Saturday 17 January 2009

ပိုးသတ်ဆေးများထုတ်လုပ်မှု ဥရောပ ပါလီမာန် ပိတ်ပင်


-ကေသွယ် (လန်ဒန်)-

ဥရောပ ပါလီမာန်က ပိုးမွားနိမ်နင်းဓါတုဆေးဝါးတွေကိုအသုံးပြုတာနဲ့ ပတ်သက်လို့  ပိတ်ပင်တဲ့ဥပေဒ တရပ် ကိုပြဌာန်းလိုက်ပါ တယ်။ လယ်သမားတွေကတော့ ပိုးမွားတွေကို မနိမ်နင်းရဘူးဆိုရင် သီးနှံထွက် တွေကျဆင်း လိမ့်မယ်လို့ စောဒကတက်ကြပါတယ်။ ဒါပေမဲ့ သဘာပတ်ဝန်းကျင်ပညာရှင်များ ကတော့ ပိုးမွားနိမ်နင်း တဲ့ဆေးဝါးတွေ မသုံးရင် ကျမ္မာရေး နဲ့  သီးနှံထွက်မှုကို တိုးတက်ပါစေလိမ့်မယ်လို့  တိုက်တွန်းနိုးဆော် ခဲ့ကြပါတယ်။

လယ်သမားတွေကတော့ ဒီဆေးတွေဟာ ပိုးမွားတွေကို နိမ်နင်းတဲ့နေရာမှာ ထိရောက်တယ်။ မြန်တယ်။ မလိုအပ်တဲ့ ပိုးမွားကိုပဲ သက်ရောက်စေတယ်။ သုံးရတာလည်းလွယ်ကူတယ်။ သီးနှံ ပျက်ဆီးမှုတွေကို ကာကွယ် နိင်တဲ့ အတွက် သီနှံအထွက်တိုးလာတယ်လို့ ဆိုပါတယ်။

လယ်သမားတွေနဲ့ ဆန်ကျင်ဖက် သဘ၀၀န်းကျင် ပညာရှင်များကတော့ ဒီဆေးဝါးတွေကို သုံးစွဲ နိမ်နင်းနေရတဲ့ သူတွေကို ဘေးဥဒ် ဖြစ်စေမယ်။ အကျိုးပြုနေတဲ့ ပိုးမွားတွေကိုလည်း သေကြေပျက်စီးစေနိင်တယ်။ ဆေးဝါးတွေ က ကန်သင်းကို ကျော်ပြီး ရေနှုတ်မြောင်းတွေက တဆင့် မလိုအပ်တဲ့နေရာတွေကို ရောက်စေပြီး သဘာဝ ပတ်ဝန်းကျင် တွေကိုထိခိုက်ပျက်စီးစေနိင်တယ်လို့  ပြန်လည်ထောက်ပြပါတယ်။ ဆေးဝါးသုတေနသ အသင်းက ပါရဂူတဦးဖြစ်တဲ့ ကာရိုလိုင်း ဘိုနီထောက်ပြတာကတော့ ပိုးမွားနိမ်နင်းရေး ဆေးဝါးတွေကို ထုတ်လှုပ်မှု ကို ရပ်ဆိုင်းလိုက်ရင် ပြသာနာသစ်တွေလည်း ပေါ်လာနိင်တယ်လို့ ဆိုတယ်။

ဒါကတော့ ဆေးထုတ်လှုပ်မှုရပ်ဆိုင်းလိုက်ရင် ဈေးကွက်မှာ ရှားပါးလာပြီးရှိပြီးသားပိုးမွား ကာကွယ် ရေးဆေး တွေက ဈေးခေါင်ခိုက် အောင်ကြီးလာလိမ့်မယ်။နောက်တချက်က သုတေသနပြုမှုတွေ နဲ့ ဖွံ့  ဖြိုးမှုတွေ လုပ်ငန်း တွေထိခိုက်စေမယ်လို့ ဆိုတယ်။ ဥပမာအားဖြင့် လူပေါင်း ၁သန်းနီးပါး နစ်စဉ် သေဆုံးနေရတဲ့ ငှက်ဖျားရောဂါ လို တိုက်ဖျက်ရေးလုပ်ငန်းတွေဖြစ်ပါတယ်။


Rest of your post

No comments :