Friday, 30 January 2009

သွေးမြေကျသည့် အိုင်ယာလန်ညီလာခံ

ပုံ- ထိုင်ဝမ်ပါလီမာန်မှာ အမတ်အချင်းချင်း နဖူးကွဲအောင် ချခဲ့ကြတဲ့ပွဲ

NEJ / ၂၉ ဇန်န၀ါရီ ၂၀၀၉

မကြာခင်က အိုင်ယာလန်နိုင်ငံတွင် ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသမဂ္ဂ (အမ်ပီယူ) ညီလာခံ၌ စင်ပြိုင်အစိုးရကို တိုးချဲ့နိုင်ခဲ့သော်လည်း စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေး (Credential Challenge) ကိစ္စမဲခွဲရာ၌ ၀န်ကြီးရာထူးပေးပြီး ကန့်ကွက်မဲဝယ်ယူမှုများ ရှိခဲ့သည်ဟု အမ်ပီယူ ဒု-ဥက္ကဋ္ဌက ခေတ်ပြိုင်သို့ ပြောသည်။

စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေးကိစ္စ ညီလာခံတွင် မဲခွဲရာ ကန့်ကွက်မဲ (၁၈) မဲ၊ ထောက်ခံမဲ (၁၅) ဖြင့် ဒေါက်တာစိန်ဝင်းခေါင်းဆောင်သည့် ကန့်ကွက်သည့်အုပ်စုဘက်က အနိုင်ရသွားသည်ဟု အမတ်တဦးက ပြောသည်။ ဒေါက်တာစိန်ဝင်း၊ ဦးဘိုလှတင့်နှင့် စိုင်းဝင်းဖေတို့ကလည်း ရာထူးမှထွက်မည်ဆိုပြီး ခြိမ်းခြောက်ခဲ့သည်ဟု ဆက်ပြောသည်။

သို့သော် မူလက စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေးကို အားတက်သရော ထောက်ခံခဲ့သည့် အမတ်အချို့ကို တိုးချဲ့သည့် စင်ပြိုင်အစိုးရတွင် ၀န်ကြီးရာထူးပေးလိုက်သည့်အတွက် ဘက်ပြောင်းသွားသည့် ထိုအမတ်များ၏ ကန့်ကွက်မဲကြောင့် အရေးနိမ့်ခဲ့ရခြင်းဖြစ်သည်ဟု အမ်ပီယူ ဒု-ဥက္ကဋ္ဌ ဒေါ်စန်းစန်းက ပြောသည်။

အမတ်အချင်းချင်း နဖူးကွဲအောင် တိုက်ပွဲဝင်ပြီးမှ စင်ပြိုင်အစိုးရတိုးချဲ့နိုင်
စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေးပျက်အောင် ၀န်ကြီးရာထူးနှင့် ကန့်ကွက်မဲဝယ်ဟု စွပ်စွဲ

တချိန်က စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေးကမ်ပိန်းကို အားတက်သရော ထောက်ခံခဲ့သူများဖြစ်ပြီး အိုင်ယာလန်ညီလာခံကျမှ ဘက်ပြောင်းပြီး ကန့်ကွက်မဲပေးခဲ့သူ အမတ် (၂) ဦးမှာ တိုးချဲ့စင်ပြိုင်အစိုးရတွင် ပူပူနွေးနွေး ၀န်ကြီးရာထူးသစ် ခန့်အပ်ခြင်းခံရသူများဖြစ်သည့် အမတ် ဦးဝင်းလှိုင်နှင့် အမတ် ဦးထွန်းဝင်းတို့ ဖြစ်သည်ဟု အမည်မဖော်လိုသည့် အမတ်တဦးက ပြောသည်။ အဆိုပါ ဘက်ပြောင်းသွားသည့် အမတ် ၂ ဦးမဲက စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေး (Credential Challenge) ကိစ္စ အနိုင်အရှုံးကို ဆုံးဖြတ်သွားသည်ဟု ဒေါ်စန်းစန်းက ယူဆသည်။ ဘက်ပြောင်းသွားသည့်ကိစ္စနှင့် ပတ်သက်၍ မေးရန် အမတ် ဦးထွန်းဝင်းအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းမကိုင်ခဲ့ပေ။

စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေးကိစ္စ ကုလသမဂ္ဂသို့ တင်သွင်းမည့် အစီအစဉ်ကို ဒေါက်တာ စိန်ဝင်းခေါင်းဆောင်သည့် ယခင် (၅) ဦး စင်ပြိုင်အစိုးရ (ဟောင်း) က မထောက်ခံခဲ့ပေ။ ထို့ကြောင့် ညီလာခံ မတိုင်မီ် အုပ်စုအားပြိုင်မှုများ၊ မဲဆွယ်မှုများ၊ မဲဝယ်မှုများ ရှိနေသည်ဟု စုံစမ်းသိရသည်။ ညီလာခံမစခင်ကပင် ဒေါက်တာစိန်ဝင်းအုပ်စုက မည်သည့်ကိစ္စ ဆွေးနွေးမည်၊ မည်သည့်ကိစ္စ ကန့်ကွက်မည်ကို ထောက်ခံသူများနှင့် ကြိုတင် စည်းဝါးရိုက်ထားပြီးဖြစ်သည်ဟု ဒေါ်စန်းစန်းက စွပ်စွဲသည်။

စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေး ထောက်ခံသည့် အမတ်အချို့ ၀န်ကြီးဖြစ်တော့မည်ဆိုသည့်သတင်းမှာ ညီလာခံမသွားခင်ကပင် မဲဆောက်နိုင်ငံရေးလောကတွင် သတင်းပျံ့နှံ့နေသည်။ ၀န်ကြီးဖြစ်မည့်သူ တဦးကဆိုလျှင် ဒေါက်တာစိန်ဝင်းကျေနပ်အောင် စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေးကိစ္စကို ကန့်ကွက်မှ ဖြစ်မည်ဟုပင် လာပြောကြောင်း ဒေါ်စန်းစန်းက ပြောသည်။

အိုင်ယာလန်တွင် ကျင်းပခဲ့သည့် အမ်ပီယူညီလာခံကာလအတွင်း အမတ်အချင်းချင်း စကားများပြီး ထိုးကြိတ်သတ်ပုတ်ကြသည့်အတွက် သွေးထွက်သံယို နဖူးကွဲပြီး ချုပ်ရသည်ထိ ဖြစ်ခဲ့ကြောင်း ဒေါ်စန်းစန်းက အတည်ပြုပြောသော်လည်း မည်သည့်အမတ်များဖြစ်ကြောင်း ပြောဆိုရန် ငြင်းဆန်ခဲ့သည်။

သို့သော် ညီလာခံ၌ အမတ် ဦးအောင်ထွန်းစိန်နှင့် အမတ် ဦးထွန်းဝင်းတို့နှစ်ဦး ထိုးကြိတ်မည့် အခြေအနေများထိ ရောက်ခဲ့ကြောင်း မျက်မြင်သက်သေများက ပြောသော်လည်း မည်သည့်ကိစ္စအတွက် ခိုက်ရန်ဖြစ်သည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

Rest of your post

8 comments :

Anonymous said...

သို့
အယ်ဒီတာ
ခေတ်ပြိုင်
၃၁-၁-၀၉
အိုင်ယာလန်နိုင်ငံ၊ ဒပ်ဘလင်မြို့တော်အနီး၊ မာလာဟိုက်တွင် ကျင်းပပြီးစီးခဲ့သည် စတုတ္ထအကြိမ်မြောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့(MPU) ညီလာခံတွင် အကြိတ်အနယ် ဆွေးနွေး-ငြင်ခုံမှုများ ရှိခဲ့သည် မှန်သော်လည်း ကိုယ်စားလှယ်များအားလုံးက လူကြီးလူကောင်းဆန်စွာ ပြုမူ-ဆက်ဆံ-ပြောဆိုခဲ့ကြပါသည်။ စစ်အစိုးရ၏ ကုလသမဂ္ဂနေရာစိန်ခေါ်ရေး (Credential Challenge) ကိစ္စ လုပ်သင့်-မသင့်ကို မဲခွဲဆုံးဖြတ်ပြီးမှသာလျင် အစီအစဉ်အရ ၀န်ကြီးချုပ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ (Credential Challenge) ကိစ္စအတွက် မဲခွဲစဉ်သည့်အချိန်တွင် မည်သူသည် ၀န်ကြီးချုပ်ဖြစ်လာမည်ကို မည်သူမျှ ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိခဲ့သည်မှ အမှန်ပင်ဖြစ်သည်။
ထို့နောက် လှို့ဝှက်မဲဖြင့် ရွေးခံရသည့်ဝန်ကြီးချုပ်မှ ၀န်ကြီးအဖွဲ့စာရင်းကို ရာထားခဲ့ခြင်းသာဖြစ်ခြင်းကြောင့် (Credential Challenge) ကိစ္စအတွက် ၀န်ကြီးနေရာပေး၍ မဲဝယ်-မဲဆွယ်မှုဖြစ်စရာအကြောင်းလုံးဝမရှိပါ။ ၀န်ကြီးချုပ်မှ တင်သွင်းသည့် ၀န်ကြီးများအားလည်း လှို့ဝှက်မဲဖြင့်သာ လုံးလုံးလျားလျားအများစုဆန္ဒမဲ (Absolute majority) ဖြင့် ညီလာခံမှ အတည်ပြုသည်ဖြစ်ခြင်းကြောင့် ဒီမိုကရေစီကျင့်စဉ်အတိုင်း အပြည့်အ၀ ရွက်ဆောင်ခြင်းဖြစ်ပါသည်။ ဒီမိုကရေစီနည်းကျ ရွေးချယ်ပြီးသည့် ၀န်ကြီးအဖွဲ့သည် အလှည့်ကျသဘာပတိ ဒေါ်စန်းစန်း၏ရှေ့မှောက်တွင်ပင် ကတိသစ္စာ ဆိုခဲ့ကြသည်လည်းဖြစ်ပါသည်။
ဒေါက်တာတင့်ဆွေ
ပြန်ကြားရေးဝန်ကြီး
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ

(လူကြီးမင်း၏ အီးမေးလိပ်စညအတိုင်း ပို့သော်လည်း ပြန်ထွက်လာပါသည်။)

လူကြီးမင်းပေးထာသော (အီးမေးလ်)လိပ်စာအတိုင်း စာရေးလို့မရပါခင်ဗျား။

Anonymous said...

အာဏာရှင်ဒေါက်တာစိန်ဝင်းအောက် အမ်ပီယူ များ သွေးမြေကျရခြင်း ဆိုတဲ့ ခေါင်းစဉ်မျိုးသုံးပါလား အယ်ချုပ်ရယ်

Anonymous said...

တင့်ဆွေ.....

အော် ကိုတင့်ဆွေ....အာဏာရှင် ကို တိုက်နေတာလား? အာဏာရှင်တွေကို ထောက်ခံနေတာလား ဆိုတာ ရှင်းရှင်းလင်း နဲ့ သွေးအေးအေးထားပြီး စဉ်းစားစေချင်တယ် မောင်ရင်။ မောင်ရင် တင်ထားတဲ့ ၀န်ကြီးချူပ်ဆိုသူက ဘယ်လောက်ကြာအောင် ၀န်ကြီးချူပ် လုပ်အုန်းမှာလဲ။ ၁၈ နှစ်လည်းရှိသွားပြီလေ။ လူ ငါးယောက် အစိုးရ ဆိုပြီး လူတွေလည်း ပြောနေကြပြီ။ မောင်ရင်တို့က အစိုးရ မဟုတ်ဘူး။ ဒေါ်စု မိန်းမ ထမိန်နား ခိုစားနေတဲ့ စောက်ရှောက်မရှိတဲ့ လူငါးယောက်ဂိုဏ်း ဆိုတာကော မောင်ရင်ဝန်မခံလည်း တကမ္ဘာလုံးက မြန်မာအတိုက်အခံ အင်အားစုတွေ ကသိနေကြပြီ။ စောက်ရှက်မရှိ အစိုးရဆိုပြီးပြောမနေပါနဲ့ကွာ။

ဓနုသား ကောင် ကိုလည်းပြောလိုက်အုန်း။ Casino သွားပြီး၊ ဇတ်ထဲက ဘဏ္ဍာရေး ၀န်ကြီးလို ဟန်ရေး သိပ်မပြနဲ့အုန်းလို့။ လူတွေသေပြီး ရခဲ့တဲ့ နိုင်ငံခြားကပေးတဲ့ငွေတွေကို ဘဏ္ဍာရေးစာရင်းလေး အများရှေ့မှာ ရှင်းပေးပါအုံးလို့။

မင်းတို့ကို ဘယ်သူမှ အာဏာရှင်ကို တိုက်နေတယ် လို့ ငါတို့ မသတ်မှတ်တော့ဘူး။ မင်းလည်း အာဏာရှင် တကောင်ဖြစ်လာမဲ့ကောင်ပါကွာ။

မြင့်မောင်
မင်းရဲ့ လုပ်ဖော်ကိုင်ဘက်
ပြည်သူလွှတ်တော်ကိုယ်စလှယ် (၁၉၉၀)

Anonymous said...

စောက်ရှက်မရှိ အစိုးရလို့ပြောမနေနဲ့။ မင်းတို့လည်း လူ ၇ ယောက်အုပ်စုဘဲ။ စောက်အာဏာရှုးတွေ။ ချီးပေတဲ့ကောင်တွေ။ လခစား အချောင်သမားတွေ။

Anonymous said...

မာနယ်ပလောမှာ အတူတူနေခဲ့-စားခဲ့တဲ့ ရောင်းရင်းကြီး ဦးမြင့်မောင်ဆိုရင် ကျွန်တော် ၀မ်းသာအားရ နုပ်ဆက်ပါတယ်။
လူတိုင်းကို လူတိုင်းက ကြိုက်တယ်ဆိုတာ မရှိကြောင်း ကျွန်တော် ကောင်းကောင်း လက်ခံပါတယ်။ ဒီမိုကရေစီ ကျင့်စဉ်အရ အနည်းကို အများလေးစားပြီး၊ အများက တာဝန်ယူရတာ မဟုတ်လား။ ဘယ်သူမှတော့ မဲရာနှုန်းပြည့် မရကြပါ။ ရှိနေတာက ၃၃ ယောက်ထဲ ဆိုတော့ ဒီအဖြေထက်ကောင်းတာ မရဘူးပေါ့။ ဦးမြင့်မောင်တို့သာ ဆက်ရှိရင် တမျိုးမဖြစ်ဘူးဆိုတာ ဘယ်သူပြောနိုင်မလဲ။
ကျန်းမာ-ချမ်းသာပါစေ။

Anonymous said...

အော်... လူတွေ လူတွေ .. အတော်တရားကျဖို့ကောင်းပါလားနော်.. အာဏာဆိုတာများကြောက်စရာကောင်းလိုက်တာနော်...