Tuesday, 27 January 2009

အလုပ်ထုတ်ပြစ်ခံရ၍ မိသားစု ၇ ယောက် စလုံး အဆုံးစီရင်သွား

အိမ်းနီးချင်းမိသားစုကို ရွေှ့ ပြောင်းစွန့်ခွာရန် ရဲဌာန၏ ( Crisis Management Team) က ကူညီမှုပေးနေစဉ်


-မြတ်စိုး-
၀၁.၂၇.၂၀၀၉

ဒီနေ့ဝမ်းနည်းဖွယ်ရာအဖြစ်အပျက်တခု ကယ်လီဖိုးနီးယားတောင်ပိုင်း လော့စ်အန်ဂျလီးစ် ဆိပ်ကမ်း (Ports of Los Angeles) နှင့် လောင်းဘိခ်ျ (Long Beach) အကြားရှိ ၀ဲမင်တန် ( Wilmington) မြို့ ငယ်လေးမှာ မနက် ၈း၃၀ က ဖြစ်ပွားခဲ့ပါတယ်။ အဲဗင် လုပိုး (Ervin Lupoe) ၊ သူ့ဇနီး၊ နှင့် ကလေးငယ် ၅ ဦး ဟာ ခုနှစ်လောင်းပြိုင် ကိုယ့်ကိုယ် ကိုယ် သေနတ်ဖြင့် အဆုံးစီရင်သွားခဲ့ကြတယ်။ ဒီလို အဆုံးစီရင်သွားကြတာကတော့ အဲဗင် လုပိုး (Ervin Lupoe) နှင့် သူဇနီးဟာ မကြာခင်ကမှ သူတို့လုပ်နေတဲ့ အလုပ်က ထုတ်ခံခဲ့ကြရလို့ အတော့ကို ဒုက္ခရောက်နေတာကို မခံစားနိုင်ကြလို့ ဒီလို ဆုံးဖြတ်ခဲ့တာလို့ သူတို့ရဲ့ သေတမ်းစာထဲမှာ ဖော်ပြထားပါတယ်။ ။ သူတို့ ဇနီးမောင်နှံ နှစ်ဦးစလုံးဟာ ကိုင်ဆာ ( Kaiser Permanente Medical Center) ဆေးရုံမှာ ဆေးနဲ့ ပက်သက်တဲ့ နည်းပညာဆိုင်ရာ အတက်ပညာရှင်များ အဖြစ် လုပ်ကိုင်နေကြရက အလုပ်ကထုတ်ပယ်ခြင်းခံခဲ့ရတာပါ။

အဲဗင် လုပိုး (Ervin Lupoe) က သူ့ဇနီနဲ့ သူ့ ကလေးငယ်တွေ ကို အဆုံးစီရင်ပြစ်သတ် လိုက်ပြီးနောက်၊ သက်ဆိုင်ရာ ရဲစခန်းနဲ့ ရုပ်မြင်သံကြား တွေကို နှစ် မျက်နှာ ရေးသားထားတဲ့ စာကို Fax ဖြင့်ပေးပို့ခဲ့ တယ်လို့သိရပါတယ်။ ရဲအမှုထမ်းတွေက ၁ မိနစ် အတွင်း အခင်းဖြစ်ပွားရာကိုရောက်ရှိခဲ့သော်လည်း၊ သူ့ကိုယ်သူ အဆုံးစီရင် သွားတာ ကြောင့် ယမ်းငွေ့ကိုသာ လောလောလတ်လတ် အနှံ့သာရခဲ့တယ်လို့ အခင်းကိုရောက်ရှိနေတဲ့ ရဲအရာကြီးတဦး ပြောပြပါတယ်။

သူတို့ ဇနီးမောင်နှံဟာ လွန်ခဲ့တဲ့ တပတ်လောက်ကဘဲ ကမ်းဆက်ပြည်နယ် ( Kansas) ကို ပြောင်းဖို့ ကလေးတွေကို ကျောင်းက နုတ်ထွက်စေခဲ့တယ်လို့ ကလေးငယ်တွေတက်ခဲ့တဲ့ ကျောင်းအုပ်ဆရာမကြီးက ပြောပြတယ်။ ဘာကြောင့် ပြောင်းမယ်ဆိုတာကိုတော့ မမေးကြည့်ခဲ့ပါဘူးလို့ သူမက ပြောပြတယ်။ သေဆုံးသွားကြတဲ့ သူတို့ ကလေး တွေထဲမှာ အသက် ၂ နှစ်ရှိ အမွှာပူး ယောက်ျားလေး ၂ ယောက်၊ အသက် ၅ နှစ်ရှိ အမွှာပူး မိန်းကလေး ၂ ယောက်၊ နှင့် အသက် ၈ နှစ်ရှိ မိန်းကလေး ၁ ယောက် တို့ဖြစ်ကြပါတယ်။

ကိုင်ဆာ ( Kaiser Permanente Medical Center) ဆေးရုံ က တော့ သူတို့ကို တာဝန်ထမ်းဆောင်မှု မှ ရပ်စဲ
(Laid off) လိုက်ပြီးနောက် သက်ဆိုင်ရာ အလုပ်သမားသမဂ္ဂထံ နစိနှာကြေးတောင်းဆိုဖို့၊ မကျေနပ်ချက် တွေကို တိုင်တန်းဖို့ ပြောပြခဲ့သော်လည်း သက်ဆိုင်ရာ အလုပ်သမားသမဂ္ဂက ဘာမှ အကြောင်းပြန်ကြားချက် မရှိခဲ့ပါဘူး။ နောက် နှစ်ရက်အကြာမှာ သူတို့ဟာ အလုပ်ကထုတ်ပယ်ခံခဲ့ရတယ်လို့ ရေးသားထားတဲ့ သေတမ်းစာထဲမှာ ဖော်ပြထား တယ်။ “ငါတို့မှာ အသက် ၈ နှစ်အောက် ကလေးငယ် ၅ ယောက် နဲ့ အလုပ်မရှိ လို့ ဒီလိုလုပ်လိုက်ပါတယ်လို့” သေတမ်းစာထဲမှာရေးသားထားခဲ့ပါတယ်။ သူတို့နေထိုင်တဲ့ အိမ်နီချင်းပတ်ဝန် ကျင်မှာတော့ အိမ်ပိုင်ရှင်သစ် တော်တော်များများဟာ အိမ်တွေကိုစွန့်ခွာပြီး၊ အပ်နှံသွားလို့ ခဲ့ကြတယ်လို့ အငြိမ်းစားကုန်တင်ကားမောင်းသူ အိမ်နီးချင်းတဦးက ပြောဆိုတယ်။ တချို့ အိမ်နီးချင်းတွေကတော့ ဘာထူးထူးခြားခြား မှ ပတ်ဝန်းကျင်မှာ မဖြစ်ခဲ့ပါဘူး။ သူတို့မိသားစုဟာ အမတန်မှ အိမ်နီးနားချင်းကောင်း ပီသပါတယ်လို့ ပြောပြကြတယ်။ အင်မတန်မှ ၀မ်းနည်းဖို့ကောင်းတဲ့ အဖြစ်ပါ။ သူတို့မိသားစု အတွက် ကျနော်တို့ ဘုရားရှစ်ခိုး ကျောင်းမှာ ဆုတောင်းပေးကြပါမယ်လို့ အိမ်နီးနားချင်းတွေက ပြောပြကြပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်ဟာ အမေရိကန်နိုင်ငံ မှာ အလုပ်အကိုင်လျှော့ချမှုအများဆုံးနဲ့ အလုပ်လက်မဲ့ဦးရေ အများဆုံး ပြည်နယ်တခုအဖြစ်ကြေညာထားခံခဲ့ရတယ်။

သတင်းအပြည့်အစုံကို ဒီမှာနှိပ်ပြီးနားထောင်ကြည့်ပါ။



Rest of your post

No comments :