ပါရီ၊ ဒီဇင်ဘာ ၅ ရက်
ကျော်သိင်္ခ
လက်နက်ကိုင် ဓားပြတွေဟာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ ရဲ့ အကြီးဆုံးဖြစ်တဲ့ ကျောက်မျက်ရတနာဆိုင်ကနေ အမေရိကန် ဒေါ်လာ သန်း ၁၀၀ ကျော် တန်ဖိုးရှိတဲ့ ကျောက်မျက်ရတနာများကို ခိုးယူသွားတယ်လို့ ပဲရစ်မြို့က ရဲအရာရှိတစ်ဦးက ပြောပါတယ်။
ဓားပြ လေးယောက်အနက် နှစ်ယောက်ကတော့ အမျိုးသမီး ပုံသဏ္ဍာန်ရုပ်ဖျက်ထားပြီး Champs-Elysee နားက Harry Winston ရဲ့ ရတနာဆိုင်ထဲကို အတင်းဝင်ရောက်ကာ ရတနာပစ္စည်း အားလုံးနီးပါးကို ယူသွားပါတယ်။ ဓားပြတွေက ပြင်သစ်လိုလည်းပြောတယ်။ အခြားဘာသာစကားနဲ့လည်း ပြောပြီး သူတို့စကား ထဲမှာ ဆိုင်ထဲက ၀န်ထမ်းတွေရဲ့ နာမည်တွေကို သိနေတဲ့ပုံစံမျိုး ပြောတာကိုလည်း ကြားရတယ်လို့ ရဲက ပြောပါ တယ်။ အခု ဓားပြတိုက်ခံရတဲ့ ဆိုင်ဟာ လွန်ခဲ့တဲ့ ၁၄ လလောက်တုန်းကလည်း တစ်ခါ တိုက်ခံခဲ့ရပါတယ်။
အဲဒီတုန်းကတော့ လက်နက်ကိုင် ဓားပြတွေဟာ ယူရို ၁၀ သန်း (အမေရိကန်ဒေါ်လာ ၁၃ သန်း) တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ယူသွားပါတယ်။ အခုဖြစ်သွားတဲ့ ဓားပြမှုဟာ ပြင်သစ်နိုင်ငံမှာ ဖြစ်ခဲ့တဲ့ အကြီးဆုံး ဓားပြမှုတွေ ထဲက တစ်ခုဖြစ်တယ်လို့ ပဲရစ် အခြေစိုက် ဘီဘီစီ သတင်းထောက် Alasdair Sandford က ပြောပါတယ်။ ဓားပြတွေဝင်လာတဲ့အချိန်ဖြစ်တဲ့ လွန်ခဲ့တဲ့ ကြာသပတေးနေ့ နေ့လည်ပိုင်းက ဆိုင်ထဲမှာ ၀ယ်ယူသူ ၁၀ ယောက်နဲ့ ဆိုင်ဝန်ထမ်း ၁၅ ယောက် တို့ရှိခဲ့ကြပါတယ်။ဓားပြ လေးယောက်အနက် နှစ်ယောက်ကတော့ အမျိုးသမီး ပုံသဏ္ဍာန်ရုပ်ဖျက်ထားပြီး Champs-Elysee နားက Harry Winston ရဲ့ ရတနာဆိုင်ထဲကို အတင်းဝင်ရောက်ကာ ရတနာပစ္စည်း အားလုံးနီးပါးကို ယူသွားပါတယ်။ ဓားပြတွေက ပြင်သစ်လိုလည်းပြောတယ်။ အခြားဘာသာစကားနဲ့လည်း ပြောပြီး သူတို့စကား ထဲမှာ ဆိုင်ထဲက ၀န်ထမ်းတွေရဲ့ နာမည်တွေကို သိနေတဲ့ပုံစံမျိုး ပြောတာကိုလည်း ကြားရတယ်လို့ ရဲက ပြောပါ တယ်။ အခု ဓားပြတိုက်ခံရတဲ့ ဆိုင်ဟာ လွန်ခဲ့တဲ့ ၁၄ လလောက်တုန်းကလည်း တစ်ခါ တိုက်ခံခဲ့ရပါတယ်။
ဓားပြတွေကဆိုင်ထဲကိုဝင်လာတဲ့အချိန်မှာဆိုင်ဝန်ထမ်းအချို့ရဲ့နာမည်တွေကိုထုတ်ဖော်ပြောဆိုနေခဲ့ကြပြီးအပြင်မှာခင်းကျင်းမထားဘဲ၊ သိမ်းထားတဲ့ ရတနာပစ္စည်းတွေရဲ့နေရာတွေကိုပါ သိနေတယ်လို့ ရဲက ပြောပါတယ်။
ဓားပြတွေက သေနတ်တွေကို လက်ထဲမှာ ဝှေ့ယမ်းပြီးတော့၊ ဆိုင်ဝန်ထမ်းတွေရဲ့ အနားမှာ ကြမ်းကြမ်းတမ်းတမ်း လုပ်နေခဲ့ပါတယ်။ ဓားပြတွေက ရတနာတွေထည့်ထားတဲ့ ဗန်းတွေအကုန်လုံးကို မှောက်ချပြီး၊ ဆိုင်ထဲမှာ ရောင်းဖို့ဘာမှ မကျန်တော့လောက်အောင်ကို ယူသွားတယ်လို့ဆိုပါတယ်။ ဆိုင်ဝန်ထမ်းတစ်ချို့လည်း ထိခိုက်မှုတော့ရှိ သွားတယ်လို့ သိရပါတယ်။
Harry Winston ကျောက်မျက်ရတနာ အရောင်းပြခန်းဟာ Avenue Montaigne ရှိပြီး၊ မင်းမျိုးမင်းနွယ်၊ တော်ဝင်လူတန်းစားက အစ ရုပ်ရှင်သရုပ်တွေအဆုံး တစ်ကမ္ဘာလုံးက လူချမ်းသာတွေကို ဆွဲဆောင်တဲ့ နေရာတစ်နေရာ ဖြစ်ပါတယ်။ အဆိုပါကျောက်မျက်ရတနာ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ “ကျနော်တို့အနေနဲ့ သက်ဆိုင်ရာနဲ့ ပူးပေါင်းပြီး စုံးစမ်းစစ်ဆေးမှုတွေလုပ်နေပါတယ်။ အရေးကြီးဆုံးကတော့ ကျနော်တို့ရဲ့ ဆိုင်ဝန်ထမ်းတွေ ဘာမှမဖြစ်ဖို့ကိုပဲ ဦးစားပေးဆောင်ရွက်ရမှာပါ” လို့ ဖော်ပြထားပါတယ်။
Rest of your post
No comments :
Post a Comment