( သမတကျမ်းကျိန်ပွဲကို ရက်ကြိုရောက်နေတဲ့ ကမ်းပါးညွှတ်လူထု )
AFP-
အမေရိကန် လူထုက အိုဘားမားကို ထောက်ခံမှုက မကြုံဖူးလောက်အောင်ကို များပြားလာကြောင်း နယူးယောက်တိုင်း နဲ့ စီဘီအက်စ် သတင်းဌာနသုတေသန ပြုချက် များ အရတွေ့ ရှိခဲ့ပါတယ်။ အိုဘားမားရဲ့ သမ္မတ ကျမ်းသစ္စာကျိမ် ပွဲကို ဝေးလံလှတဲ့ ပြည်နယ်က လူတွေ ကအေးလှတဲ့ဆောင်းရာသီကို ဂရုမပြုပဲ ခုထည်းက ၀ါရှင်တန်မြို ကိုရောက်ရှိ နေကြပြီ ဖြစ်တယ်လို့ ဆိုပါတယ်။ သမ္မတအနေနဲ့ က အသက်ရှုတော့ သိပ်မချောင်လှပါဘူး။ သူကတိပေးထားတဲ့ ကျနေတဲ့ စီးပွားရေး ပြန်လည်ဦးမော့ဖို့၊ ကမ္ဘာကြီး ပူနွေးနေတာကို သမမျှတအောင်လုပ်ဖို့၊ အရှေ့ အလယ်ပိုင်းငြိမ်းချမ်းရေး အစီအစဉ်ကို ဆောင်ရွက်ဖို့နဲ့ အခြားပြသနာပေါင်း သောင်းခြောက်ထောင်ပါဝင်နေပါတယ်။
ကျမ်းသစ္စာကျိန်ဆိုပွဲက အင်္ဂါနေမှ ပြုလုပ်မှာဖြစ်ပါတယ်။ အမေရိကန် ဟာ အစွန်းနစ်ခုကြားကို ရောက်နေတယ်လို့ပညာရှင် တွေက ဆိုပါတယ်။ တခုက တော့ အဆိုးဆုံး စီးပွားရေးအခြေအနေနဲ့ တခုကတော့အိုဘားမားပေါ် မှာ ကြီးမားတဲ့ မျှော်လင့်ချက် ဖြစ်ပေါ်နေခြင်းဖြစ်ပါတယ်။ သုတေနသ ပြုချက် အရ ၇၉ ရာခိုင်နှုန်းဟာ အိုဘားမား သမ္မတသက်တမ်း ၄ နှစ်အတွင်းမှာ ပြောင်းလဲ မှုတွေလုပ်လာနိင်မယ်လို့မျှော်လင့်နေကြပါတယ်။
- ၀င်းဇော်-
No comments :
Post a Comment