-ပုဂံသား-
ပြီးခဲ့တဲ့ရက်တွေက ထိုင်းအစိုးရက ဆိုင်ကလုံ နားဂစ်မုန်တိုင်းကြောင့် ပျက်ဆီးသွားတဲ့ စေတီ ပုထိုးတွေ၊ ဘုရားကျောင်းတွေ ကို ပြန်လည်မွန်းမံတည်ဆောက်နိုင်ဘို့ ငွေကြေးထည့်ဝင်လိုတဲ့ အလှူရှင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ အဆင်သင့်ရှိတယ်လို့ ထိုင်းနိုင်ငံခြားရေး ၀န်ကြီး ကဆစ် ( Mr Kasit) က ပြောသွားတာ ကြားသိ လိုက်ရတော့ ကျနော် ပုဂံသားတယောက်အနေနဲ့ အရမ်းကို ၀မ်းသာ သွားမိ တယ်။ ဘာဖြစ်လို့ လည်းဆိုတော့ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု သမိုင်းအမွေ အနှစ်တွေ ကို မပျောက်မပျက်အောင် ပြန်လည် တည်ဆောက်ပေးမဲ့ ဒီလိုကမ်းလှမ်းချက်ကို ကြားရတော့ အတိုင်းထက် အလွန် ၀မ်းသာမိတာပေါ့။
၁၉၉၄ -၁၉၉၆ ခုနှစ် အတောအတွင်းကလည်း ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ် က မြန်မာစစ်အုပ်စုခေါင်းဆောင်း တွေ လစ်လှူရှူ့ခဲ့ကြတဲ့ ပုဂံမြို့ ရှိ ကမ္ဘာ့သမိုင်းဝင် ယဉ်ကျေးမှုသမိုင်းအမွေအနှစ် တွေကို အမေရိကန်ဒေါ်လာ ၂၈၃,၄၀၀ အကုန်အကျခံပြီး ပြန်လည်မွန်းမံခဲ့တယ်။ ယူနက်စကို (UNISCO ) ကလည်း ပုဂံ နှင့်မန္တလေးမြို့ က ကမ္ဘာ့သမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ်တွေရှိတဲ့ ၁၈ နေရာကို ပြန်လည်မွန်းမံဘို့ အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ သုံးစွဲခဲ့တယ်။ ဒီလို ယူနက်စကို နဲ့ နိုင်ငံတော်တော်များများက ပုဂံနဲ့ မန္တလေး မြို့ များရှိ ကမ္ဘာ့ သမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ်တွေ ပင်ကိုယ် လက်ရာ အတိုင်း နည်းပညာ၊အတက်ပညာသုံးပြီး မကွယ်ပျောက်အောင်၊ မပျက်စီးအောင် တလေးတစား ကာကွယ်နေတဲ့အချိန်မှာ လက်ရှိစစ်အုပ်စု ခေါင်းဆောင်တွေ ဟာ ကမ္ဘာ့ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့ က ကန့်ကွက်နေတဲ့ကြားက အဝေးပြေးလမ်းမကြီး၊ ဂေါက်ကွင်း၊ ရှု့ခင်းတွေကြည့်နိုင်တဲ့မျှော်စင်တွေကို ကမ္ဘာ့သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ် တွေရှိတဲ့နေရာ တွေမှာ ဆောက်လုပ်နေကြတယ်။ အဖိုးတန် ကမ္ဘာ့သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ် တွေရဲ့ အကြောင်း တကယ်ဘဲ နားမလည်၊ တန်းဘိုးမထား တက်တာလားလို့ မေးခွန်းထုတ်စရာဖြစ်လာတယ်။
ကမ္ဘာ့သမိုင်းအမွေအနှစ်ရှိရှာ ပုဂံမြို့
ပုဂံမြို့ ဟာ ၁၁ ရာစု နှင့် ၁၃ ရာစု အကြား က အာရှမှာ အဖိုးတန် ကျန်ရှိနေတဲ့ ရှေးဟောင်းကမ္ဘာ့သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ် တခုအဖြစ် ကမ္ဘာ့ကုလသမဂ္ဂ ယူနက်စကို အဖွဲ့က အသိအမှတ်ပြုခဲ့တယ်။ ရှေးဟောင်း ပုဂံမြို့ ရဲ့ ဗိသုကာနဲ့ သမိုင်းအမွေအနှစ်တွေ ကို မပျောက်ပျက်အောင်ကာကွယ်ဖို့ ပုဂံမြို့ဟာ ယူနက်စကိုအဖွဲ့ရဲ့ အကူအညီတွေ အများကြီး လိုနေပါတယ်။ ဒီလို အကူအညီ လိုအပ်နေတဲ့ အချိန်မှာ ဆိုင်ကလုံ နားဂစ်မုန်တိုင်း ကြောင့် စေတီပုထိုးတွေ ပျက်ဆီးသွားခဲ့ရလို့ တပူပေါ် နှစ်ပူဆင့် ဆိုသလို စိုးရိမ်ခဲ့မိတယ်။ အခုတော့ ထိုင်းနိုင်ငံရဲ့ ကမ်းလှမ်းချက်ကိုကြားရတော့ ဘာပြောရမှန်းတောင် မသိတော့ပါဘူး။
ဒီလိုနဲ့ အကြောင်းအရာတွေကို စဉ်စားရင်း၊ မြန်မာပြည်သူတွေ နဲ့ စာဖတ်သူတွေကို သိသင့်တဲ့ စိတ်ဝင်စားစရာ ကိန်းဂဏန်းအချက်အလက် တခုက ကျနော့်ခေါင်းထဲ ၀င်လာပြန်တယ်။ ဒုတိယကမ္ဘာစစ်က မြန်မာပြည်မှာ ရထားသံလမ်း အရှည် မိုင်ပေါင်း ၄၀၀၀ ကျော် ရှိရာက အခုဆို မိုင်ပေါင်း ၃၉၅၀ကျော်လောက်ဘဲရှိတော့တယ်။ အနှစ် ၇၀ အတွင်း မတိုးလာတဲ့အပြင် လျော့ကျ လို့နေတယ်။ တကယ်လို့သာ ဒုတိယကမ္ဘာစစ်အတွင်းတုန်းက မြန်မာနိုင်ငံမှာ ရထားသံလမ်းတွေ မခင်းထားခဲ့ဘူးဆိုရင် စာဖတ်သူတို့ ဘယ်လိုခန့်မှန်းကြမလဲ။ အခုလည်း ကမ္ဘာ့သမိုင်းဝင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ရှိတဲ့ ပုဂံမြို့လည်း မြန်မာပြည်က ရထားလမ်းတွေလို မဖြစ်ပါစေနဲ့လို့ ဆုတောင်းပေးလျှက်ပါ။
တိုင်းပြည်ကို ချစ်ရင်၊ ပုဂံ ကိုချစ်မြတ်နိုးတက်ရမယ်။
Rest of your post
2 comments :
အပေါ်ဆုံးပုံက မင်းကွန်းပုထိုးတော်ကြီးပုံပါ ပုဂံကဘုရားမဟုတ်ပါ ကုန်းဘောင်ခေတ် ဘိုးတော်မင်း တည်ခဲ့တာပါ ရှေးဟောင်းဘုရားတော့ ဟုတ်ပါတယ်။ UNESCO က ပုဂံနယ်မြေကို world heritage side ထဲထည့်ဖို့လုပ်ပါတယ် စစ်အစိုးရက ပြင်သလား မပြင်သလားတော့မသိဘူး ရှေးဟောင်းလက်ရာ ပျက်လောက်အောင်ကို အသစ်လုပ်ပစ်လိုက်တော့ UNESCO ကလည်း စာရင်းဖျက်လိုက်ပါတယ်။ ဆရာကြီးဒေါက်တာသန်းထွန်းက ရင်နာလို့နဲ့ တူတယ် မြန်မာ့သမိုင်းကိုဘယ်ကစလဲတော့ မသိဘူး သမိုင်းကိုပျက်အောင်လုပ်သူတွေတော့ မျက်စိရှေ့ မှာဘဲ (အတိအကျမဟုတ်ပါ။ အဓိပ္ပါယ်တော့ နီးစပ်ပါတယ်)လို့ပြောခဲ့တာ ခင်ညွှန့်တို့ ပုဂံဘုရားတွေကို ထီးအသစ်တင် အသစ်ပြင်မှု တွေကို ကန့်ကွက်တဲ့အနေနဲ့ပြောခဲ့တာလို့ မှတ်သားဘူးတယ်။
how many karen people died when pa-gan dynasti establish?
Post a Comment