ပြည်တွင်းသတင်းများ
ပြည်တွင်းမှာ ပါတီတွေဖွဲ့ ဖို့ ပြင်နေပြီလို့ ကြားပါတယ်။ ဒေါ်စန္ဒာဝင်း၊ ဒေါ်လဲ့လဲ့နွယ်သိန်း ( အောင်ဆန်းဦး မိန်းမ) နဲ့ ဒေါ်ချိုချို ကျော်ငြိမ်း၊ ထောက်လှမ်းရေး ပြုတ်များနဲ့  တေဇ တို့ ပါဝင်မယ်လို့ သိရတယ်။
မြန်မာ့ လျှပ်စစ်ဓါတ်အားပေးလုပ်ငန်း ကို သန်းရွှေက တေဇရဲ့  ထူးကုမဏီကိုပေးပစ်တော့မှာဖြစ်ပါတယ်လို့ အလုံ လျပ်စစ်ဝင်းမှ ၀န်ထမ်းများက ပြောဆိုနေကြပါတယ်။ တေဇက မီတာခ ကို ၁ ယူနစ်ကို ၁၀၀ကျပ် နဲ့  ၁၅၀ ကျပ်ယူမှာဖြစ်ပါတယ်။ အိမ်ထောင်စုတစု ကို ပျမ်းမျှ ယူနစ် ၁၀၀ ခန့် သုံး ရတယ်လို့ သိရပါတယ်။ ဒါကြောင့် တအိမ်ထောင်ကို မီတာခ တလကို ၁သောင်းခွဲခန့် ကုန်မယ်။

(ဒေါ်လာနဲ့ ၁၅ ဒေါ်လာခန့် ရှိနေပါတယ်။ ) အမေရိကန် နိုင်ငံ ဖေါ့ဝိန်းမြို့ ရှိ မြန်မာ မိသားစုတစု မီတာခရဲ့ တန်ဖိုး နဲ့ တူညီနေပါတယ်။ မတူတာကတော့ မြန်မာ နိုင်ငံရှိမိသားတစု ရဲ အနိမ့်ဆုံးဝင်ငွေက တလ ကျပ် သုံးသောင်းနဲ့  ၅သောင်းကြား ( ဒေါ်လာ ၃၀ ခန့် မှ ၅၀ ခန့် ) ရှိနေချိန်မှာ အမေရိကန် ပြည်ထောင်စု ဖေါ့ဝိန်မြို့ ရှိ မြန်မာ မိသားတစုအနိမ့် ဆုံးဝင်ငွေက ကျပ် ၂၀ သိန်း ( ဒေါ်လာ ၂၀၀၀ ) ခန့် ရှိနေခြင်းဖြစ်ပါတယ်။
ဒါကြောင့် လက်ရှိအခြေအနေမှာ စစ်အစိုးရအနေနဲ့  လျှပ်စစ် ဓါတ်အားခကို အစိုးရမှ Subsidy စိုက်ထုတ်
ဖြေရှင်းမှသာ လက်ရှိဖြစ်နေတဲ့ လျှပ်စစ်မီး ပြတ်တောက်မှုကို ဖြေရှင်းနိုင်မှာဖြစ်တယ်။ တေဇ ကိုပေးလိုက်
တာက တေဇ မိသားစုကောင်းစား ရုံကလွဲ လို့  ပိုက်ဆံမရှိတဲ့ လူထုက တော့ မီးလုံးဝ ပြတ်တောက်သွားမဲ့
အခြေအနေမှာရှိနေပါတယ်။ ကမ္ဘာစီးပွားရေးပျက်ကပ်ဂယက်ကြောင့် ရန်ကုန်မြို့ လှိုင်သာယာ ၊ စက်မှုဇုံမှ လုပ်ငန်းများ ရပ်ဆိုင်းလုနီးပါးဖြစ်ကုန်တယ်။ အလုပ်သမားတွေလျော့ချပစ်တယ်။ ဘာထောက်ပံ့ကြေးမှ
မပေးဘူး ။ ဒါကြောင့် အလုပ်သမား အမျိုးသမီးတွေ အနှိပ်ခန်း နဲ မကောင်းတဲ့နေရာတွေကိုရောက်ကုန်
်ကြပါတယ်။ မြို့ သစ်တွေမှာ ဆိုပိုဆိုးနေပါတယ်။
ကုလသမဂ အတွင်းရေးမှုး အထူးကိုယ်စားလှယ် ဂန်ဘာရီ မြန်မာ ပြည်ကို ထပ်မံသွားပါဦးမည်။ ဒါပါနဲ့ ဆို ၇ ခေါက်မြောက်ဖြစ်ပါတယ်။ ထူးခြားတာကတော့ ဂန်ဘာရီကို နအဖကလည်း စိတ်မ၀င်စားပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကလည်း စိတ်မ၀င်စားပါ။ ကုလသမဂ က မြန်မာ့အရေးကို ထိရာက်စွာလုပ်နိင်မည် မထင်ဟု မြန်မာအတိုက်ခံများက ယူဆပါတယ်။
Summary
Rest of your post

1 comment :
မတူတာ နောက်တစ်ခုကျန်ပါသေးတယ်။ မီတာခတူတာချင်း မီးရချိန်နဲ့ရတဲ့ပုံစံမတူတာပါ။
Post a Comment