Wednesday, 3 December 2008

ဝေဒနာရှင်များမှာဂျိုမပါ

အိအိခင်( လယ်ဝေး)

ကမ္ဘာ့အနံ့ အပြားမှာ ကိုယ်ခံစွမ်းအားကျဆင်း ရောဂါ ( AIDS)
ကိုကာကွယ်တားဆီးတိုက်ဖျက်နေတယ်။ရောဂါမဖြစ်ရေးဦးစားပေးခေတ်ကြီးမှာပညာပေးတွေရောဂါသည်
အတွက်စောင့်ရှောက်မှုစွမ်းနိုင်သလောက်ကုသနေရမှုအစုစုကိုဆေးပညာရှင်တွေရောစေတနာရှင်အမြောက်
အများကပါကြိုးစာလုပ်ဆောင်နေကြပင်ငြားသော်လည်းကျမတို့မြန်မာပြည်ရဲ့AIDSရောဂါသည်အမြောက်အမျာ
းတိုးပွါးနေရတဲ့အဓိကအကြောင်းတရားကိုကျမတစိတ်တဒေသပြောပြချင်ပါတယ်။
အလှပဂေးတွေကိုခနငေးပြီး
ဆန္ဒအလိုဖက်ရပ်လိုက်ရုံနဲအမျိုးသားတွေရဲ့ဘ၀လူဖြစ်ရှုံးရမယ်
ဆိုတာကိုသာယာဝတီထောင်ထဲမှာရောဂါသည်
များနဲ့ထင်ထင်ရှားရှားမြင်တွေ့ခဲ့ရပုံကဒီလို
ပါ၁၉၉၉အတွင်းမှာမြန်မာပြည်ရဲ့ဟိုတယ်ကြီးတစ်ခုအတွင်းမှာပြည့်တန
်ဆာတွေ အစုလိုက်
အပြုံလိုက်မိတဲ့သတင်းကြားဖူးကြမှာပါ။





မြန်မာအမျိုးသမီးလေးတွေရဲ့ဘ၀စနစ်ဆိုးအောက်ကအမှောင်ညတွေမှာအသွေးအသားတွေလည်းကြေမွခဲ့ကြရတဲ့အပြင်ထောင်နန်းပါစံကြရတဲ့အဖြစ်ကရင်နင့်စရာကောင်းလှပါတယ်။ပိုပြီးလူသိများခဲ့ရတာကတော့ အဲဒီ့ပြည့်တန်ဆာတွေရဲ့ဂေါင်း ဦးတင်နွယ် ကိစ္စ ပါပဲ။ သူပိုင်ဆိုင်တဲ့ အလုပ်ခန်း လို့ ခေါ်တဲ့ ဟော်တယ်မှာ ဗိုလ်ချုပ်ခင်ညွန့်နဲ့သူလက်ဆွဲနုတ်ဆက်နေတဲ့ဓါတ်ပုံကြီးကိုချိတ်ထားပြီးခေါင်းလုပ်စားနေလေတော့ကောင်မလေးတွေဆီကလာ
တဲ့ဘဘ ထောက်တို့  ကိုကို ထောက်တို့ ခမျာအမျက်ထွက်ပါလေရော။

ခေတ်ကိုကအလှူငွေသိန်းရာချီပေးပြိးရင်ဘယ်ဗိုလ်ချုပ်နဲ အဆိုဓါတ်ပုံ တွဲရိုက်လို ရတဲ့ ခေတ်ပေကိုး။တင်နွယ်တို့ ကောင်းကောင်း အသုံးချတော့တာပေါ့ ထောက်လှမ်းရေးတွေ စနစ်တ ကျ စီစဉ်ပြီး ၀ိုင်းဖမ်းလိုက်တယ်။ ဖါခေါင်းတင်နွယ် က ထောင်ဒဏ် အနစ် အစိတ် ၊ ပြည်တန့်  ဆာ ၁၈ ယောက်ကတော့ ထောင် ၃ နစ်စီ ထောင်ကျသွားပါတယ်။ ကောင်းမလေးတယောက် က အသက်မပြည့် တော့ ငှက်အော်စန်းကို ရောက်သွား
တယ်။

ဂေါင်းတင်နွယ်နဲ့ကျန်၁၇ယောက်ကတော့အင်းစိန်ထောင်မှတဆင့်သာယာဝတီထောင်ကိုရောက်လာကြပါတယ်။ ထိုမှ သာယာဝတီထောင်မှာ ၁၇ နှစ်ယောက် အုပ်စုလို့ ထင်ရှားလှတဲ့ ပြည့်တန်ဆာတစ်ချို့ ရဲ့ဘ၀တစ်ပိုင်း
တစ်ဝကျမသိခဲ့ရပါတယ်။ ကျမတို့ ကနိုင်ငံရေးအကျဉ်းသူတွေဆိုတော့ ဒီကလေးမတွေကကျမတို့ အပေါ်စိတ် ၀င်စားမှုရှိကြတယ်။

ဝါဒါထောင်မှုးတွေ လစ်ရင်လစ်သလိုကျမတို့ ရဲ့တော်လှန်ရေး အကြောင်းကို သူတို့ ကိုပြောပြတယ်။သူတို့ ရဲ့ ဘ၀ကိုကျမသိချင်တာတွေ အင်တာဗျူးလုပ်ဖြစ်တယ်။ သူတို့ ဘာ့ကြောင့်အခြားပြည့်တန်ဆာတွေ နဲ့မတူပဲ ထောင် (၃) နှစ် ကျသလဲ၊ အခြားပြည့် တန်ဆာတွေဆိုညစ်ပတ်ပေနေတယ်။ အရည်တစိုစိုဝဲတကုတ်ကုတ်နဲ ၊ သူတို့ တွေကျတော့ ၀င်းမွတ်နေတဲ့အလှတွေတည်ကြည်သန့်ရှင်းတဲ့မူဟန်တွေတည်တည်ငြိမ်ငြိမ်နေထိုင်သွား
လာမှုတွေနဲ့ ပြည့်တန်ဆာများမှာတောင် တော်တော့်ကိုကွာခြားတဲ့ အဆင့် တွေပါ။


ပြည့်တန်ဆာတွေရန်ကုန်မန္တလေးနဲ့စတဲ့မြို့ကြီးကဟော်တယ်တွေမှာအပြည့်အကြပ်။တရားဝင်လိုင်စင်ကိုင်ထားရတဲ့ပုံစံမျိုး၊ ငွေကြေးချမ်းသာတဲ့ဂေါင်းအကြီးစားတွေက လိုင်း ကြေးများများပေးပြီးတရားဝင်အလုပ်ခန် ထားသလိုလုပ်စားနေကြတာပါထောင်ထဲ ရောက် လာတဲ့ပြည့်တန်ဆာအများစုကတော့(တာတီးဒီ)လို့ ခေါ်တဲ့မှောင်ရိပ်ခိုတွေပါ။ကြေးကြီးကြီးနဲ့လုပ်စားနေသူကျတော့နယ်မြေခံထောက်လှန်းရေးနယ်ထိမ်းတွေကိုလိုင်းကြေး
ပေးထားရင်အဖမ်းမခံရဖူး။့ ဂေါင်းတင်နွယ်ကကျားမြှီးကိုမှသွားစွဲမိ တယ်။ အမြင့်ဆုံးတစ်နှစ်သာကျတက်တဲ့ ပြည့်တန်ဆာပုဒ်မကနေ သုံးနှစ် အကျခံရတာပါ ဗိုလ်ချုပ်ခင်ညွန့် ရဲ့  ဒေါသက ဂေါင်းတင်နွယ် ကို ထောင်ဒဏ်အစိတ်ကျသွားစေတယ်။

နှဏ် အစိတ် ကျပါပေါ့လားအဲဒီ့ထဲကတစ်ဦးချင်းစီရဲ့ဘ၀ကျမမှတ်မိသလောက်ပြောရရင် ဇာခြည်ဆိုတဲ့ ၁၉ နှစ်အရွယ်ကုလားမချောချောလေးကသူမသာကေတသူဖြစ်ကြောင်းအဖေအမေဆင်းရဲတဲ့ကြားက ဦးလေးကဆေးသမားဖြစ်လို့ မိသားစုဘ၀စားစရာမဲ့ရာကနေသူမ ၁၅နှစ်အရွယ်မှာ အိမ်ဘေးကမိန်မတစ်ယောက်ရဲ့ဆက်သွယ်ပေးမှုကြောင့် အသက်(၆၀)ကျော်အဖိုးကြီးနဲ့ (ကန်တော့ပါရဲ့) ပထမဆုံးအပျုရည်ဘ၀အဖျက်ခံပေးရာကဒီလောကကြီးထဲရောက်လာခြင်းဖြစ်ပြီးယနေ့ ထိမိဘကိုလုပ်ကျွေးနေရသလို မိခင်ဖြစ်သူကလည်းထောင်ဝင်စာမှန်မှန်လာတွေ့ နေတာ ကျမကြားနေရပါတယ်ကြေကွဲစရာကောင်းတာက ကလေးမလေး အကြိမ်ကြိမ် ညနေညနေ ဖျားရာကနေ ၀မ်းလည်းမတရားသွားတာကြောင့် သွေးစစ်ရာ HIV (Positive)ဆိုတာသူကိုယ်တိုင်ခင်မျာလည်းသိသွားပါတယ်
တနေ့ မှာကျမနဲ့ စကားပြောရာက သမီးဇာခြည် ပြန်လွတ်ရင်ပြည့်တန်ဆာပြန်မလုပ်ပါနဲ့ လား
ကန်ဇွန်းရွက်ပဲရောင်းရရောင်းရကောင်းရောင်းကောင်းဝယ်နဲ့ ဘ၀ကိုရပ်တည်ပါလားဆိုတော့ ကလေးမခမျာ ဟီး ကနဲ ငိုချလိုက်ပြီး မကြီးတို့ ရယ် မကြီးတို့ ကတိုင်းပြည်အတွက်ဆိုပြီးထောင်ထဲရောက်လာတယ်ထောင်ဝင်စာရှိရှိမရှိမရှိ လူတွေကအရမ်းအထင်ကြီးပြီးအရမ်းလေးစားကြတာ သမီးတို့ ဆို ဟိုလူဆဲ ဒီလူဆဲနဲ့ ဒီလို အခြေအနေရှိတဲ့ သမီးတို့ ဘ၀ကို မကြီး အခု လိုပြောတာကျေးဇူးတင်ပါတယ်။

ဒါပေမဲ့သမီးတို့ ဘ၀ကသေမဲ့ အတူတူမထူးတော့ပါဘူး။ဒီရော့ကြီးက လူးလောကမှဘြယ်လောက်နေရတော့မှာမို့ လို့ လဲမသေခင်အမေနဲ့ ညီမလေးတွေအတွက်ပိုက်ဆံ ပုံပေးခဲ့ချင်တယ် နောက်ပြီးသမီးရဲ့ ၁၀ တန်းပညာလောက်နဲ့ ဒီအလုပ်ထက် ထမင်းနပ်မှန်တဲ့ အလုပ်မရှိဘူးမကြီး ။

သမီးတို့ ဘ၀ကိုနားလည်ပေးပါတဲ့ဒါနဲ့ ကျမက သမီးတို့ နဲ့ ဆက်ဆံမဲ့ယောင်္ကျားတွေမှာသားမယားတွေရှိရင်သူတို့ မိသားစုတွေရဲ့ဘ၀ ကိုသမီးကြည့်သင့်တယ်ဆိုတော့ မကြီးရယ်သမီးHIVမရှိခင်အဲဒီ့အလုပ်ကို သမီးလုပ်စကတည်းက သမီးကိုခေါ်တဲ့ကောင်တွေကို သမီးက ကွန်ဒုံစွပ် ဖို့ ပြောပါတယ်အချို့ က လုံးဝမစွပ်သလိုအချို့ ကဆက်ဆံရင်းချွတ်ပစ်ကြတယ်အဲဒီ့တုန်းကသမီးလာ်းသူတို့ ဆီကကူးမှစြိုးလို့ ပေါ့သူတို့ မဆင်ချင်တာ သူတို့ ခံပါလေ့စေ မကြီး ရေ သမီးတို့ ကတော့ ပိုက်ဆံ တစ်မျက်နှာပဲကြည့်ရတော့ တာပေါ့ တဲ့အဲဒီ့မိန်ကလေးဟာကုလားကားတွေထဲကဇာတ်လိုက်မင်းသမီးလေးတွေထက်အလှပိုပြီးကိုယ်လုံးလေးသေးသေးသွယ်သွယ်နဲ့ လေ ပြီးတော့ သူပိုင်ဆိုင်တဲ့ စည်းကမ်းကြီးတယ်လို့ သူပြောပြတဲ့ သူ့ ဘာသာတရားကို သူများတွေဆော်ကားမှာဆိုးလို့ 
အလုပ်ခန်း လို့ ခေါ်တဲ့ နေရာဥါားရင် ဘယ်လိုလူမျိုးကမေးမေး သူ့ ဘာသာ ကိုသာမပြောပြဘူးတဲ့လေ။ဖြူဖွေးဝင်းမွတ်နေတဲ့မျက်လုံးရွဲကြီးတွေ နဲ့ လှပနေတဲ့ဇာခြည်လေးခုချိန်မှာဘယ်လိုရှိမလဲ စဉ်းစားကြည့်နိုင်သလိုဒုတိယတစ်ယောက်ကတော့ လမင်းတဲ့ နာမည်နဲ့လိုက်အောင် မျက်နှာ ၀ိုင်းဝိုင်းလေးရယ်ပါ .ဗမာမိန်းကလေးရုပ်ရည်ပါသိပ်စကားမပြောပေမဲ့သူမအကြောင်းအကျဉ်းကျတွေကြားမှာရေပန်းစားနေတာကတော့ သူတို့ ရဲ့ဂေါင်းကြီးဖြစ်တဲ့ ဦးတင်နွယ်ဆီအပ်ထားတဲ့ရွှေတစ်ဆယ်သားကျော်ရှိရက်နဲ့ ထောင်ထဲမှငြတ်နေတယ်ဆို တာပါပဲ။ကျမစဉ်းစားမိတယ်ဒီလောက်ရွှေဆုမိမှတော့အရင်းအနှီးကောင်းကောင်းရပြီပဲကောင်းကောင်းမွန်မွန်ဘ၀ကိုရပ်တည်သင့်ပြီပေါ့ဒါပေမဲ့လွယ်လွယ် နဲ့ရတယ်လို့  သူမတို့ ပြောလေ့ရှိတဲ့အလုပ်ဟာမိန်းမကောင်းတွေအတွက်တော့မလွယ်ရေးချမလွယ်ပါလားလို့  တွေးမိပါတယလမင်းရဲ့ပုံစံကတော့လောဘကြီးဟန်တူပါတယ်သူလည်းရုပ်ဆိုးတဲ့ထဲမှမြပါဘူးဆွဲဆောင်အားတစ်ခုခုတော့သူ့ မှာရှိသလိုပဲတစ်နေ့ တော့သတင်းဆိုးကြီးတစ်ခုကြားလိုက်ပါတယ်(၁) ဆောင်မှနြေတဲ့ လမင်းရယ် တစ်ကိုယ်လုံးရေရုံတွေပေါက်လာပြီးအဖျားဒကြီးလို့ တဲ့လေ သူတို့  ၁၇ ယောက်အုပ်စုကပြည့်တန်ဆာတွေဖြစ်ပေမဲ့ဘ၀တူခြင်းမို့ ဖြစ်ဟန်တူတယ် လမင်းဆီဝိုင်းအုံပြီးမေးကြပြုစုကြနဲ့ သိပ်မကြာဘူးသွေးစစ်အဖြေထွက်လာတာHIV (Positive)ပဲတဲ့လေလမင်းကိုယ်ပေါ်ကအနာတွေပြန်ခြောက်သွားပြီးနည်းနည်းသက်သာတေ့ထူထူထောင်ထောင်ဖြစ်လာပြီးသူ ကြို မပေါ့ ဆဖို့ နဲ့ အဟာရများများမှီဝဲဖို့ အားပေးကြတဲ့သူတွေကို သူမ ဘာပြန်ပြောသလဲဆိုတော့ကျမသိပ်မဆိုးရိမ်ပါဘူး အပြင်ရောက်မှကျမရှိတဲ့ေ၇ွှတွေနဲ့ ဒီရောဂါ ကိုကုမယ်ပြီးရင်ဒီအလုပ်နဲ့ ငွေဆက်ရှာနိုင်တာပဲတဲ့လေ။တတိယတစ်ယောက်ကစစ်တွေက မိုးမိုးတဲ့ စကားဝဲ၀ဲ နဲ့ စကားပြောရင် ယဉ်ကျေးလိုက်တာ အရပ်မြင်မြင့်ဆံပင်ဒကောက်ကွေးအထိရှည်ပြီးမဲမှောင်နေတဲ့ ဆံပင်တွေနဲ့ ဘယ်ယောင်္ကျားကမှ
Prostitudeလို့ ထင်မှာလဲ ထက်ထက်မိုးဦး တို့ ထက် လှတယ်လို့ ပြောလို့ ရတယ်လေ
သူကတော့မိန်းမအင်္ဂါကနေ Sing ပြပြီးHIVဆိုတာသိတာပေါ့။အရမ်းစိတ်ပျော့တော့အားငယ်ကြေကွဲနေတယ်။စကားဝဲ၀ဲနဲ့ ငိုရင်အမေအဖေအတွက်ပဲတဲ့လေ။ ကျမဘာလုပ်ပေးရမလဲ။သနားပေမဲ့ နိုင်ငံရေးအကျဉ်းသူနဲ့ ရာဇ၀တ်သူကြားထဲမှာခြားနားထားတဲ့စည်းက ကျမတို့ နဲ့ခိုးဆက်သွယ်စကားပြောတာသိရင် ပါးအရိုက်ခံရတဲ့ဘ၀ဆိုတော့ပြုစုချင်ပေမဲ့ဝေးဝေးကပဲ မုန့် လေးပေးဟင်းလေးပေးနဲ့ ဖြေသိမ့် ပေးခဲ့ရတယ်ပေါ့။။့ 

စတုထ္ထတစ်ယောက်ကတော့မနက်ဖန်လွတ်မှာကိုးဒီနေ့ ညမှာပဲ
အသေထွက်ထွက်သွားရတယ်လေAIDS ကသူ့ ကိုလောကကြီး ထဲကအပြီးဆွဲထုတ်သွားတယ်လေ။နာမည်ကနော်ဖေါ့တဲ့။ကရင်ပြည်နယ်ရွာတစ်ရွာကကျေးရွာသူလေးပါ။တက္ကသိုလ်ပထမနှစ်လည်းတက်နေဆဲပဲပေါ့။စာသင်စရိတ်မရှိလို့ အဆိတ်သီးစားပြီးစာသင်တာအသက်ရှင်စရာအကြောင်းပါမဲ့ခဲ့ရတယ်လေ။နော်ဖေါ့ အလှကတော့ရိုးသားတဲ့ကရင်မလေးရဲ့သာမာန်အလှပါပဲ။ မျက်နှာမှာဘာမှပြင်မထားလဲ ပအို့ နီရဲလေးနဲ့လေ သူမကတော့ သာယာဝတီထောင်မှာပဲ ခေါင်းချခဲ့ရရှာတယ်
HIV အပြင်းဖျားရာကနေ AIDS နဲ့သေဆုံးသွား၇ရှာတယ်အဲဒီလိုထင်ထင်၇ှာရှား HIVများကိုတောင် ထောင်က သီးသန့် ခွဲထားခြင်း အဟာရပြည့်ဝအောင်ထောက်ပံ့ပေးခြင်း ဘာဆိုဘာမှမ၇ှိပဲ HIV မ၇ှိနိုင်တဲ့ရာဇ၀တ်အကျဉ်းသားတွေနဲ့ တစ်ဆောင်တည်းရောထားသလိုနေမကောင်းလို့ များ ညဖက်တစ်ဦးဥိးက ဆေးမှုးအကြောင်းကြားရင် တံခါးမဖွင့် ပဲ ထောင်သံတိုင်တွေကြားကဖင်တစောင်းလှန်ပေးရပြီးဆေးထိုးသွားပါလေရော အကယ်၍များနေမကောင်းသူ နှစ်ဦး သုံးဦး ကဆေးမှုးခေါ်ချိန်တစ်ချိန်တည်းဆိုရင် အဲဒီ့ အပ်တစ်ချောင်းတည်းနဲ့ ဆက်တိုက် ထိုးသွားပါလေရော---ဆိုတာ ရာဇ၀တ်အကျဉ်းသားတွေပြောပြလို့ ကျမသိခဲ့ရတာ အင်မတန်မှ ထိပ်လန့် စရာပါ ပဲ ရှင်
HIV မ၇ှိပါဘူးလို့ ကိုယ်ကိုယ်ကိုယ်မော်နေတဲ့ ၁၇ ယောက် ထဲကတစ်ချို့  ဆို တရားဝင်ယောင်္ကျား၇ှိသူလည်း၇ှိနေတယ်။မီကိုဆိုတဲ့မိန်းကလေးဆို တရုတ် ကပြားမလေးရည်းစား နဲ့ lovetogether နေပြီးရည်းစားကိုရွှေဘုံပေါ်ထားချင်လို့ ပြည့်တန်ဆာလုပ်စားနေတာတဲ့ ရည်းစားကိုထောက်ပံ့ရတာ အားမရသေးဘူးဆိုပဲ ညီမလုပ်စားတာ ရည်းစားကသိလားဆိုတော့ သိတယ်ခွင့် လွတ်တယ်တဲ့အဲဒီ့လိုယုတ်မာတဲ့ယောင်္ကျားကလည်း၇ှိသေးတယ် ဒါပေမဲ့ ဒီကောင်လည်း HIV နဲ့ ညားသွားမှာသေချာပါတယ် ။တစ်ချို့ ကျတော့ သနားစရာပါ ။ မစန္ဒာ တဲ့ သူ့ ကိုယ်သူ နုအောင်ပြင်ဆင်ထားပေမဲ့ အသက်ကြီးတာ နည်းနည်း သိသာတယ်သူ့ သားလေးကMC တတိယနှစ်တက်နေတယ်မိဘတွေရောသားရောလင်ရောမသိအောင်လုပ်နေတာ။ခုထောင်ကျတော့သိသွားပြီတဲ့လေ ထောင်ကလွတ်ရင်မပြန်ရဲတော့ဘူးတဲ့ ။။ဒါဟာစနစ်ဆိုးရဲ့ဒဏ်တွေဆိုတာ သက်သေ ပါပဲ ။ ။ သူ တို့ တွေအားလုံးမှာ ၄ ၅ ယောက်သာ HIV လို့ ဆိုပေမဲ့ ဦးတင်နွယ်ကြီးရဲ့ ဟိုတယ် ပြည့်တန်ဆာ အလုပ်ခန်းရဲ့ အလုပ်လုပ်ပုံတစ်ပိုင်းတစ်စ ကိုပြောပြရပါဦးမယ်။လှိုင်မြို့ နယ်ကတင်တင်မော် ဆိုတဲ့ ၁၇ ယောက်ရဲ့ခေါင်းဆောင်လို့ ပြောနိုင်တဲ့အလှဆုံးအတောင့်ဆုံး ယောင်္ကျားကြိုက်မိန်းမက ပထမကျမပြောခဲ့တဲ့ ငှက်အော်စမ်းပို့ ရတဲ့ကလေးမလေးကိုစည်းရုံးပြီးဦးတင်နွယ်ဆီပို့ ထားသူ့ ပေါ့။သူကတော့ဦးဆောင်ပြီး အခန်း အခန်းတွေဆီမရောက်ခင်စက်တီဆိုဖာကြီးတွေပေါ်မှာ ကိုယ်စီကိုယ်စီအလှပဆုံးပြင်ပြီးမပေါ့တပေါ်ဆွဲဆောင်စရာအလှအပတွေနဲ့ ကြော်ညာကြရတယ်။အဲဒီ့မှာလာတဲ့ဂရိတ်ကြေးရေတက်အလွာသားတွေဟာ ငါးစိမ်းများဝယ်သလို လက်လားမလက်လားဆိုတဲ့ပုံစံနဲ့ ကိုင်ကြည့် ပြကြည့်ကြပြီးဈေးညှိကြပြီး အခန်းဝင်ကြတာလေအကာ်၍များအခန်းဝင်သွားပြီးမှမပြေလည်ကြရင်နောက်တစ်ယောက် နဲ့ ထပ် ၀င်ပြန်ရောတဲ့ ဘုရားတစရာကြက်သီးထစရာထိတ်လန့် စရာပါ အဲဒီ့မှာရောဂါတွေ ရောဂါတွေက ရေတွက်လို့ မရအောင်ပြန့် နံ့နေပါပြီ ဒီထဲမှာ သာကေတကမချို မောင်းတော ကစိုးစိုး နောက်ကျမ နာမည်မမှတ်မိတော့တဲ့ မိန်းမချော ပြည့်တန်ဆာလေး ၁၇ ယောက် သူတို့ ရဲ့ သွေးသားတွေ ထဲ ကပိုးမွှားတွေ----ဒီ ၁၇ ယောက် ကိုပဲ နမူနာထားပြီး မြန်မာပြည်ရဲ့ တနေ့ တာ HIV ပြန့် နံ့  နှုန်း တွက်ကြည့်ရင်တောင် ရင်ဖိထားရမှာမို့  တစ်ကြိမ်တစ်ခါလည်းမမှားသင့်တဲ့ ဂြိုလ်မပါတဲ့ စေဒနာရှင်မလေးတွေဆီ ကို အလည် သွားရုံနဲ့
ကိုယ်မျိုးဆက် အနာဂတ်တွေ လွင့် ပျက် သွားမှာကို ပုရိသ သတို့ သားများ သတိထားစေ့ချင်ပါတယတိုင်းပြည်ရဲ့ အခြေအနေဆိုးကြီးအောက်မှာ ကိုယ်ပိုင်ဆင်ခြင်ထုံတရားတွေနဲ့  ဆုံးဖြတ်နိုင်တဲ့ အသိတရားမရှိသူလေးတွေရဲ့ဘ၀ ကြေမွရသလို တိုင်းပြည်တစ်ခု လြုံးလည်း အကျင့် ဆိုးတွေ ဖုံးအုပ်နေပါပြီ ဒါ့ ကြောင့် ကျမအနေနဲ့ ထောက် ထဲ ကဂျို မပါတဲ့ ဝေဒနာရှင်လေး တွေရဲ့ ဘ၀တစ်စိတ်တဒေသကို လက်ဆင့် ကမ်း လိုက်ပါတယ်ကုထုံးတွေထက် ကွာ့ယ် နိုင်မဲ့ အခြေအနေတောင် မြန်မာပြည်မှာ ခက်ခဲ နေပါတယ် ပြည်သူ့ ဘ၀ စနစ်ဆိုးအောက် မှာေ၇တိမ်နစ်ကြရပါပြီ။ ဒီတော့ အမျော်အမြင်ကြီးတဲ့ ကျမတို့ ဗိုလ်ချုပ် ပြောခဲ့တဲ့စကားအတိုင်းပြောရရင် စစ်အုပ်စု လက်ထက် မြှ ကျမတို့ တိုင်းပြည်ကြီးဟာ တကယ့်ကို ------နိုင်ငံကြီး ဖြစ်နေပြီ လား ရယ်လို့  ရင်နင့် စွာခံစားရင်း ပြည်သူလူထုထံ ဂြိုလ်မပါတဲ့ ဝေဒနာ၇ှင်လေး တွေ ဘ၀ သာဓက ပြပြီး အသိပေးတင်ပြ လိုက်ပါတယ်။။
စာရေးသူကိုယ်တိုင်ဝေဒနာရှင်များနှင့်တွေ့ ဆုံခဲ့သည့် သာယာဝတီထောင်တွင်း အဖြစ်မှန်များဖြစ်ပါသည် တာဝန်ယူရေးသားတင်ပြပါသည်။။

၁၇-၇-၂၀၀၆
၁၁း၅ pm
မေအိခင်(လယ်ဝေး)







No comments :