Wednesday, 3 December 2008

ထိုင်းလေဆိပ် ပြန်လည် ဖွင့်လှစ်လိုက်ပြီ


(ထိုင်းလေဆိပ် ပြန်လည် ဖွင့်လှစ်လိုက်ပြီမို့ နိုင်ငံခြားသားခရီးသည်များ ပျော်ရွှင်နေကြပုံ)

ဘန်ကောက်
-အောင်မိုး & ဂျရာပွန် သွန်မကင်-

နိုဝင်ဘာ ၂၅ ရက်နေ့ ကထည်းက ဆန္ဒပြသမားတွေက လေဆိပ်တွေကို သိမ်းပိုက်ထားတဲ့ ဆန္ဒပြပွဲကြီးကို ပီအေဒီ ကဒီကနေ့  ပြန်လည် သပိတ်လှန်ပေးလိုက်ပြီဖြစ်ပါတယ်။ သပိတ်ကြောင့် ကမ္ဘာလှည်ခရီးသွား တသိန်းကျော် အိမ်မပြန်နိင်ပဲသောင်တင်ခဲ့ရတယ်။ ထိုင်းလေကြေင်း ကြီးကြပ်ရေး အဖွဲ့  ဒါရိုက်တာ ဘူဒါဟီဘဟန်ဒူ ဗီချာရနာ Vudhibhandhu Vichairatana က မကြာခင်မှာ လေကြောင်းလိုင်းအားလုံး ပုံမှန်ပြန်သန်းနိင်ပါတာ့မယ်လို့  သတင်းထောက်တွေကို ပြောကြား ခဲ့ပါတယ်။

ဆန္ဒပြသမားတွေ သပိတ်ကိုအောင်မြင်စွာရပ်နားလိုက်တဲ့အကြောင်းကတော့ တက်ဆင်ရဲ့  ယောက်ဖ တော်စပ်ပြီး လာဘ်စားမှုတွေမှာ တာဝန်ရှိသူတဦး ဖြစ်နေတဲ့ ၀န်ကြီးချုပ်စုံချိုင်းကို ထိုင်းတရားရုံးက နှုတ်ထွက်ရ မယ်လို့ အမိန့် ချမှတ်လိုက်တာကြောင့်ဖြစ်ပါတယ်။

တရားရုံးက သူကို နိင်ငံရေး ၅ နစ်မလုပ်ရဆိုတဲ့ အမိန့် ကိုလည်း ချမှတ်ခဲ့ပါတယ်။ သူကလည်း အမိန့် ကိုလက်ခံပြီး ကျနော်တာဝန်တော့ ပြီးဆုံးသွားပါ ပြီလို့ အသာတကြည်လက်ခံ လိုက်ပါတယ်။ ဒါကြောင့် ထိုင်းနိင်ငံမှာ အစိုးရနဲ့  အတိုက်အခံတွေကြား တနစ်နီးပါး ဖြစ်ပေါ်ခဲ့တဲ့ နိင်ငံရေးတင်းမာ မှု ကြီးက ယာယီပြေငြိမ်းသွား ပြီဖြစ်ပါတယ်။

Rest of your post

No comments :