Sunday, 4 January 2009

အမေရိကန် အစိုးရ က (၆၁) နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ သ၀ဏ်လွှာပေးပို့


















(ယာ ပုံ) မြန်မာနိုင်ငံ ပထမဦးဆုံး သမ္မတ စပ်ရွှေသိုက် ကို ၁၉၄၈ ဇန္န၀ါရီလ (၄) ရက် လွတ်လပ်ရေးနေ့ အခမ်းအနား ၌
နိုင်ငံတော် အလံ ကို လွှင့်ထူစဉ် တွေ့မြင်ရပုံ
(၀ဲ ပုံ) လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချူပ်အောင်ဆန်း အင်္ဂလန်နိုင်ငံ သို့သွားရောက်ပြီး လွတ်လပ်ရေး တောင်းဆိုစဉ်


-တီကေ-

အမေရိကန် အစိုးရမှ ၆၁ နှစ်မြောက် မြန်မာပြည် လွတ်လပ်ရေးနေ့ အကြို၊ သောကြာနေ့ ၌ စစ်အာဏာရှင် လက်အောက်မှ မြန်မာပြည် အား ဒီမိုကရေစီ ထူထောင်ရေး အတွက် ထောက်ခံကြိုးစား သွားမည် ဟု ပြောဆိုခဲ့ပါသည်။ နိုင်ငံခြားရေးရုံး မှ ပြောပိုင်ခွင့် ရှိသူ ရှောင် မက်ကွမ်မက် က မြန်မာ လွတ်လပ်ရေး နှစ်ပတ်လည်၌ ၁၉၆၂ ခုနှစ် မှ စတင်ခဲ့သော စစ်အာဏာရှင်တို့ ၏ လူအခွင့်အရေးချိုးဖောက်မှု များကို ရှုံ့ချသွားခဲ့ပါသည်။

“ကျနော်တို့ အနေနဲ့ ဤအခါသမယ မှာ မြန်မာပြည်သူများ အတွက် ဆုမွန်ကောင်းများ တောင်းလိုက်ပါတယ်။ ဗိုလ်ချုပ်အောင် ဆန်း ဦးဆောင်ခဲ့တဲ့ မြန်မာလွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းဟာ ကျနော်တို့ ၁၈ရာစု က အင်္ဂလိပ် ကိုလိုနီ ဘ၀ က လွတ်လပ်ရေးကြိုးပမ်းမှု နဲ့ အလားတူပါဘဲ” ဟု မက်ကွမ်မက် က ဆိုခဲ့ပါသည်။

“ကျနော်တို့ ဟာ မိမိတို့ရဲ့ ကိုယ်ပိုင်လူအခွင့်အရေးတွေ ရဖို့ ငြိမ်းချမ်းစွာ ကြိုးပမ်းဆောင်ရွက် နေတာတွေ ကို ထောက်ခံပါတယ်၊ ဒီနေ့ဒီအချိန်မှာ ကျနော်တို့ မြန်မာပြည်သူတို့နဲ့ တကွ ရပ်တည်ထောက်ခံ နေခြင်းဟာလည်း ဗိုလ်ချုပ်အောင်ဆန်း ရဲ့ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး နဲ့ တိုင်းပြည်သာယာဝပြောရေး ဖော်ဆောင်ကြိုးပမ်းမှု့ များ ကိုလေးစားဂုဏ် ပြုခြင်းကြောင့်ဖြစ်ပါတယ်။”

“ အဲဒီတနေ့ ဟာလည်း အမြန်ဆုံး ရောက်လာမယ်လို့ ကျနော်တို့ စိတ်အားထက်သန်စွာ မျှော်လင့်နေကြ ပါတယ်။ မြန်မာနိုင်ငံကို ဒီမိုကရေစီ နိုင်ငံတော်သစ် ပေါ်ထွန်းရေးကို အမေရိကန်အစိုးရ အနေနှင့် အားသွန် ခွန်စိုက် ကျိုးပမ်းသွားမည်ဖြစ်ကြောင်း” မက်ကွမ်မက် က ပြောဆိုသွားပါသည်။

သူ၏မိန့်ခွန်းများ ၌ နအဖ အဓမ္မ ပြောင်းလဲထား သော Myanmar အစား Burma ဟူ၍သာ တောက်လျှောက် သုံးသွားခဲ့ပါသည်။



Rest of your post

No comments :