
အမိမြန်မာ၊ ဘွဲ့ရတာ ၇၅
၁၀ ယောက်က ကျိုးကန်း
၅ ယောက်က ရူးနှမ်းနှမ်းနဲ့
ရဲဖမ်းတာ ၇ ယောက်
၃ ယောက်က လူကြီးအမျိုး
ကံဆိုးသူ အယောက် ၅၀ (ငါတို့ကျောင်းမှာ လူ ၅၀ ရှိလို့)
ရုရှနယ်စေလွှတ်
နျူကလီးယားကို အိတ်နဲ့သွတ်ဖို့တဲ့..။
ဟိုတစ်ခါ ပြည်မြန်မာမှာ
ငွေနှစ်ရာ ဝေလာဝေး
ဆေးလိပ်တိုလေး မျှသောက်
Issue နဲ့ စားသောက်နေရပေမယ့်
အရှင်မွေးတော့ နေ့ချင်းကြီး
ဒေါ်လာ ၂၀၀ ကိုင်ပြီးကတည်းက
လက်ကြားမှာ စီးကရက်
ဘီယာဆို ပလပ်ပလပ်နဲ့
သေးထွက်မတတ် မျိုဆို့
ညှီစို့စို့ အသားထုပ်
မှိုတက်လို့ လွှင့်ပစ်လိုက်ရသေးသတဲ့…။
လယ်သမားကြီး အယောက် လေးဆယ်
ကျွဲနွားနှယ်သူတို့ရုန်း
အသင်သုံးနေတဲ့ ရာတန်နှစ်ရွက်
သူတို့တတွေရဲ့ ချွေးစက်…
ဟုတ်မဟုတ်တော့ မသိ
ရှိတာနဲ့ ဖုန်းဝယ်
ခါးကြားမှာ သယ်ပြီး
လူလယ်ရောက်မှ ထုတ်ဆက်
အိမ်မှာတော့ ယောက်မလျက်နေကြရပြီ။
တချောက်ချောက်နဲ့ Keyboard ရိုက်သံ
ကြိုးစားမှုတွေ မှန်နေတယ် မထင်နဲ့
ရည်းစား တစ်ယောက်ရရေး
Chatroom တွေ လိုက်မေးပြီး
ကျနော်ကတော့ Master
Russia နေတာပေါ့ကြွား
ခပ်ထွားထွား လေလုံးပစ်
ကြက်ဥနှစ်ကို ဆားနဲ့နယ်
ထမင်းတောင် မတည်နိုင်တော့ဘူး..။
အချိန်တန်တော့ စက်ဖွင့်
လေ့လာဖြစ်တာ all ကား
လှတဲ့ အိုး၊ ဖြိုးတဲ့တင်
မြင်သမျှ သရေကျ
ဟင်း…၊ ….. လိုက်ရ ဆိုတဲ့ စိတ်နဲ့
မိုးလင်းတော့ ကသုတ်ကရက်
ကားဂိတ်မှာ မတ်တပ်ရပ်ပြီး
ဖင်မှန်သမျှ လိုက်ကြည့်
တချို့ကလည်း မြန်မာအထာသိတော့
အင်္ကျီကိုဆွဲချ၊ တင်ပါးဆို ဖုံးထားမှ ဆိုတဲ့ အတွေးနဲ့။
လေ့လာတာ all ကား
ရှုစားတာ မိန်းမဖင်
သင်ချင်တာ Chat အကြောင်း
ငမိုက်သားအပေါင်းက
လိုချင်တော့ ၅ မှတ်
ဘာစာမှ မတတ်ပေမယ့်
ဆရာမကို ဆီးကြို၊ အထုပ်ကို ခပ်သွက်သွက်နဲ့
ပြေးယူတတ်သူတွေတောင်
Programmer ဖြစ်နေကြပြီပဲ
ဆရာသင်တဲ့စာ၊ ဘာဆို ဘာမှမသိ
ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း ကျေနပ်နေကြပြီ။
ဒီတခါ Анюта
ခဏတာဝင်ငေး
အသားဈေးထိုးကျ
ရောင်းမရလို့တဲ့
ကြက်ဥဈေးခေါင်ခိုက်
ကုလားပဲ လှည်းနဲ့တိုက်ပြီး
ပုတ်ရိုက်ရောင်းစား
သြော်.. မြန်မာတွေတောင် တော်တော်များလာပြီပဲ။
၂၀၁၀ ရဲ့ တစ်နေ့
အောင်ပွဲတွေ ပွေ့ပြီး
နျူကလီးယား စက်ရုံသစ်
ဖဲကြိုးဖြတ် ဖွင့်ဖြစ်ရင်တော့
အင်း..
မြန်မာပြည်မြေပုံ အသစ်ဖြစ်ပြီ ထင်ပါရဲ့။ ။
from Ko Shar Shay
http://wunnasoe.co.cc/?p=828
၅ မှတ် = ရုရှား က ကျောင်းအမှတ်ပေးပုံ စနစ် ဖြစ်ပုံရတယ်။ ( အမေရိကန်ကျောင်းတွေက A, B, C, D အဆင့်သတ်မှတ်သလိုမျိုး။ A ကတော့အမြင့်ဆုံး။ A ထက်မြင့်တာက A+ ။
All ကား = အပြာကား များ ကိုဆိုလိုပုံရတယ်။
AHIOTA = ( ရုရှားလို အန်ညုတာ လို့ အသံထွက်တယ်။ K-mart severn- eleven လို စတိုးဆိုင်လေးတွေ။
ဒီဆိုင်တွေက ရုရှားနိင်ငံအနှံအပြားမှာရှိတယ်။ We fight We Win )
ဒီကဗျာ ကို ကြည့် ခြင်းအားဖြင့် ရုရှားမှာ ပညာသင်လွှတ်ထားတဲ့ သူတွေအတော့ ကိုအခြေအနေဆိုးနေကြပုံရတယ်။ အကူညီလိုရင် ပြောကြပါ။ တတ်နိင်သလောက်ကျနော်တို့ ကူညီပေးပါမယ်။
4 comments :
ကဗျာလေးကိုဖတ်ကြည့်လိုက်တာ .....
ရေးဖွဲ့ထားပုံကို တော်တော်သဘောကျသွားတယ်
:D :D
ကျွန်တော် ပြည်ပြေး မိုးသီး...အတင်းတုပ် အပုပ်ချယုံကလွဲပြီး..ဘာမှ..မတတ်ပါ...ကျွန်တော့်ရှေ့က..ဖွတ်ဒေါင်းအလံထောင်...အဖွဲ့သားတွေလည်းဒီလိုအတင်းတုပ်...အပုပ်ချယုံနဲ့သေသွားကျတယ်..ဒီိမိုက..ဘာမှ မထူးခြား...ကျွန်တော် ပြည်ပြေးမိုးသီးတို့လက်ထပ်လည်း...မီးကုန်ယမ်းကုန်...အတင်းတုပ် အပုပ်ချနေတာပဲ..ခုထိတော့...ဘာမှ မထူးခြားပါ...ကျွန်တော်တို့ ခွပ်ဒေါင်းအလံထောင်...အဖွဲ့သားတွေကလည်း...ကျွန်တော်ပြည်ပြေး မိုးသီး....အပါအ၀င်..အားလုံးတာခွေယိုင်တွေပါပဲဗျာ...မကြာခင်...ကျွန်တော်ပြည်ပြေးမိုးသီး အရိုး...မြေကြီးထဲ..ရောက်တော့မယ်...ဒီမိုက ဘာမှထူးခြားမလာပေ...ကျွန်တော်တို့နိုင်ငံရေးသမားဆိုတာ..ရွှေထက်ရှားဗျ...ဘာလို့လဲဆိုတော့...နိုင်ငံရေးသမားဆိုတာ...အလုပ်အကိုင်မယ်မယ်ရရ..မလုပ်ချင်..ဟိုယောင်ယောင် ..ဒီယောာင်ယောင်သမားတွေဆိုတော့...ဘယ်သူမှအထင်မကြီးဘူးလေဗျာ...ဒါပေမယ့် ကျွန်တော်ပြည်ပြေးမိုးသီးလုပ်ပါတယ်...ဒီအလုပ်ကလည်း..ကျွန်တော်ကိုယ်တိုင်...၀ါသနာပါလို့လေ..နောင်လည်း ဆက်လုပ်သွားမှာပါ...တွေ့တယ်မှတ်လား...ကျွန်တော့်ရဲ့...စည်းရုံးမှုတွေဟာ...ဘယ်လောက်ထိ အောင်မြင်သလဲဆို...ဘုရားသားတောင်..ပါလာပြီ...တနည်းအားဖြင့်ပြောရရင်...ကျွန်တော်ဘုရားသားကိုပါ...အစိုးရနဲ့ ရန်တိုက်ပေးတာလေ..ဟဲဟဲ....ကျွန်တော် သေရင် ငရဲပြည်ရောက်လည်း ဂရုမစိုက်ပေါင်...ဘာလို့လဲဆိုတော့...ကျွန်တော်က...ငရဲမင်းကြီးကို...ကျွန်တော် ငရဲမကျအောင် စည်းရုံးပစ်လိုက်မှာ...ခင်ဗျားတို့လည်း ငရဲမကျချင်ရင် ..ကျုပ်ကို ကပ်ထားနော်..ဟဲဟဲ .....။
စာရေးသားသူ National Lee Development အဖွဲ့ဝင် ကျွန်တော် ပြည်ပြေးမိုးသီး
ကျွန်တော်ပြည်ပြေး မိုးသီး National Lee Development အဖွဲ့ဝင်တစ်ယောက်ပါ...ကျွန်တော်တို့ ခွပ်ဒေါင်းအလံထောင်...အဖွဲ့အစည်းတွင်းက ပုဂ္ဂိုလ်တွေကတော့...အားလုံးတာခွေယိုင်တွေကြီးပါပဲ...ကျွန်တော့်ရဲ့ အလုပ်..အတင်းတုပ် အပုပ်ချခြင်း....ကျွန်တော်၏ခံယူချက်..မိမိ နိုင်ငံ ဘယ်လောက်ပင် သိက္ခာကျစေကာမူ...ကျွန်တော် ဗိုက်ဝရင်ပြီးတာပဲ....ကျွန်တော်ကတော့တုပ်မှာပဲ...ငါပြောချင်တာဒါပဲ..ဘာမရှင်းတာရှိလဲ...။
Post a Comment