Saturday, 10 January 2009

ကိုနိုင်ဝင်းဆွေ သို့ အမှတ်တရ ( မိုးသီးဇွန် )

ကိုနိင်ဝင်းဆွေ ( ကွယ်လွန်) ရဲ့  အလှပဆုံး ကဗျာ ' လေညင်းလေးတွေလာနေပြီ ' ကို ကဗျာ ချစ်သူတွေအတွက်ဖေါ်ပြလိုက်ပါတယ်။ ဘလောက်အောက်ဆုံး ဆိုက်ဘားမှာ ဖေါ်ပြထားပါတယ်။ ပုတီးကုံး လိုလိုက်လျောညီတွေဖြစ်နေတဲ့ ကာရံတွေ၊ ရောင်စုံပန်းဥယျဉ်တခုလို လှပတဲ့စကားလုံးတွေ အားမာန်ပါတဲ့ အနာဂတ်ကို ကျူးရင့်သံတွေကို မြည်းရလိမ့်မယ်။ကိုနိင်ဝင်းဆွေဟာ ပါရမီရှင်တဦး။

သူက အတန်းပညာကောင်းကောင်းမတတ်ခဲ့ဘူး။ ၁၉၆၀ ၀န်းကျင်က သူဟာ လယ်ဝေးဘူတာမှာ သာမန်လက်မှတ် ရောင်းစာရေးလေးမျှ။ ဒါပေမဲ့ မြန်မာပြည်ကို ကိုင်လှုပ်မဲ့ ကလောင် တချောင်းလို့  ဟံသာဝတီဦးဘရင်က ဗျာဒိတ်ပေးတာကိုခံခဲ့ရတဲ့သူပါ။ အလွန်လှတဲ့ စကားပြေတွေကို သူဟာဖန်တီးခဲ့တယ်။သူရဲ နွေတည၊ မဟူရာမေတ္တာ၊ မသိန်းရှင်ထံပေးပါ ဆိုတဲ့ ၀ထ္တုတွေက ထွန်းပြောင်တဲ့စာပေ မှတ်တိုင်တွေကိုသူစိုက်ထူခဲ့တယ်။ ၁၉၈၅ ခုနစ်မှာ ကျနော် ဟာ ရန်ကုန် တတိယနစ်ရူပဗေဒကျောင်းသား ဘ၀နဲ့  လက်တွေ့ ခန်း ကိုလာခဲ့တယ်။ လက်တွေ့ ခန်းကအချိန်စောနေသေးတယ်။ အခန်းအပြင်မှာကျောင်းသားတယောက် ၀ထ္တု စာအုပ်တအုပ်ကိုဖတ်နေတယ်။ သူဖတ်နေတဲ့ စာအုပ်က မသိန်းရှင် ထံပို့ ပေးပါစာအုပ်။ သူနဲ့ ကျနော်စကားပြောဖြစ်တယ်။သူကဒီစာအုပ်ကိုမကြားဘူး ဘူးဗျ။ သူငယ်ချင်းတယောက်က ဖတ်ကြည့် ပါစို့ လိုမြည်းနေတာလို့ ဆိုတယ်။

ဒါနဲ့ ကျနော်က သူကို ကိုနိင်ဝင်းဆွေရေးတဲ့ နွေတညနဲ့ မဟူရာမေတ္တာကိုလည်းမြည်းဖို့ တိုက်တွန်းခဲ့တယ်။စာရေးသူရည် ရည်ရွယ်ချက်နဲ့  စကားပြေ ကို ဆွေးနွေးဖြစ်ခဲ့တယ်။သူအကြောင်းကိုပြောခဲ့တဲ့ ကျနော်ဟာ သူနဲ့  လူကိုယ်တိုင်ကျတော့ ၁၉၉၀ မှာ မနပုလောမှ လူကိုယ်တိုင်ဆုံဖြစ်တော့တယ်။


၁၉၈၉ ခုနစ်မှာ ကွန်မြူနစ်ပါတီဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းကို ၀တွေက သိမ်းလိုက်တယ်။ရန်သူနဲ့ အပြစ်ခတ်ရပ်စဲ
ရေးလုပ်သွားကြတယ်။ ဒီတော့ သူက သားကို မြည်းပေါ်တင်၊ မိန်းမကိုလက်ဆွဲ ပြီးတောင်စဉ်ခုနစ်သွယ်ကို ဖြတ်သန်းလာတယ်။

တော်လှန်ရေးရှိတဲ့ မနပုလောကို ဆင်းလာတယ်။ လမ်းမှာ ၆ လတိတိကြာခဲ့တယ်တဲ့။ သူကို ကျနော် သောင်း
ရင်း မြစ်ကမ်းပါးမှာ ပထမဆုံး ဆုံဆည်းမိတော့တယ်။ အသားညိုညို။ ကိုယ်ဟန်သွယ်သွယ်၊တောက်ပြောင်တဲ့မျက်လုံးတွေနဲ့ အလွန် နစ်လို ဖွယ်ကောင်းတဲ့ လူတယောက်အဖြစ်တွေ့ ရတယ်။ မနပုလောက သူကိုကြိုဆိုခဲ့ပါတယ်။ သူဟာ သစ္စရီဗျူးကိုထုတ် ဝေတယ်။ ဟိုတုန်းက ကွန်ပြူတာမရှိသေးဘူး။ လက်နိပ်စက်ကလည်း အေဘီအက်စ်ဒီအက်ဖ် ဌာနချုပ်တခုလုံးမှာ တခုပဲရှိတယ်။

သူကစာရေးရင်ပလာစာအုပ်မှာလက်နဲ့ကိုယ်တိုင်ရေးတယ်။စာရေးတဲ့နေရာမှာအလွန်ဇွဲကြီးလှတယ်။မနက်မိုးလက်တာနဲ့ရေးတာပဲ။
သူလာတဲ့အချိန်မှာ မနပုလောက ရန်သူထိုးစစ်တွေနဲ့  ကျနော်တို့ အလုပ်ရှုပ်နေကြတယ်။ တိုက်ပွဲတွေကြားထဲမှာပဲ ရသစာပေ အတွက်သူက မျော်လင့် ကြီးမားလျက်ရှိတယ်။

နေ့စဉ်ရက်
ဆက်တိုက်ပွဲ တွေပြင်းထန်နေတဲ့အချိန်။မဲသဝေါ၊မော်ဖိုးကေ၊ ဥူးသုထ၊ သောလဲထ ခံစစ်ကြောင်းတွေမှာ တိုက်ပွဲသံတွေပေါက်ကွဲသံတွေက တော်လှန်တဲ့ မဟာဂီတ သံစဉ်တွေအဖြစ် လွမ်မိုးခြုံသိုင်းနေတဲ့အချိန်။ ဒီ ကာလ ကို သူက မိုးမခ ဘူးဆိုတဲ့ ကဗျာ နဲ့တင်စားနေတယ်။

၁၉၉၅ ကုန်ခါနီးမှာမနပုလောကျသွားတယ်။ မနပုလောဌာနချုပ်ကို ရန်သူလက်မကျခင်မှာ မီးတင်ရှို့ ခဲ့တယ်။

မယ်ညောခီးတောင်တန်းကို ကျော်ပြီး ကောင်းကင်ကို ဒေါတကြီး ထိုးဖေါက်နေတဲ့ မီးခိုးလုံးတွေကို သံလွင်တဖက်ကမ်းကကျနော်လှမ်းမြင်လိုက်ရတယ်။ မန်းရှာကသံလွင်မြစ်ကူးပြီး ကျနော်တို့ တပ်နဲ့လာပေါင်းတယ်။ သူက ပန်းပင်းနွမ်းကြေတဲ့အသံနဲ့  ခင်ဗျားချစ်တဲ့မနပုလောကျသွားပြီဗျာ လို ကျနော်ကိုဆိုတယ်။ ညနေစောင်းတော့ မနပုလော ခံစစ်ကြောင်းက ရဲဘော်တွေတဖွဲ့ ပြီးတဖွဲ့ ရောက်လာတယ်။ လူတွေကုန်သွားတော့ ကိုနိင်ဝင်းဆွေ ပါလာမယ်ထင်တာ။သူကျန်ခဲ့တယ်။ သူကို ကျနော် တို့ ပြန်ရှာတာမတွေ့ တော့တာ ဒီနေ့ အထိပဲ။ သူဟာတော်လှန်တဲ့မနပုလောမှာ တာဝန်ကြေစွာ အိပ်စက်ခဲ့ပြီလေ။

မနေ့ က အင်ဒီယားနားမှာ နှင်းတွေထူထူထဲထဲ ကျနေတယ်။ ကိုမြတ်စိုး၊ ကိုအောင်ကြီးနဲ့ ကျနော် တို့  ကိုစိုးချိန် အိမ်ကိုကျနော် ရောက်တယ်။ သူအတွက်
အမှတ်တရ ကျနော်တို့ ရေးခဲ့တဲ့ ကဗျာစာအုပ်လေးကို ကိုစိုး ချိန်အိမ်မှာ ပြန်တွေ့ တယ်။ မီးလင်ဖိုနဘေးမှာသူကဗျာတွေစာတွေအကြောင်း ကျနော်တို့  ပြန်ပြောဖြစ်ကြတယ်။ ကိုအောင်ကြီးက ကဗျာလေးက လေညင်းလေးတွေလာနေပြီ ဆိုတဲ့ကဗျာ ပြန်ရွတ်ပြတယ်။ '' ဟေ့စစ်တရားခံတွေ ငါမုန်တိုင်းဖြစ်လို့ ခြိမ့်ခြိမ့်သဲမှာ မင်း တို့ ဆီအရောက်လာခဲ့မယ်ဟေ့ ''လို့  သူ ပြောခဲ့တာကို နှင်းမှုန်တွေထဲမှာ ကျနော် ပြန်ကြားမိတယ်။

အရှေ့ မိုးကောင်းကင်မှာတော့ စုဖွဲ့ ရစ်သိုင်းနေတဲ့ ဒေါသ တိမ်လိပ်တွေကို လေပြေညင်းလေး ကမုန်တိုင်းတခုအဖြစ် တိုးတိတ်တိတ်စွာ စုဖွဲ့ လျက် .....။


- မိုးသီးဇွန်-

2 comments :

Anonymous said...

memory lane
histories' game
pain of youth
the truth-seekers
we are not done yet!

Anonymous said...

Manerplaw was fall Feb.25, 1995 not end of 1995