Saturday, 6 December 2008

ဆက်ရန် ရှိသေးသည်


Regular Rhymes




-ကိုသိန်း-

ဒီနေ့ ကိုမိုးသီးဘလော့ဂ်မှာ ဖတ်လိုက်ရတဲ့ "ဗမာစာသည် ဒို့စာ၊ ဗမာစကားသည်ဒို့စကား" ဆိုတဲ့ ဆောင်းပါးလေးကို ဖတ်လိုက်ရတာ ကျနော့်ရင်ထဲမှာ ဗမာစာနဲ့ ပက်သက်ပြီးခံစားမှု အမျိုးမျိုး ဖြစ်သွားတယ်။ တစ်ခုက ဗမာစာပေ ကွယ်ပျောက်သွားမှာ စိုးတယ်။ မလေးရှားမှာလည်း ဗမာလူမျိုး ခြောက်သိန်းကျော်ရှိတယ်။ ဒါပေမယ့် မလေးရှားမှာရှိတဲ့ ဗမာလူမျိုးတွေရဲ့ ဗမာစာအရည်အသွေးက တော်တော်ကိုဆိုးတယ်။ ထိုင်းမှာရှိတဲ့ ဗမာတွေထက်ကိုဆိုးတာ။ ကျနော်လည်း ဗမာစာ သိပ်ပြီး တတ်ကျွမ်းတဲ့အထဲမှာတော့ မပါပါဘူး။ မလေးရှားမှာ ဘာလို့ အဲဒီလိုဖြစ်ရလဲလို့ကြည့်လိုက်တော့ မလေးရှားမှာ ဗမာလူမျိုး တော်တော်များများက အလုပ်လာလုပ်ကြတာဆိုတော့ စာဖတ်ဖို့ကို စိတ်မ၀င်စားကြဘူး။ နောက်ပြီး ဗမာစာသင်ကျောင်းနဲ့ ဗမာဆရာတွေသင်တဲ့အင်္ဂလိပ်စာသင်ကျောင်းလိုမျိုး မရှိဘူး။

ထိုင်းလိုမျိုးနေရာမှာဆိုရင် ဘန်ကောက် Sky train ဘူတာတစ်ခုဖြစ်တဲ့ ရာချက်သီဝီ ဘူတာမှာ ဗမာကျောင်းလေး တစ်ကျောင်းရှိတယ်။ စာကြည့်တိုက်လည်း လုပ်ထားတယ်။ ဗမာကျောင်းသားတွေရော၊ ဗမာအလုပ်သမားတွေပါ ကိုယ်ရတဲ့ အချိန်လေးကို ချစ်ကုတ်ပြီး အဲဒီမှာသွားပြီး စာသင်ယူကြတယ်။ ဒါကိုမြင်ရတော့ စိတ်ထဲမှာပီတိတော့ ဖြစ်တယ်။

နောက်ပြီးထိုင်းနိုင်ငံမှာဆို အင်္ဂလိပ် စကားက အဓိက မကျဘဲ ထိုင်းစကားက အဓိကကျတယ်။ ထိုင်းလူမျိုတွေနဲ့ ထိုင်းအစိုးရက သူတို့ဘာသာစကားကို တလေးတစားနဲ့ သူများ (နိုင်ငံခြားသား) တွေ လေ့လာချင်လာအောင်ကို လုပ်ထားတာ။ ထိုင်းမှာအနည်းဆုံး ၃၊ ၄ နှစ်လောက် နေတဲ့နိုင်ငံခြားသားတွေဆို ထိုင်းစကားကို ကောင်းကောင်းတတ်နေကြပြီ။

ကျနော် ဘုရားသုံးဆူနယ်စပ် (ထိုင်းဘက်ခြမ်း) က NGO တစ်ခုမှာ အလုပ်လုပ်ခဲ့တယ်။ အဲဒီ NGO က ဗမာအပါအ၀င် တိုင်းရင်းသား မိဘမဲ့ကလေး အယောက် ၁၀၀ ကျော်ကို စောင့်ရှောက်ထားတယ်။ NGO က အီတလီကပါ။ ကျနော်အဲဒီမှာ အလုပ်လုပ်တော့ စိတ်မကောင်းစရာတစ်ခု သွားတွေ့တယ်။ အဲဒီ မှာနေတဲ့ မိဘမဲ့ကလေးတွေ အကုန်လုံးက ကျနော်တို့ နိုင်ငံကနေလာတာ။ ဒါပေမယ့် မှတ်မှတ်ရရ ကလေးအယောက် ၁၁၀ မှာ လေး၊ ငါး ယောက်လောက်ပဲ ဗမာလိုပြောတတ်တယ်။ ဒါတောင် ကောင်းကောင်းမတတ်ဘူး။ ကျနော့်မှာ သူတို့နဲ့ စကားပြောရင် ထိုင်းလိုလေးမတတ်တခေါက် တတ်တော့ ထိုင်းလိုကြားညှပ်ပြီးပြောရတယ်။ ဗမာလို မတတ်တဲ့ ကလေးတွေကိုကျတော့ ကလေးနားလည်နိုင်မယ့် အင်္ဂလိပ်စကားလုံး လေးတွေထည့်ပြီးပြောရတယ်။ တစ်ချို့နေရာမှာ သူတို့ နားမလည်ရင်တော့ ထိုင်းလို ညှပ်ပြောရတာပေါ့။ ဒီကလေးတွေမှာ နိုင်ငံလည်းပျောက်၊ ဘာသာလည်းပျောက်၊ ဘာသာစကားလည်းပျောက်နေတယ်။ တစ်ကယ်ကို ရင်နာဖို့ကောင်းတယ်။

နောက်ပြီး အင်တာနက်သုံးတဲ့ သူတွေကို ကိုမိုးသီးပြောတာကို ကျနော်သဘောကျတယ်။ ဘာလို့လဲဆိုတော့ ကျနော် က burlish ကို အရမ်းမုန်းတာ။ လိုင်းပေါ်မှာ တစ်ယောက်ယောက် burglish နဲ့ ရိုက်ရင် ကျနော်က ပြောတယ်။ အင်္ဂလိပ်စာကို မရေးတတ်လို့၊ အင်္ဂလိပ် သဒ္ဒါမတတ်လို့ အင်္ဂလိပ်လို မရေးတတ်တာကို လက်ခံလို့ရတယ်။ စက်တင်ဘာ အရေးအခင်း နောက်ပိုင်းမှာ ဇော်ဂျီ စကားလုံးက တော်တော်ကို ခေတ်စားလာခဲ့တယ်။ အဲဒီကစ လို့ ကျနော်တို့တွေ Gtalk မှာ၊ ဒါမှမဟုတ် ဂျီမေးလ် မှာ အပြန်အလှန် ဆက်သွယ်ကြရင် ဇော်ဂျီစကားလုံးကို သုံးပြီးဆက်သွယ်ကြတယ်။ ဒါကြောင့် အင်္ဂလိပ်လို မရေးတတ်ရင်တောင် ဗမာစာရိုက်စနစ်နဲ့ အင်တာနက်သုံးတဲ့ခေတ် (တနည်းအားဖြင့် ဇော်ဂျီခေတ်မှာ) ဗမာစာလေးမှ ရိုက်ပြီး အပြန်အလှန် ဆက်သွယ်ရေးမလုပ်တတ်ကြရင်၊ အင်တာနက်သုံးတတ်ရုံနဲ့ ခေတ်မမှီသေးဘူးလို့ဘဲ ကျနော် ပြောချင်တယ်။ ကျနော်လည်း ကွန်ပြူတာ ကျွမ်းကျင်အဆင့်မဟုတ်ပါဘူး။

အဲဒီ အကြောင်းလေးနဲ့ ပက်သက်ပြီး ကျနော် ကိုမိုးသီး ဘလော့ဂ်ပေါ်မှာ ဆောင်းပါးတစ်ပုဒ်ရေးချင်တယ်။ ဗမာစာ၊ ဗမာစကား နဲ့ ပက်သက်တဲ့ ခေါင်းစဉ်လေးပေါ့။

-လေးစားလျှက်-

ကိုသိန်း



Rest of your post

No comments :