Sunday, 11 January 2009

အိုဘားမား ညစာ

ရွေးချယ် ထား - သမတ အိုဘားမား က ၀ါရှင်တန်မြို့ က Ben Chili Bowl ဆို တဲ့ ကိုယ်တိုင်တန်းစီယူ စားသောက် ဆိုင်မှာ ရုတ်တရက်ဝင်လာ ပြီး ညစာ စားသုံးပါတယ်။ သူကခပ်စပ်စပ် ကြပ်တိုက် ၀က်အူချောင်းနဲ့  ပေါင်းမုန်ကို မှာပါတယ်။ ကိုယ်တိုင်ထယူပြီကိုယ်တိုင် အိပ်ထဲက ပိုက်ဆံကိုထုတ်ပြီးငွေချေပါတယ်။ ဆိုင်ထဲကလူတွေက အံသြတကြီး ဖြစ်ကြပါတယ်။ ရောင်းတဲ့သူက ဆိုရင် မေ့ပြီး ဒိန်ခဲ ကို ညပ်ပေးလိုက်ဖို့ တောင် မေ့သွားတဲ့အတွက် အိုဘားမားက ချိစ် လေးထပ်ထဲ့ ပေးပါဦး လို့ မှာ ယူရလိုက်ပါတယ်။

-၀င်းဇော်-

5 comments :

Anonymous said...

That is a part of his humility. More are coming soon. It sounds very good president. We respect you Mr.Obama. We also hope such leader for our mother land.

Anonymous said...

ဗိုလ်သန်းရွှေ နီးပါး တော်ပါပေတယ် ကိုအိုဘားမားရယ်း)

Anonymous said...

ကော်လင်းပါဝယ်လဲ တစ်ခါတုန်းက နယူးရော့ ၀ါးဒေါ့အက်စတိုးရီးယား ဟော်တယ်ရှေ့က တွန်းလှည်းနဲ့ ရောင်းတဲ့ ဟော့ဒေါ့ သွားဝယ်စားတယ်။ ပင်စင် ယူပြီးတော့ နောက် တစ်ခေါက် ထပ်သွားစားတော့ ဈေးသည်က မှတ်မိသွားပြီး ပိုက်ဆံမယူဘူး။ ဒီတိုင်းပြည်က သူ့  ဘ၀ရပ်တည်နိုင်အောင် အခွင့်အလမ်း ဖန်တီးပေးလို့ ကျေးဇူးတင်လို့ လို့ ဆိုတယ်။

Anonymous said...

ဦးသန်းရွှေ အသက် ၄၀ လောက်က မြန်မာပြည်ရဲ့ တောထဲ တောင်ထဲမှာ စစ်တိုက်ရင်း ပဲဟင်းနဲ့ ငပိ စားပြီး နေခဲ့တာ ခင်ဗျားတို့ မသိလို့ နေမှာပါ

Anonymous said...

သိပ် သိတာပေါ့ဗျာ။ အဲဒီ မတိုင်ခင်တုန်းက မိတ္ထီလာမှာ စာတိုက် စာရေးလေး မောင်သန်းရွှေ လုပ်နေတုန်းက ထမင်းတောင် နပ် မမှန်ရှာဘူး။ သူ့ အရည်အချင်းနဲ့ အပြင်မှာ တက်လမ်းလဲ မမြင်၊ ငတ်လဲငတ်တာနဲ့ တပ်ထဲ ၀င်သွားပြီး ခုမှ အတိုးချ မြိုဆို့နေတာလေ။