Monday 8 December 2008

၂၀၀၈ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုကို အာတီဆာရီ ရရှိ

( ဓါတ်ပုံ- သမ္မတကြီး အာတီဆာရီ သမ္မတရုံးကို စက်ဘီးနဲ့ ရုံးတက်လာနေစဉ်)




နော်ဝေးနိင်ငံ နိုဘယ်ဆုရွေးချယ်ရေး ကော်မတီက ၂၀၀၈ ခုနစ် အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုကို ဖင်လန် သမ္မတဟောင်း မာတီ အာတီဆာရီ(Martti Ahtisaari) ကိုချီးမြင့်ခဲ့ပါတယ်လို့  ကြေညာလိုက်ပါပြီ။ သူရဲ့  ကမ္ဘာ့ ငြိမ်းချမ်းရေး အတွက် နစ်ပေါင်း ၃ ဆယ်မျှ စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့မှု များကြောင့်လို့ ဆိုပါတယ်။ သူ့၏ လုပ်ဆောင်ချက် တွေ ဟာ အဲလ်ဖရက်နိုဘယ် ရဲ့  ဆန္ဒဖြစ်တဲ့ နိင်ငံများ ကြား ညီရင်းအကိုပမာ ရင်းနှီး မှုများ ဖြစ်ပေါ်စေရေး အတွက် လုပ်ဆောင် နိင်ခဲ့တယ်လို့ ဆိုပါသည်။ ဖင်လန်နိင်ငံရဲ့ သမ္မတတာဝန် နဲ့ ကုလသမဂ္ဂ မှာ သံတမန် တာဝန်တွေကို သူထမ်းဆောင်ခဲ့တယ်။ အာတီဆာရီ ရဲ့လုပ်ဆောင်ချက်တွေ အားလုံး ဟာ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးကို ပဲ ဦးတည်ခဲ့တယ်လို့ ဆိုတယ်။ နစ်ပေါင်း ၂၀ နီးပါး လုပ်ဆောင်ချက် တွေမှာ အလွန် ရှည်ကြာလှတဲ့ ပဋိပက္ခတွေကို ဖြေရှင်းရတဲ့ တာဝန်ကြီးတွေ ဖြစ်ခဲ့ပါသည်။

၁၉၈၉-၉၀ မှာ နမ်ဘီးယားနိင်ငံလွတ်လပ်ရေး ရဖို့ အတွက် သူဟာ အဓိကကြတဲ့ နေရာကနေ ပါဝင်ခဲ့တယ်။ ၂၀၀၅ ခုနစ်မှာတော့ အင်ဒိုနီးရှားနိင်ငံ အာချေး ပြည်နယ် မှာ ဖြစ်ပွားနေတဲ့မတည်မငြိမ်ဖြစ်မှုတွေကို ပုံမှန်ပြန်လည်ရောက်အောင်သူက ကြားဝင်ဖြန်ဖြေပေးခဲ့တယ်။ ၂၀၀၅-၀၇ ခုနစ်မှာတော့ ကိုဆိုဗို မှာဖြစ်ပွားနေတဲ့ ပဋိပက္ခ ကို သူကြိုးစားဖြေရှင်းခဲ့ရပါတယ်။ ၂၀၀၈ ခုနစ်မှာတော့ အီရတ် ပြသာနာ ကို အဖြေရှာဖို့ အတွက် ကုလသမဂ္ဂ က သူ့ကိုတာဝန်ပေးအပ်ခြင်းခံရပြန်တယ်။ သူဝင်ရောက်ဖြေရှင်း နေရပြန်ပါတယ်။

အလားတူပဲ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှု နဲ့ မြောက်ပိုင်း အိုင်ရာလန်၊ ဗဟိုအာရှ နဲ့ အာဖရိက ပြသနာတွေမှာလည်း သူပါဝင်ထမ်းဆောင်ခဲ့ရပါတယ်။ သူဖြေရှင်းခဲ့ရတဲ့ နိင်ငံရေးအကြပ်တည်းတွေဟာ သူ့ရဲ့ ကြိုးပန်းဆောင်ရွက်မှုတွေကြောင့် အောင်မြင်ခဲ့သလို ပဋိပက္ခမှာ ပါတ်သက်နေရတဲ့ ကာယကံရှင်တွေရဲ့ အဓိကတာဝန်ယူမှုတွေကြောင့်လည်း ငြိမ်းချမ်းရေး ရခဲ့တာဖြစ်ပါတယ် လို့ နိဘယ်ဆု ရွေးခြယ်ရေး ကော်မတီ ကြေညာချက်မှာဖေါ်ပြထားပါတယ်။ အာတီဆာရီဟာ ထူးခြားလှတဲ့ ငြိမ်းချမ်းရေး အကျိုတော်ဆောင် တဦးဖြစ်ပါတယ်လို့ ကော်မတီကဆိုပါတယ်။ သူရဲ့ ကြိုးပန်းဆောင်ရွက်မှု ကနေ ကောင်းမွန်တဲ့ ရလဒ်တွေ ထွက်ပေါ်လာမှု ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တဦး အနေနဲ့ ထမ်းဆောင် ရမဲ့တာဝန်နဲ့ ၀တ္တရားတွေကို ပြသနိင်မှု တွေကြောင့် ရလဒ်ကောင်းတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ သူရဲ့ စွမ်းဆောင်ချက်တွေက တခြားသူတွေကိုလည်း အားကျ အတုယူမှုတွေဖြစ်ပေါ်လာစေမယ်လို့ ကော်မတီအနေနဲ့ ယူဆတယ်လို့ ဖေါ်ပြထားပါတယ်။

Rest of your post

No comments :