ကမ္ဘာအချမ်းသား ဆုံးပုဂိုလ်တဦးဖြစ်တဲ့ ရှာလ်ဒန် အင်ဒါလ်ဆင်( Sheldon Adelson) က ကာစီနိုလို့ ခေါ်တဲ့လောင်းစားလုပ်ငန်းနဲ့  ကမ္ဘာအချမ်းသားဆုံးပုဂ္ဂိုလ်တဦးဖြစ်ပါတယ်။ သူက Forbes မဂ္ဂဇင်း ရဲ့  အချမ်းသားဆုံး အမေရိကန် အယောက် ၄၀၀ စာရင်းထည်းမှာလည်းပါပါတယ်။ သူကငယ်စဉ်က ဆင်းရဲ လှပါတယ်။သူအဖေက ဘောစတွန်က တက္ကစီ မောင်းသူတဦးရဲ့ သားပါ။ သူရဲ့ ကြွယ်ဝမှုဓနကတော့ ၂၈ ဘီလီယံဒေါ်လာရှိပါတယ်။ ပြီးခဲ့တဲ့အပတ်က သူရဲ့ ရှယ်ရာတခုဟာ ၁၄၄ ဒေါ်လာ ရှိလာပါတယ်။ ဒါက အမြင့်ဆုံးဖြစ်လာတာပါ။ ဒါကြောင့် သူဟာ နောက်ထပ် ၁၀ ဘီလံယံဒေါ်လာအမြတ်ထွက်ခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၀၆ -၂၀၀၇ ခုနစ်တုံးက သူရဲ့ ဝင်ငွေဟာ တနေ့ ကို ဒေါ်လာ၂၀.၅ သန်းရှိခဲ့ပါတယ်။
ကမ္ဘာစီးပွားရေး ဂယက်ကြောင့် သူနဲ့  ဘီလီယံနာ ၂၅ ယောက်ဟာ အကြီးအကျယ်အရှုံးကို ပြန်လည်ရင်ဆိုင်ရသူတွေဖြစ်လာပါတယ်။ သူတို့ အားလုံးစုစုပေါင်း ဆုံးခဲ့တဲ့ငွေကြေးပမာဏက ၁၁ လအတွင်း၁၆၇ ဘီလီယံရှိခဲ့တယ်။ ကာစီနို ၀ိုင်းတွေ နဲ့ စီးပွားပြုထားတဲ့ လာဗေးဂစ် ( အမေရိကန် ) နဲ့ မက်ကာ( တရုပ်)တွေမှာ လောင်း ကစားလုပ်ငန်းတွေ ပြုတ်လုနီးပါးဖြစ်လာလို့ပါပဲ။ အက်ဒ်လာဆင်တယောက်တဘီလံယံ ထပ်မံ မတည်ပြီး သူကုမဏီ မပြုတ်အောင် အသက်ဆက်နေရတယ်လို့ ဆိုပါတယ်။ (-၀င်းဇော်- )

1 comment :
is it correct photo?pls see link below
thks
http://phx.corporate-ir.net/phoenix.zhtml?c=185629&p=irol-govBio&ID=128704
Post a Comment