Saturday, 20 December 2008

တရုပ် က တိုင်ဝမ်ကို ကူညီဖို့ ကမ်းလှမ်း




တရုပ် အစိုးရက တိုင်ဝမ်ကို ဟိန်းဟောက်ခြိမ်းခြောက်နေပေမဲ့ အရေးကြီးတော့လည်း သွေးနီး ကြောင်းပြသ ပါတယ်။ ကမ္ဘာ့ စီးပွားရေး ပျက်ကပ်ဖြစ်နေတဲ့အတွက် တရုပ်အစိုးရက တိုင်းဝမ် က အကူညီတောင်း လာရင် ပေးဖို့ အဆင်သင့်ပဲလို့ ကမ်းလှမ်း လိုက်ပါတယ်။ နအဖနဲ့ တော့တခြားစီပါပဲ။ တရုပ်ပြည်နဲ့ တိုင်ဝမ် နိင်ငံဟာ စီးပွားရေးအရ နီးကပ်တဲ့ ဆက်ဆံမှုတွေ အရင်ကထည်းကရှိခဲ့ပါတယ်။ တရုပ်ရဲ့ စီးပွားရေး တိုးတက်မှုက ပြီးခဲ့ တဲ့လတွေကစပြီးနှေးကွေးသွားပါတယ်။ အလားတူပဲ တောင်ကိုရီးယား နဲ့ ဟောင်ကောင် ကိုလည်း ကူညီ ဖို့ ကမ်းလှမ်း လိုက်ပါသေးတယ်။ မြန်မာပြည်က ဘ၀ဓါတ်ငွေ့ နဲ့ သစ်တော ပစ္စည်းတွေတွေကိုတရုပ်အစိုးရက ရပေမဲ့ မြန်မာပြည်ကို စီးပွားရေးအရကူညီပေးဖို့မကမ်းလှမ်းသေးပါဘူး။ တိုင်ဝမ် နိင်ငံအနေနဲ့  တရုပ်ပြည်မှာ ဒေါ်လာ ဘီလီယံနဲ့ ချီတဲ့အကူညီတွေရင်းနှီးမြုပ်နှံထားပါတယ်။ သူတို့ နစ်နိင်ငံအနေနဲ့ စီးပွားရေးအရ ဆက်ဆံမှု တွေ တိုးမြင့်နေတဲ့ အချိန်မှာပဲ နိင်ငံရေးသမားများ၊ ပညာရှင်များနဲ့ စီးပွားရေးသမားများအချင်းချင်း တွေ့ဆုံ နှီးနှော် ဖလှယ်ပွဲ တွေပြုလုပ် နေကြခြင်းကို နှစ်နိင်ငံအစိုးရတွေကတလျောက်လုံးအားပေးခဲ့ကြပါတယ်။

ဒါအပြင်ကွက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေကလည်း တဟုန်ထိုး တိုးမြင့်လာပါတယ်။ တိုင်ဝမ်လူမျိုးတွေ တရုပ်ပြည်မကြီးကို သွားရောက်လှည်ပတ်မှုတွေကိုလျင်မြန်အောင်လုပ်ဆောင်ပေးတဲ့အတွက် တိုင်ဝမ် က တရုပ်အစိုးရကို ၀မ်သားကြောင်း ပြောဆို လိုက်ပါသေးတယ်။



1 comment :

Anonymous said...

သတင်းလေးတွေအမြဲစောင့်ဖတ်နေပါတယ်ခင်မျာ။