Friday, 5 December 2008

ကိုယ်ဝန်ဆောင်မိခင် များ သတိပြုဖွယ်


-ဒေါက်တာ ဖြူဖြူစိုး ( ကိုပင်ဟေဂင်) -

ကိုယ်ဝန် ၆လ မတိုင်မီ စိတ်ဆင်းရဲနေမှုက လမစေ့ပဲ ကလေးမွေးဖွား စေ တယ်လို့ သုတေသန တွေ့ရှိချက်များ ကဆိုပါတယ်။ ကိုယ်ဝန်ဆောင်မိခင် အနေနဲ့ အပြင်းအထန် ဖျားနာတာတို့၊ သေလုမျော်ပါး စိတ်ထောင်း ကိုယ်ကြေ ဒုက္ခမျိုး ရင်ဆိုင်ရတာဟာ ကလေးကို လမစေ့ပဲ မွေးဖွားစေပါတယ်။ ဆိုးဝါးတဲ့အခြေအနေက မိခင် သားအိမ် အတွင်း ဟိုမုန်း ကို သက်ရောက်မှု ရှိနေလို့ ဖြစ်တယ်လို့  မျိုးနွယ်ပြန့် ပွားရေး ဂျာနယ် က ထုတ်ပြန်ခဲ့ တာ ဖြစ်ပါတယ်။


ဒီလိုတွေ့ရှိချက်ကတော့ ဒိန်းမတ်နိင်ငံမှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင် လောင်း ၁.၃၅ သန်းကို အခြေခံပြီး သုတေသန ပြုထားတာဖြစ်ပါတယ်။

အသည်းသန်နာမကျမ်း ဖြစ်မှု နဲ့  အရင်ကလေး ကိုယ်ဝန် ၆ လမှာ ပျက်ကျမှုဖြစ်ခဲ့ပါက နောက်ကလေး ၃၇ ပတ်သား မှာ အန္တရယ် ရင်ဆိုင်ရမှု ၃၇ ရာခိုင်နှုန်း ရှိနေတယ်လို ဆို ပါတယ်။ ၃၃ ပတ်မှာတော့ ၅၉ရာခိုင်နှုန်းရှိနေတယ်လို့ ဆိုပါတယ်။ တကယ်လို ကိုယ်ဝန်ဆောင်စဉ် ၆ လအတွင်းမှာ မိမိ သို့မဟုတ် ခင်ပွန်းရဲ့ ဆွေမျိုးတွေထဲမှာ သေဆုံးမှုနဲ့ နာမကျန်းမှုတွေ ရှိနေရင်လည်း မမွေးမီ ၃၇ အပတ်အတွင်းကျရောက်နိင်တဲ့ အန္တရယ်က ၁၆ ရာခိုင် နှုန်း ရှိတယ်လို့ ဆိုတယ်။ တကယ်လို့ မိဘတွေထဲမှာ တဦးတယောက် ချို့ယွင်းနေတာ သို့မဟုတ် ပျောက်ဆုံးနေတာ၊ ဒါအပြင် ခင်ပွန်း က မရှိနေတာမျိုးမှာလည်း ကိုယ်ဝန် လမစေ့ပဲ မွေးစေနိင်ကြောင်း သုတေသနပြုချက်အရ ဆိုပါတယ်။ မိခင်အနေနဲ့ အရက်စွဲတာ ဆေး လိပ်စွဲတာ တွေလည်း ဖြစ်နိင်တယ်လို့  ပရောဖက်ဆာ ဖိလစ်ဘေကာ (Philip Baker) ဆိုပါတယ်။


No comments :