-မြတ်စိုး-
အမေရိကန်အစိုးရ အလုပ်သမားရေးရာ ၀န်ကြီးဌာနက အမေရိကန်၏ အလုပ်လက်မဲ့ ကိန်းဂဏန်း အချက် အလက် ထုတ်ပြန်ကြေညာလိုက်ပြီး မကြာခင်မှာဘဲ အမေရိကန် ဥပဒေပြု လွှတ်တော်အမတ် များ နှင့် စီးပွားရေး ပညာရှင်များအကြား စီးပွားရေး ပြန်လည်ဦးမော့ လာအောင် ဆွေးနွေးညှိနှိုင်းမှုတွေကို ပြုလုပ်နေကြတယ်။ တချိန်တည်းမှာပဲ အမေရိကန် သမ္မတ သစ်ကလည်း အမေရိကန်ပြည်သူတွေ အတွက် အလုပ်အကိုင်တွေဖန်တီးပေးနိုင်မဲ့ သူရဲ့ စီးပွားရေး စီမံချက်တွေကို သူရဲ့ စီးပွားရေး ပညာရှင်တွေ နဲ့ ဆွေးနွေးတိုင်ပင်မှုတွေကို အစဉ်မပြတ် ပြုလုပ်နေတယ်။
အမေရိကန် သမ္မတသစ် အိုဗားမား က ဒေါ်လာ ၇၇၅ ဘီလီယံ ရင်းနှီးမြုပ်နှံ ပြီး ၂ နှစ်အတွင်း အလုပ်အကိုင် ပေါင်း ၃.၅ သန်းကို အလုပ်အကိုင်တွေ ဖန်တီးပေးမယ် လို့ ဒီနေ့ အပတ်စဉ် လွှင့်ထုတ်တဲ့ ရေဒီယို နဲ့ ယူတူ့ ( YouTube) ဗီဒီယို ရုပ်မြင်သံကြား မှာ ထုတ်လွှင့်သွားတာကို ABC ရုပ်မြင်သံကြား မှာ ဖော်ပြထားပါတယ်။ ၉၀ ရာခိုင်နှုန်း ဟာ ပုဂ္ဂလိက လုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံသွားမှာဖြစ်တယ်လို့ ကြေညာခဲ့တယ်။ အတိုက်အခံ ရီပါပလစ်ကင် အမတ်တွေ က တော့ သူရဲ့ စီးပွားရေး အစီအစဉ်ထဲမှာပါရှိတဲ့ အစိုးရသစ်အတွက် အစိုးရ အလုပ်အကိုင် ၆၀၀,၀၀၀ ဖန်တီးမည့် အစီအစဉ်ကို မနှစ်မြို့ဘဲ ဆန်ကျင်နေကြတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ အစိုးရအဖွဲ့ ကြီးလာပြီး၊ အစိုးရ အသုံးစရိတ် မြှင့်လာမှာကို မလိုလားကြဘူး။ သန့်စင်တဲ့ စွမ်းအင်ထုတ်လုပ်မှုမှာ အလုပ်အကိုင် ၄၀၀,၀၀၀ ကို ဖန်တီးပေးမဲ့ အစီအစဉ်ကိုတော့ အားလုံးက သဘောတူမှုရှိကြောင်းပြသခဲ့ကြတယ်။ အိုဗားမား က တော့ ပါတီနှစ်ခုစလုံးက သဘောတူထောက်ခံမှု ရအောင် ပြုလုပ်သွား မယ်လို့ဆိုတယ်။ အလုပ်အကိုင်တော်တော်များများဟာ ၂၀၀၉ ခုနှစ် နှစ်ကုန် မှ ၂၀၁၁ ခုနှစ် အတောအတွင်း မှာဖန်တီးနိုင်အောင် ကျိုးစားသွားမယ်လို့ဆိုတယ်။
သမ္မတသစ် အိုဗားမား ရဲ့ ငွေကြေး ဘီလီယံများစွာ ကုန်ကျ ရင်းနှီးမြုပ်နှံပြီး တိုက်ရိုက် (သို့ ) သွယ်သိုက်ပြီး ဖန်တီးပေးမည့် အလုပ်အကိုင်တွေထဲမှာ-
- energy 459,000
- infrastructure 377,000
- health care 244,000
- Education 250,000
- protecting vulnerable 549,000
- state relief 821,000
- making work pay tax cut 505,000 (all indirectly)
- business tax incentives 470,000 (all indirect)
- Mining 26,000
- Construction 678,000
- Manufacturing 408,000
- Wholesale Trade 158,000
- Retail Trade 604,000
- Information 50,000
- Financial Activities 214,000
- Professional and Business Services 345,000
- Education and Health Services 240,000
- Leisure and Hospitality 499,000
- Other Services 99,000
- Utilities 11,000
- Transportation and Warehousing 98,000
- Government 244,000
မြန်မာနိုင်ငံ မှာတော့ လက်ရှိစစ်အုပ်စု ဟာ စီးပွားရေးဆိုင်ရာ ကိန်းဂဏန်း အသေးစိတ် အချက်လက်တွေ ကို ရယူပေးနိုင်တဲ့ နည်းပညာ၊ အတက်ပညာ စွမ်းအားမရှိတာကတကြောင်း၊ သတင်းများထိမ်ချန်ပြီး လိမ်လည် ခြစား လိုချင်က တကြောင်း၊ ဘာမှ ထုတ်လုပ်မှုထိုးတက်လာမှုမရှိတဲ့ ၀န်ကြီးဌာနတွေရဲ့ လုပ်ငန်းတွေမှာ အရှုံးပေါ်နေတာကြောင့် ကိန်းဂဏန်း အသေးစိတ် အချက်လက်တွေ ကို မဖော်ပြရဲတာကတကြောင်း၊ မြန်မာနိုင်ငံ၏စီးပွားရေးဟာ ဆရာဝန် နှင့် ကုသနိုင်တဲ့ ဆေးဝါး မရှိဘဲ၊ ဆေးမှီးတိုတွေနဲ့ မဆလ ရဲ့ စီးပွားရေးစီမံကိန်းတွေ အတိုင်း နောက်ထပ် အနှစ် ၂၀ ဆန်းတ၀ါးဝါး နဲ့ အမှောင်ခန်းထဲမှာ ဆက်လက် စမ်းသပ် လျှောက်လမ်းနေဆဲပါ။
Rest of your post
No comments :
Post a Comment