Friday, 16 January 2009

မြန်မာ ကားဒရိုင်ဘာလည်း ခေသူမဟုတ်

အမေရိကန် ပိုင့်လော့ က လူ ၁၅၅ ယောက်အသက်
ကို ကျွမ်းကျင်မှု ကြောင့်ကယ်တင် နိင်လိုက်သလို မြန်မာ ဘစ်ကား ဒရိုင်ဘာကလည်း လူတွေရဲ့ အသက်ကိုကယ်တင်နိင် စွမ်းရှိတယ်ဆိုတာကို မနေ့ ကပြသ
လိုက်ပါတယ်။

ဖြစ်ပုံက ဇန်န၀ါရီ ၁၅ ရက်နေ့  ရန်ကုန်မှ မင်္ဂလာဒုံ ပုလဲ မြို့ သစ်သွား အမှတ် ၅၁ ကား ဟာ မြေနီကုန်းလွတ်တော်ရှေ့  ( အေဒီမီးပွင့်မရောက်ခင် ) မှာ လူတယောက်ကို တိုက်မိ မလို့ ဖြစ်စဉ်မှာ ကျွမ်းကျင်စွာရှောင်တိမ်းလိုက်တဲ့အတွက် ဒီလူဟာ
သေကံမပျောက် သက်မပျောက်ဖြစ် သွားရပါတယ်။ ကားပေါ်ပါလာတဲ့ခရီးသည်တွေလည်း ဘာမှမဖြစ်ကြပါဘူး။


နအဖ လက်ထက်မှာ လူတယောက်ရဲ့ အသက်နဲ့ ဘ၀ ဟာ ကြက်ကလေးငှက်ကလေးလို ပျောက်နေရတဲ့အချိန်မှာ ကားဒရိုင်ဘာ ဟာ လူတယောက်ရဲ့ အသက် ကို တန်ဖိုးထားပြီး ကျွမ်းကျင်စွာ အချိန်မှီရှောင်တိမ်း လိုက်နာတာတော့ ချီးကြူးရမှာပဲဖြစ်ပါတယ်။ ဒါပေမဲ့ ကားဒရိုင်ဘာကိုတော့ မော်တော်ပီကယ်ကဖမ်းသွားပါတယ်။အမေရိကန်မှာတော့ပိုင့်လော့ကိုရဲကရော၊သတင်းမီဒီယာတွေကပါချီးကြူးကြပါတယ်။

( မောင်လေး -ရန်ကုန် )

No comments :