Tuesday, 20 January 2009

စိန်ခေါ်မှုတွေကို ရင်ဆိုင်မယ်


၂၀၀၉ ဇန်န၀ါရီလ ၂၀ ရက်နေ့  အိုဘားမား က သမတအဖြစ်ကျမ်းသစ္စာကျမ်ဆိုအပြီးမှာ သမတ ဖြစ်သွားခဲ့ပါပြီ။ အနောက်တိုင်းလို့ တင်စားနေတဲ့ လူဖြူ နိင်ငံတွေထဲမှာ အမေရိကန် နိင်ငံက ကမ္ဘာမှ ပထမဦးဆုံးအဖြစ် လူမဲ အမျိုးသား တဦးကို သမတ အဖြစ်နဲ့  တင်မြောက်လိုက်ခြင်းဖြစ်ပါတယ်။ သမတ မိန်းခွန်းကို လည်းမကြုံဖူးလောက်အောင် ကို လူဖြူတွေ ရော လူမဲတွေကို ပါ အားတက်သရောလာရောက်
အားပေး ကြတဲ့အတွက် အမေရိကန် သမိုင်းမှာ ပထမဦးဆုံး လူအများဆုံး မိန့် ခွန်း တရားပွဲ အဖြစ် စံချိန်တင်ခဲ့ပါတယ်။

လူပေါင်း ၂သန်းကျော်လာတယ်လို့ ခန့် မှန်းကြပါတယ်။ သမတ က မိန့် ခွန်းကို သတိထားပြီး ပြောခဲ့တယ်လို့ မီဒီယာတွေက ကောက်ချက်ချပါတယ်။ ဟုတ်ပါတယ်။ အခြေအနေက အတော့ကို အကြပ်တည်းနေတဲ့
အခြေအနေဖြစ်နေပါတယ်။ သူက စိန်ခေါ်မှုတွေ ကတော့ တကယ်ကိုရှိနေပြီ။ ဒါတွေကိုယဉ်ဆိုင်ကြမယ်လို့  ပြောကြားခဲ့ပါတယ်။ အမေရိကန် နိင်ငံရဲ့ အနာဂတ်အခန်း ဏ္ဍ ကိုသူကအလေးနက်ထား တာကိုတွေ့  New Era of Responsibility - သမိုင်းသစ် တာဝန် လို့ သုံးစွဲ ထားတာကိုတွေ့ ရတယ်။

No comments :