Friday, 16 January 2009

အိုဘားမား သမတ ကျမ်း ကျိန်ပွဲ လုံခြုံရေး တိုးမြင့်


အမေရိကန်မှာ လူဖြူ အစွန်းရောက်တွေလည်း ရှိသဗျ။ အများစုတော့မဟုတ်ဘူး။ လူဖြူအစွန်းရောက် ဂိုဏ်းတွေထဲမှာ ကေသုံးလုံး ဂိုဏ်း ( Ku Klux Klan – KKK) တချိန်က အားကောင်းခဲ့ဘူးတယ်။လူမဲတွေကို အသားလွတ် သားဖြတ်တာတွေလုပ်ခဲ့တယ်။ ဒီဂိုဏ်း ကိုအတော်ကြာအောင်နိမ်နင်းလိုက်ရတယ်။ သူတို့ ဟာ မတရားအသင်းတခုအဖြစ်မြေအောက်ကိုငုံ့လျိုသွားကြတယ်။ ဒီအသင်း က အိုဘားမား သမတကျမ်းကျိန်တဲ့နေ့ မှာ အလံတွေကို ဇောက်ထိုးဆွဲ ပြီး ပြဖို့ ကြေညာချက်ထုတ်ထားတယ်။သမတကျမ်းကျိန်တဲ့နေ့နီးလာပြီ ဖြစ်တဲ့ အတွက် လုံခြုံရေးတွေ ပိုပြီးတိုးချလာတာကိုတွေ့ ရတယ်။ ကျမ်းသစ္စာကျိန်နေရာမှာ လာပြီး ကန့် ကွက်တာတွေ လုပ်နိင်တယ်လို့ ကာလီဖိုးနီးယား ပည်နယ်ဆန်ဘယ်ရင်နာဒီရို တြက္ကသိုလ် က အမုန်းတရား နဲ့ အစွန်းရောက် ၀ါဒ (Center for the Study of Hate and Extremism at) လေ့လာရေး ဗဟို ဌာန အကြီးအကဲ ဘရိုင်ယန်လီဗင်က ဆိုပါတယ်။ အက်ဘီအိုင် အကြီးအကဲကလည်း လူဖြူဘ၀င် မြင့်ရောဂါ (White Supremacy) တွေက လူနည်းစုထဲက သမတဖြစ်လာတဲ့အတွက် လှောင်ပြောင် ရှုံချမှုတွေ ရှိလာနိင်တယ်လို့  ဆိုပါတယ်။ ခြိမ်းခြောက်မှုတွေရှိလာနိင်တယ်လို့ဆိုတယ်။ လုံခြုံရေးကိုအတတ်နိင်ဆုံး တိုးမြင့်ချထားတယ်လို့ ဆိုတယ်။

White Supremacy - လူဖြူဘ၀င်မြင့် ရောဂါ ဆိုတာက ၊ ငါတို့ က လူဖြူတွေ တခြားလူမျိုးများ ( Color of People) တွေထက် မျိုးနွယ်အရ မြင့်မြတ်တယ်။ သာလွန်တယ်။ အသားဖြူတယ်၊ ရုပ်ချောတယ်၊ ညဏ်ပိုကောင်းတယ်စဖြင့်အခြောက်တိုက်ဘ၀င်မြင့်နေတယ်။ ဒါကြောင့် ငါတို့ ပဲအုပ်ချုပ်ရမယ်။ လူဖြူဖြစ်တာနဲ့ဦးစားပေးမှု ကိုလိုခြင်နေကြတယ်။ ဒီရောဂါသမားတွေ အာဏာရသွားတဲ့အတွက် အမေရိကန်ပြည်တွင်းစစ်၊နာဇီဂျာမဏီနဲ့ အမေရိကန် အသားရောင်ခွဲခြား ဆန်ကျင်ရေးလှုပ်ရှားမှုတွေ သမိုင်းမှာဖြစ်ခဲ့ဘူးတယ်။

No comments :