာဆီ တိုး မြင့်နေမူ့ ကြောင့် တောင်သူလယ်သမားများဟာ ၀ယ်လိုအားလိုက်နေတဲ့ ပြောင်း၊ ပဲဗိစပ် (Soybean)၊ ကြံ၊ သကြား စတဲ့ သီးနှံများ အစားထိုးပိုမိုစိုက်ပျိုး ပြီး၊ ဇီဝဗေဒလောင်စာဆီများ အဖြစ် ပြောင်းလဲ ထုတ်လုပ် သုံးစွဲလာနေမူ့၊ ( ကောက်ပဲသီးနှံ တန်ချိန် ၁၀၀ မီလီယံ ကို လက်ရှိ နိုင်ငံကြီး ၁၀ နိုင်ငံ က ဇီဝဗေဒလောင်စာဆီများ အဖြစ် ပြောင်းလဲ ထုတ်လုပ် သုံးစွဲလာနေပြီး၊သက္ကရစ် ၂၀၁၇ မှာ နောက်ထပ် ၁၂ ဆ ထိ ပြောင်းလဲ ထုတ်လုပ် သုံးစွဲဖို့ရှိနေပါတယ်။)
  • (၅)မကြာသေခင်နှစ်များအတွင်း ကမ္ဘာ့ နိုင်ငံအသီးသီး၌ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံမူ့များလျှော့ချခဲ့မူ့၊ တို့ဖြစ်ပါတယ်။



မြန်မာ ကလေးများ အမှိုက်ပုံမှာ ရှာဖွေယင်း ပျော်ရွှင်စွာ နေထိုင်နေကြရသော ဆင်းရဲမွဲတေမှု ဘဝ

၂၀၀၉ ခုနှစ် နှင့် မြန်မာပြည်

၂၀၀၉ ခုနှစ် မှာကြုံတွေ့ရမည့်အခက်အခဲပြဿနာဟာ ကမ္ဘာမှာ ရင်ဆိုင်နေကြရသော စီးပွားရေးကပ်ဆိုးကြီး၏ ဒဏ်ကြောင့် ၂၀၀၈ ခုနှစ်တွေထက်ပိုမိုဆိုးရွား လာစေနိုင်တယ်လို့
ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ ( FAO) က သုံးသပ်ခန့်မှန်းပြောဆိုနေကြပါတယ်။ အထူသဖြင့်ဆင်းရဲသောနိုင်ငံတွေ၊ပြည်တွင်းစစ် ဖြစ်ပွားနေသော တိုင်းပြည်တွေ၊နှင့် ရာသီဥထုဆိုးရွားစွာ ခံစားနေရတဲ့တိုင်းပြည်တွေ မှာ ဆင်းရဲသော ပြည်သူတွေဟာ အစားအစာငတ်မွတ် ခေါင်းပေါင်းမှုဒဏ်တွေကို ဆက်လက်ရင်ဆိုင် ကြုံတွေ့ နေရအုန်းမှာ ဖြစ်ပါတယ်။ ဆင်းရဲပြီး၊ဖွံ့ဖြိုးမှုမရှိတဲ့ စစ်ကျွန်ပြုခံနေရတဲ့ မြန်မာနိုင်ငံမှာ လည်း ဆင်းရဲသား ပြည်သူတွေဟာဆင်းရဲမွဲတေမှု နှင့် အစားအစာငတ်မွတ် ခေါင်းပေါင်းမှုဒဏ်တွေကို ဆက်လက်ရင်ဆိုင်ကြုံတွေ့ရမှာပါ။ ၁၉၈၀ ခုနှစ် ပတ်ဝန်းကျင်မှာ ဆင်းရဲသား မြန်မာပြည်သူတချို့ ဟာ ဆန်ကွဲဆန်ပြုတ် စားနေကြရတာကို ကျွန်နော်တို့ မြင်တွေ့ခဲ့ကြရတယ်။ ၂၀၀၀ ခုနှစ် ပတ်ဝန်းကျင်မှာ ဆင်းရဲသား မြန်မာပြည်သူတချို့ ဟာ အမှိုက်ပုံက အစားအစာတွေကို ရှာဖွေစားနေရတယ် ဆိုတာ ကျွန်နော်တို့ မြင်တွေ့ခဲ့ ကြရတယ်။ ၂၀၁၀ မှာ မြန်မာပြည်သူတချို့ ဟာ ဘာတွေကို စားတာ မြင်ကြရမလဲ?။ စစ်ကျွန်ပြုနေတဲ့ စစ်အုပ်စုခေါင်းဆောင်တိုင်း ကတော့ အဖြေရှိကြတယ်။ မြန်မာနိုင်ငံမှာ ထမင်းငတ်လို့သေတယ်ဆိုတဲ့ မသာ မရှိဘူးလို့ဆိုကြတယ်။ ဒီနေရာမှာ သေတယ် မသေနိုင်ဘူး ဆိုတာထက်၊ လူတွေရဲ့ အဟာရချို့တဲ့ နေမှုဟာ နိုင်ငံတနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက် လာစေမှုကို ဘယ်လောက် ထိခိုက်လာနိုင်စေမလည်း ဆိုတာကို လေးလေး နက်နက် ထည့်သွင်းစဉ်းစားရပါလိမ့်မယ်။ လူတယောက်ဟာ အဟာရချို့တဲ့လာယင် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ဘယ်လောက်ထိခိုက်လာနိုင်စေသလည်းဆိုတဲ့အချက်ဘဲ။ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာချို့ယွင်းလာရင်၊ စဉ်းစားတွေးခေါ်မှု နဲ့ နေထိုင်ပြုမှု ခြင်း ဟာ နိမ့်ကျလာတယ်။ တိုင်းပြည် တပြည်မှာ လူတွေရဲ့ စဉ်းစားတွေးခေါ်မှုနှင့် နေထိုင်ပြုမှု နိမ့်ကျလာ ယင် တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှုဟာ နှေးကွေးပြီး ခေတ်နှောက်ပြန်ဆွဲကာ ပြည်သူတွေပိုမို ဆင်းရဲထိခိုက်နစ်နာရစေပါသည်ဆိုတဲ့အချက်ကို လေးလေး နက်နက် ထည့်သွင်း စဉ်းစားသင့်ပါကြောင်း တင်ပြရင်း-

မြန်မာပြည်သူများ ဆင်းရဲမွဲတေခြင်း နှင့် အစားအစာငတ်မွတ်ခြင်းမှ ကင်းဝေးကြပါစေ။

မြတ်စိုး


PDF အဖြစ်ကြည့်လိုလျှင်


FAO Report 2009

No comments :