Monday, 26 January 2009

၂၀၀၉ ခုနှစ် အမေရိကန် အလှသရဖူမလေး ကေတီ စတန်းမ်

၂၀၀၉ ခုနှစ် အမေရိကန် အလှသရဖူပိုင်ရှင်သစ် ကေတီစတန်းမ်

-ပက်ထရစ်ရှာလင်း-

၂၀၀၉ ခုနှစ် ဇန္န၀ါရီ လ ၂၄ ရက်နေ့ ပြီးခဲ့တဲ့ စနေနေ့က အမေရိကန်နိုင်ငံ နီဗားဒါးပြည်နယ် လားဗီးဂက်စ် (Las Vegas, Nevada) Planet Hollywood Resort & Casino မှာ ၂၀၀၉ ခုနှစ် အမေရိကန် လှယဉ်ကျေးမယ် ပြိုင်ပွဲကို ကျင်းပခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ အမေရိကန်ရှိ ပြည်နယ်ပေါင်း ၅၂ ပြည်နယ် မှ လှယဉ်ကျေးမယ် များ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ အင်ဒီယားနားပြည်နယ် ကိုယ်စားဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အင်ဒီယားနားပြည်နယ် လှယဉ် ကျေးမယ် ကေတီ စတန်းမ် (Katie Stam) က ၂၀၀၉ ခုနှစ် အမေရိကန် လှယဉ်ကျေးမယ်ဆုကို ဆွတ်ခူး သွားပါတယ်။ အလှသရဖူမလေး ကေတီ စတန်းမ်ဟာ အသက် ၂၂ နှစ်ရှိပြီး၊ အသက် ၁၅ နှစ်ကတည်းက လှယဉ် ကျေးမယ် ပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့လို့ သိရပါတယ်။ သူမဟာ ရုပ်မြင်သံကြား သတင်းထောက် တယောက် ဖြစ်လာဖို့ ရည်မှန်းချက်တွေရှိခဲ့ပြီး၊ ၂၀၀၈ ခုနှစ် ဇွန်လမှာ သူမဟာ အင်ဒီယားနားပြည်နယ် လှယှဉ်ကျေးမယ် သရဖူကိုဆွတ်ခူးခဲ့သူလည်းဖြစ်ပါတယ်။

ရေကူးဝတ်စုံဖြင့်အလှပြခြင်း

ပြိုင်ပွဲဝင်ကာလ အတောအတွင်း သူမဟာ လည်ချောင်းနာနေခဲ့သော်လည်း၊ သီချင်းဆို မှု နှင့် ဥာဏ်ပညာ စွမ်းရည် ယှဉ်ပြိုင်မှုတွေမှာ သရဖူဆွတ်ခူးနိုင်ဖို့ ကျိုးစားသွားခဲ့ပါတယ်။ သူမဟာ အမေရိကန်နိုင်ငံ အင်ဒီယားနား ပိုးလစ်စ်တက္ကသိုလ်(University of Indianapolis) မှာ ဆက်ဆံရေး ဘာသာရပ် (Communication Major)ကို ပညာသင် ကြားနေသူတဦးဖြစ်ပြီး၊ အမေရိကန် အလှမယ်ဖြစ်လာတာနဲ့ တပြိုင်တည်း လူမှု့ရေးလုပ်ငန်းတွေ၊ ကလေးငယ်တွေ အကူအညီပေးရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွ လုပ်ဆောင်မည့်သူဖြစ်လာတော့မှာပါ။ အင်ဒီယားနားလှယဉ်ကျေးမယ် ကေတီ စတန်းမ် ဟာ ကမ္ဘာ့လှယဉ်ကျေးမယ်ပြိုင်ပွဲမှာ အမေရိကန်နိုင်ငံ ကိုယ်စား ၀င်ရောက်ယှဉ်ပြိုင်ပါလိမ့်မယ်။

ရုပ်မြင်သံကြားသတင်းထောက်ဖြစ်ချင်ပါတယ်ဆိုတဲ့ ကေတီ စတန်းမ် (Katie Stam)


သူမရဲ့ အလှများကို ဒီနေရာမှာ နှိပ်ပြီးကြည့်နိုင်ပါသည်။



Rest of your post

No comments :