
-မြတ်စိုး-
ဒီနေ့ဖတ်ရှု့ ရတဲ့သတင်းတွေအရ အမေရိကန်မှာ နောက်ထပ်ဧရာမ အလုပ်အကိုင်တွေကို ဆက်လက် လျှော့ချ နေပါတယ်။ Home Depot, Caterpillar, Sprint Nextel, GM, Pfizer အပါအ၀င် ကုမ္ပဏီကြီး ၈ ခု က တပြိုင်နက် တည်း လျှော့ချလိုက်တာ ကြောင့် အမေရိကန်မှာ အလုပ်အကိုင် စုစုပေါင်း ၄၅,၀၀၀ ထပ်မံ လျှော့ချမှု ရှိသွားပြီလို့ စီးပွားရေးလေ့လာနေတဲ့ ပညာရှင်တွေက ဆိုပါတယ်။ ဒီလျှော့ချမှုတွေထဲမှာ Home Depot ကုမ္ပဏီက ၇၀၀၀, Sprint Nextel က ၈၀၀၀,၊ Microsoft ကုမ္ပဏီ က ၅၀၀၀ တို့ဖြစ်ကြတယ်။ တဆက်ထည်းမှာဘဲ Texas Instrument ကုမ္ပဏီက လည်း ၃,၄၀၀ လျှော့ချမယ်လို့ ကြေညာသွားခဲ့ပြန်တယ်။ ဒါဟာ သူတို့မှာရှိတဲ့ စုစုပေါင်း အလုပ်သမား ရဲ့ ၁၂ ရာခိုင်နှုန်း ကိုလျှော့ချသွားမှာဖြစ်တယ်။ ကမ္ဘာမှာအကြီးဆုံးဖြစ်တဲ့ အမေရိကန် ဆောက်လုပ်ရေး နှင့် သတ္တုတူးဖော်ရေး ပစ္စည်းကရိယာထုတ်လုပ်သော Caterpillar ကုမ္ပဏီကြီး က ၂၀၀၈ ခုနှစ် နောက်ဆုံး လေးလပတ်မှ စတင်လျှင် အလုပ်သမားပေါင်း ၂၀,၀၀၀ ကို လျှော့ချခဲ့ကြ ကြောင်း ဒီနေ့ ကြေညာ သွားပါတယ်။ Caterpillar ကုမ္ပဏီမှာ အလုပ်သမားစုစုပေါင်း ၁၁၃,၀၀၀ ရှိတာကြောင့် ကုမ္ပဏီ၏ အလုပ်သမား ၁၈ ရာခိုင်နှုန်းကိုတောင် လျှော့ချလိုက်ခြင်းဖြစ်ပါတယ်။ Caterpillar ကုမ္ပဏီရဲ့ ၂၀၀၈ ခုနှစ် ရောင်းရ၀င်ငွေ ၅၁.၃ ဘီလီယံ သာ ရှိတယ်။ ၂၀၀၉ ခုနှစ်မှာ ၄၀ ဘီလီယံ သာရောင်းရငွေ ရှိမယ်လို့ ခန့်မှန်းတွက်ဆ ခဲ့တာကြောင့် အခုလို အလုပ်သမားတွေ လျှော့ချရခြင်းဖြစ်တယ်လို့ ကုမ္ပဏီ အကြီးအကဲ ဂျင် အိုဝမ် ကပြောဆိုသွားပါသည်။ ကုမ္ပဏီကြီးတွေ မှာ အလုပ်အကိုင်တွေ ကို လျှော့ချနေခြင်းကြောင့် သူတို့ကိုမှီခို ထုတ်လုပ်နေကြတဲ့ အခြားကုမ္ပဏီ ( Suppliers) များလည်း အလုပ်အကိုင် ဆက်လက်လျှော့ချဖွယ် ရှိလာနိုင်ပါတယ်။
စီးပွားရေးပညာရှင်တွေကတော့ အမေရိကန်နိုင်ငံ မှာ ၂၀၀၉ ခုနှစ် အလုပ်အကိုင်လျှော့ချနေမှုဟာ ၂၀၀၈ ခုနှစ်ထက် ပိုမိုများပြားလာဖွယ်ရှိတယ်လို့ သုံးသပ်ခန့်မှန်းပြောဆိုနေကြပါတယ်။
အမေရိကန် ရဲ့ အလုပ်အကိုင်လျှော့ချမှုဟာ ယခုအခါ တကမ္ဘာလုံးကို ပြန့်နှံ့နေပါပြီ။ ဥရောပရှိ ဒပ်ခ်ျအခြေစိုက် ငွေကြေးနှင့် အာမခံကုမ္ပဏီ ING က လည်း အလုပ်သမားပေါင်း ၇၀၀၀၊ အလုပ်သမားပေါင်း ၁၂၁,၀၀၀ ရှိတဲ့ Philips ကုမ္ပဏီ ကလည်း အလုပ်သမားပေါင်း ၆၀၀၀ လျှော့ချပြစ်မယ်လို့ကြေညာသွားပါတယ်။ ထို့အတူ အိန္ဒိယ နှင့် တရုတ်နိုင်ငံတွေမှာလည်း ကုမ္ပဏီတော်တော်များများဟာ အလုပ်အကိုင်တွေကို လျှော့ချနေ ကြပါတယ်။ ၂၀၀၉ ခုနှစ်မှာ တမ္ဘာလုံးမှာ အလုပ်အကိုင်တွေကို ဆက်လက် လျှော့ချသွားဖို့ရှိတယ်လို့ လည်း စီးပွားရေးကျွမ်းကျင်သူတွေက ခန့်မှန်းပြောဆိုနေကြပါတယ်။
Rest of your post
No comments :
Post a Comment