-Yahoo Head Line News -
အစ္စရေးတပ်ဖွဲ့များ ကျူးကျော်တိုက်ခိုက်မှုကြောင့် ဂါဇာ ရှိ လူပေါင်း ၉ သောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်သွား ရတယ်လို့ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တွေကဆိုပါတယ်။ အရပ်သားတွဟာ ဟားမစ် တပ်ဖွဲ့တွေနဲ့ အစ္စရေး တပ်တွေ အပြန်အလှန်ပြစ်ခတ်နေတဲ့ကြား မှာ အသက်လုပြေးလွှား နေရတယ်လို့ဆိုပါတယ်။အချို့ မိသားစု တွေဂါဇာ ကိုစွန့် ခွာထွက်ပြေးကြတယ်လို့ သိရပါတယ်။ မိုဟာမက် အာလ် ဆူလတန်နဲ့ မိသားစု ဟာ လေးကြိမ်တိုင် တိုင် တအိမ် ပြီး တအိမ် ပုန်းအောင် နေရတယ်လို့ ဆိုပါတယ်။ သူမိသားစု ပိုင်ဆိုင်မှုတွေကို အကုန် စွန့် ပြစ်ခဲ့ရတယ်လို့ဆိုတယ်။ ကျောင်း တွေထဲဝင်ပုန်းနေပြီး အေးစက်လှတဲ့ သံမန်တလင်း ပေါ်မှာ အိပ်ခဲ့ရတယ်လို့ ဆိုတယ်။ ဘန်ကီမွန်းကတော့ ပါလစတိုင်းတွေဟာ ပြေးစရာ မြေမရှိတဲ့ ဘ၀ ကိုရောက်နေရရှာ ပြီလို့ဆိုပါတယ်။ ကုလသမဂ္ဂ က အပြစ်အခပ်ရပ်စဲရေးကို အဆိုပြုထားပေမဲ့ အစ္စရေးရော ဟာမားစ်ကပါ ငြင်းပယ်လိုက်ပါတယ်။
No comments :
Post a Comment