Monday, 19 January 2009

အယ်ဒီတာ အာဘော်


ကျနော်တို့ ဘလောက်ကို တည်ထောင်စဉ်က အမေရိကန် တွေသိနေတဲ့သတင်းမှန်သမျှ မြန်မာ တွေသိခွင့် ရှိရမယ် ဆိုတဲ့ ခံယူချက်ကျနော်တို့မှာရှိပါတယ်။ သတင်းအချက်အလက် တွေမရပဲနဲ့ ကျနော်တို့ မြန်မာ တွေ မျက်စိမပွင့် ဟု ကျနော်တို့ ခံယူထားပါတယ်။ အခုကမ္ဘာမီဒီယာများ တွင် ပါလစ္စတိုင်းနဲ့အစ္စရေးပဋိပက္ခက လုံးဝ နေရာယူထားပါတယ်။ ကမ္ဘာ့သတင်းမီဒီယာ တွေက ဖေါ်ပြနေတဲ့သတင်းမှန်သမျှ ကျနော်တို့ စဉ်ဆက်မပြတ် ပေးပို့ ပေးနေပါတယ်။ ကျနော်တို့က တင်ပြမယ်။ ခင်ဗျားတို့က ဆုံးဖြတ်ပါ - We Report – You decide - ဆိုသော ဆောင်ပုဒ်ကဲသို့  ဆုံးဖြတ်ရမဲ့တာဝန်က စာဖတ်သူ ပရိသတ်တို့ တာဝန်သာဖြစ်ပါတယ်။

2 comments :

Anonymous said...

သတင်းကို သတင်းအတိုင်း အမှန်ကိုအမှန်အတိုင်း ဖော်ပြခြင်းအတွက် ကန့်ကွက်မှုမရှိပါ... စာရေးသူရဲ့ အာဘော် မဖော်ပြမိဖို့ အရေးကြီးပါတယ်... လမ်းလွဲမှုနဲ့ မလိုလားအပ်တဲ့ အထင်အမြင်လွဲမှုတွေ ဖြစ်မှာ စိုးလို့ပါ..

Kaung Kin Ko said...

သတင်းတွေကို စောင့်မျှော်နေပါတယ် ခင်ဗျား