Thursday 11 December 2008

နဂါးငွေ့တန်း ကြယ်စုမှာ တွင်းနက်ကို အတည်ပြု


ဒီနေ့ ဘီဘီစီအင်တာနက်စာမျက်နှာမှာ ထိပ်တန်းသတင်းတပုဒ်အဖြစ်ပါလာတာကတော့ မဟာအနန္တ ကြီးမားလှတဲ့ တွင်းနက်ကြီး ဟာ စင်္ကြ၀ဌာ နဂါးငွေ့တန်း ရဲ့အလယ်မှာ တွေ့ ရှိခဲ့တယ်လို့ သိပ္ပံပညာရှင်တွေက ထုတ်ဖေါ်လိုက်ခြင်းဖြစ်ပါတယ်။

ဒီကြေညာချက်ကိုထုတ်ပြန်လိုက်တာကတော့ ၁၆ နစ်ကြာသုတေသနပြုလုပ်ခဲ့တဲ့ဂျာမန်လူမျိုးသိပ္ပံညာရှင်တွေ ဖြစ်ပါတယ်။ ချီလီနိင်ငံမှာ တပ်ဆင်ထားတဲ့ အာကသကြည့် မှန်ပြောင်းကနေ ကြယ်၂၈လုံးလှည်ပတ်နေတဲ့ နဂါးငွေတန်းကြယ်စုကို သူတို့ စောင့်ကြည့်ခဲ့ကြတာဖြစ်ပါတယ်။ ခုတွေ့ ရှိတဲ့ တွင်းနက်ကြီးက ကမ္ဘာကနေ အလင်းနစ်၂၇၀၀၀ အကွာမှာရှိတယ်။ နေထက် အဆပေါင်း ၄သန်းနီးပါးမျှ ကြီးမားလှတယ်လို့ အာကာသတင်းဂျာနယ် ( Astrophysical Journal) ကဆိုပါတယ်။ တွင်းနက်မှာရှိတဲ့ ဆွဲအားဟာ ကြောက်မက်ဖွယ်ကောင်းလောက်အောင်ကြီးမားလွန်းလှတယ်။

အလင်းတောင်မှာလွတ်အောင်မရုမ်းနိင်ဘူးလို့ဆိုပါတယ်။ တော်ဝင်အာကာသုတေသနအသင်း က ဒေါက်တာ ရောဘတ် မက်ဆရီ ( Robert Massey) နဂါးငွေ့ တန်းကို ၀ိုင်းရံနေတဲ့ မဟာအန္တ တွင်းနက်ကြီးတွေ ၀ိုင်းရံနေတယ်လို့ဆိုတယ်။ သူက ဒီတွင်းနက်ကြီးတွေကို ပုလဲနက်လို့ အမည်ပေးခဲ့ပါတယ်။ တွင်းနက်ကြီးတွေ ဟာ အလွန်အန္တရယ်ကြီးမားလှတယ်လို့ သိထားကြပေမဲ့ သူတို့ဟာ ကျနော်တို့ ကမ္ဘာမြေနဲ့စင်္ကြ၀ဌာတည်ရှိ
ဖို့အတွက် ကူညီမှုတခုတော့လုပ်နေပုံရတယ်လို သူက
ဆိုပါတယ် ။




Rest of your post

No comments :