Monday, 26 January 2009

ဂျပန်ကုမ္ပဏီများ စက်ရုပ်-ရဲ အသစ်ထုတ်လုပ်

ပိုက်ကွန်နဲ့ ပစ်ဖမ်းနိုင်တဲ့ T-34 စက်ရုပ်-ရဲ

ဂျပန် ကုမ္ပဏီ နှစ်ခုဟာ ဆိုရင် မိုဘိုင်းဖုန်းကနေ အမိန့်ပေးကာ ပိုင်နက်ကျူးကျော်သူလို့ သံသယ ရှိသူတွေကို ပိုက်ကွန်ပစ် ဖမ်းပေးနိုင်တဲ့ လုံခြုံရေးစက်ရုပ် ကို ထုတ်လုပ်နိုင် ခဲ့ပါပြီ။ Tmsuk ကုမ္ပဏီ နှင့် Alacom ကုမ္ပဏီတို့က စက်ပိုင်းနဲ့ လုံခြုံရေးပိုင်းကို ပူးပေါင်းပြီးဒီ T-34 ရှေ့ပြေးပုံစံကို ထုတ်လုပ်ခဲ့တာပါ။ စက်ရုပ်ကို မိုဘိုင်းဖုန်းကနေ ကြည့်ပြီး ထိန်းချုပ်နိုင်ပြီး တော့ အကွာအဝေးအရတော့ သူဟာ၁၀ ကီလိုမီတာလောက် အထိကို ရွေ့လျားနိုင် ပါတယ်။

ဒီစက်ရုပ်ငယ်လေးမှာ ဆိုရင် ရွေ့လျားနိုင်တဲ့ ဘီးတွေပါရှိပြီး ပိုင်နက်ကျူးကျော်သူရဲ့ ရွေ့လျားမှု ကို သတိပြုမိစေတဲ့ လုံးခြုံရေး အချက်ပေးတဲ့ ဟာပါရှိပါတယ်။ ဒီကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာတော့ ဒီစက်ရုပ်ငယ်ဟာ တစ်ခါတစ်ရံမှာ မှားရွင်းပြီးလုံးခြုံရေး အချက်ပေးသံ ထွက်ပေါ်လာနိုင်ပေမဲ့ ဒီစက်ရုပ်ရဲ့ တည်နေရာကို ကြည့်ပြီး လိုအပ်တဲ့ လုပ်ဆောင်ချက်တွေကို ပိုပြီး ထိထိ ရောက်ရောက် လုပ်နိုင်ပါလိမ့်မယ်လို့ ဖော်ပြထားပါတယ်။



Rest of your post

No comments :