-ပက်ထရစ်ရှာလင်း-
အမေရိကန် ကျန်းမာရေးဌာနက ဂျော်ဂျီယာ ပြည်နယ်ရှိ ပီးနပ် ကုမ္ပဏီ ( Peanut Corp) စက်ရုံက ထုတ်လုပ်သော မြေပဲထောပတ်ယို (Peanut Butter)ပါသော အစားအစာတွေ ကို ဓာတ်ခွဲစမ်းသပ်ရာမှာ အစာအဆိပ်သင့်တာ တွေ့ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ အစိုးရတာဝန်ရှိသူတွေဟာ ဆက်လက် စုံစမ်းစပ်သပ်မှုတွေကို ပြုလုပ်နေပြီး၊ ဒီအတောအတွင်း မြေပဲထောပတ်ယို(( Peanut Butter))ကို စားသုံးမှုရှောင်ကြဉ်ကြဖို့တိုက်တွန်းနိုးဆော်ထားပါတယ်။
အမေရိကန်အစိုးရ ရဲ့ FDA ( Food and Drug Administration) ဌာနက တော့ စူပါမားကတ်တွေမှာ ရောင်းချနေသော အများစု မြေပဲထောပတ်ယို ( Peanut Butter) ပုလင်းတွေဟာ သုံးစွဲဖို့ လုံခြုံစိတ်ချရပါတယ် လို့တော့ ပြောဆိုခဲ့ပါတယ်။
မြေပဲထောပတ်ယို တွင် ဆယ်မွန်နဲလား ဓာတုဗေဒ ဓာတ်ကြောင့် အဆိပ်သင့်အစားအစာများ စားသုံးမိပါက အသက် သေစေနိုင် ကြောင်း ဖော်ပြထားပါသည်။ အခုအခါ ပြည်နယ်ပေါင်း ၄၃ ပြည်နယ်မှာ လူပေါင်း ၄၇၀ ဖျားနာနေပြီး၊ လူ ၉၀ ကို ဆေးရုံတွေ မှာ တင် ကုသနေရပြီး၊ လူ ၆ ယောက်သေဆုံးခဲ့တယ်လို့ ရောဂါ ကာကွယ်ရေးနှင့် တိုက်ဖျက်ရေး က အကြီးအကဲ ဒေါက်တာ ရောဘတ်တော့ဆီ က ထုတ်ဖော်ပြောဆို ခဲ့ပါသည်။ ကဲလော့ (Kellogg Co) ကုမ္ပဏီ က မြေပဲထောပတ်ယို ပါဝင်ပက်သက်သော ပစ္စည်းအမယ် ၁၆ ကို စတိုးဆိုင်ကြီးတွေမှ ပြန်လည်သိမ်းယူနေပြီး၊ ဒီပစ္စည်းများဝယ်ထားသော စားသုံးသူများအနေဖြင့် လွှင့်ပစ်ကြဖို့ သတိပေးနိုးဆော်ထားသည်။ ဗာဂျီးနီးယား ၂ ယောက် ၊ မယ်နီဆိုးတား မှာ ၂ ယောက်နဲ့ အိုင်ဒဟိုပြည်နယ်မှာ ၁ ယောက်၊ မြောက်ကိုင်ရိုလိုင်းနားမှာ ၁ယောက် သေဆုံးခဲ့ကြသည်။ သေဆုံးသူတွေဟာ အသက်အရွယ် ကြီးရင့်သူတွေဖြစ်ကြပြီး၊ ဆယ်မွန်နဲလား ဓာတုဗေဒ အစာ အဆိပ်သင့်မှုနဲ့ ပက်သက်ခဲ့တယ်လို့ အမေရိကန် ရောဂါ ကာကွယ်ရေးနှင့် တိုက်ဖျက်ရေးဌာနက အတည်ပြုပြောကြားခဲ့ပါတယ်။
ဂျော်ဂျီယာ ပြည်နယ်ရှိ ပီးနပ် ကုမ္ပဏီ ( Peanut Corp) စက်ရုံက သူတို့ရဲ့ အစာအဆိပ်သင့်စေနိုင်သော ပစ္စည်းများကို စုစုပေါင်းကုမ္ပဏီ ၈၅ ခု အနက် ၃၀ ဆီ ကိုပေးပို့ရောင်းချထားတာကြောင့် ဒီကုမ္ပဏီတွေက ထုတ်လုပ်မဲ့ အစားအစာတွေကို ဆက်လက်စမ်းသပ်စစ်ဆေးမှုတွေကိုပြုလုပ်သွားမယ်လို့ဆိုတယ်။
အောက်တွင်ဖော်ပြထားသော မြေပဲထောပတ် ပါသည့် ကွတ်ကီး၊ ရေခဲမုန့် နှင့် အခြားစားစရာများ ကို ဆယ်မွန်နဲလား အစာအဆိပ်သင့်စေနိုင်သောကြောင့် သုံးစွဲစားသောက်မှုရှောင်ကြဉ်ရန်တိုက်တွန်း နိုးဆော်ထားပါသည်။
Austin Keebler Branded Peanut Butter Sandwich Crackers
Snack –Size Packs of Famous Amos Peanut Butter Cookies
Keebler Soft Batch Homestyle Peanut Butter Cookies
ဆယ်မွန်နဲလား နဲ့ ပက်သက်ပြီး ပြည်သူ့ကျန်းမာ(မြန်မာပြည်) Public Health in Myanmar ဘလော့ဂ်မှာ အခုလိုရှင်းပြထားပါတယ်။
Salmonella symptoms
Salmonella ဆိုတာဘာလဲ
Salmonella ဆိုတာ လူ သားတွေရဲ့ အူလမ်းကြောင်း အတွင်းမှာ ပေါက်ဖွားရှင်သန် နိုင်တဲ့ဘက်တီးရီးယားပိုးတစ်မျိုးဖြစ်ပါတယ်။Salmonella မျိုးကွဲ ပေါင်းများစွာ ရှိပြီး salmonella typhimurium နှင့် samonella enteritidis ကတော့ အတွေ့ ရ အများဆုံး မျိုးကွဲ တွေ ဖြစ်ပါတယ်။
Sources of Salmonella

ဟင်းသီး ဟင်းရွက် စိမ်း၊ သားစိမ်း၊ငါးစိမ်းတွေ မှာ salmonella ဘက်တီးရီးယား ပိုးတွေ ပါတတ်လို့ အသီးအရွက်တွေ၊ အသားငါး၊ ကြက်ဥ စတာ တွေကို အစိမ်း စားသုံးခြင်း၊ နွားနို့ ကို မကျို ချက် ဘဲ သောက်ခြင်း တို့ကို ရှောင်ကျဉ်ရပါမယ်။အိမ်မှာ လုပ်တဲ့ ကွတ်ကီး၊ mayonnaise၊ ရေခဲ မုန့် စတာတွေ မှာ လည်း ဘက်တီးရီးယား ပိုး ပါဝင်နေတတ်တယ်လို့ ဆိုပါတယ်။
ချက်ပြုတ်ခြင်းဖြင့် အန္တရာယ် ကင်းနိုင်လား
သေသေချာချာ ကြော်ချက်စားသောက်လျှင် salmonella အန္တရာယ်က ကင်းနိုင်တယ်လို့ ဆိုပါတယ်။သို့ပေမယ်လည်း အသီးအရွက်အစိမ်းတွေ ကို ရေစင်အောင် ဆေးကြောရုံနဲ့တော့ အပြည့်အ၀ အကာအကွယ် မပေးနိုင်ပါဘူး။ အထူးသဖြင့် out break ဖြစ်နေတဲ့ အချိန် မှာ ဆို ပို ပြီးသတိထား စားသောက်ရပါမယ်။

FDA ရဲ့ အကြံပြုချက်
အိမ်မွေး တိရစ္ဆာန်များ
ခွေး၊ကြောင်၊ကြက် ငှက်များ ဟာလည်း လူကဲ့သို့ ပဲ salmonella ကို သယ်ဆောင်နိုင်တော့ သူတို့ ကို ကိုင် တွယ်ပြီး လျှင် လက်ကို စင်ကြယ်စွာ ဆေးကြောရပါမယ်။
ရောဂါ လက္ခဏာ များ
Salmonella ရောဂါ ပိုးဝင် ပြီး ၂ ရက် မှ ၃ ရက် အတွင်း ကိုယ်အပူချိန် တက်တတ်ပါတယ်။ဗိုက်နာ ဗိုက်အောင့်ပြီး ၀မ်းလျှော တတ်ပါတယ်။
ဘယ်လိုကုသ ကြမလဲ
သာမန် တိုက်ဖွိုက် အမျိုးအစား မဟုတ်တဲ့ salmonella infection အတွက် ဓါတ်ဆားရေ များများသောက်ပေး လျှင်လုံလောက် ပါတယ်။ ပဋိဇီဝဆေး များသုံစွဲ ဖို့ မလိုအပ်ပါဘူး။ (၄)ရက်ကနေ(၇)ရက် အတွင်းသက် သာ ပျောက်ကင်းနိုင်ပါတယ်။ ကလေးငယ်များ၊ အသက်အရွယ်ကြီးရင့် သူများကိုယ်ခံအား နည်းသူများ၊ ရောဂါ ဝေဒနာ ပြင်းထန်သူများ၊ အူလမ်းကြောင်းပြင်ပ ကို ရောဂါ ပျံနှံ သူဝေဒနာရှင် များကို ဆေးရုံတင်ကုသ ဖို့လိုအပ်ပါတယ်။
တိုက်ဖွိုက် အမျိုးအစား salmonella infection ကို တော့ ပဋိဇီဝ ဆေး များသုံးစွဲ ကုသရပါမယ်။
Quinoloneအမျိုး
အစား ပဋိဇီဝ ဆေးတွေကို ရ ရက် မှ ၁၄ ရက် အထိ ရောဂါ အခြေအနေကို လိုက်ပြီး သုံးစွဲ ရပါတယ်။ တိုက်ဖွိုက် အမျိုးအစား salmonella တွေရဲ့ ပဋိဇီဝ ဆေးတွေ ပေါ်ခံနိုင်ရည် မြင့်မားလာမှု ဟာ ရောဂါ ကုသသူ ဆရာဝန် တွေ အတွက်ဆေးဝါးရွေးချယ်ရာမှာ အခက် တွေ့စေသလို ဆေးယဉ်ပါးတဲ့ ပိုးတွေ outbreak ဖြစ်ပွားတတ်မှု ဟာ ပြည်သူ့ ကျန်းမာ ရေး အဓိက စိန်ခေါ်မှု ကြီးဖြစ်ပါတယ်။ ဒါကြောင့် ၀မ်းကိုက်ရောဂါ ခံစားရလျှင် ပဋိဇီဝ ဆေးများကို မိမိ သဘောနဲ့ သောက်သုံးခြင်း မပြု ကြဘဲ ဆရာဝန် ညွှန်ကြားချက်ဖြင့်သာ သောက်သုံးကြဖို့ နိုးဆော်လိုက်ပါတယ်။
- အစားအသောက်တွေ ကို မကိုင်တွယ်ခင်နဲ့ ကိုင်တွယ်ပြီး တဲ့ အခါ မှာရေနွေး၊ ဆပ်ပြာ တို့ နဲ့ လက်ကို စင်ကြယ်အောင် ဆေးကြောရပါမယ်။
- အသီးအနှံ တွေကို running water နဲ့ ဆေးကြောရပါမယ်။
- အသီးအနှံ၊ သားငါးတွေ လှီးတဲ့ စင်းနှီးတုန်း ကို ပြောင်စင်အောင် ဆေးကြောရပါမယ်။တစ်ခု လှီးပြီးတိုင်း တစ်ခါ ဆေးရပါမယ်။
- သစ်သီးတွေကို အခွံသင် ပြီးမှ စားသုံးရပါမယ်။
- ရောဂါ ကူးစက်ခံထားရလျှင် အများသူငါ အတွက် အစားအသောက်ပြင်ဆင် ခြင်းမပြုလုပ်သင့် ပါဘူး။
အိမ်မွေး တိရစ္ဆာန်များ
ခွေး၊ကြောင်၊ကြက် ငှက်များ ဟာလည်း လူကဲ့သို့ ပဲ salmonella ကို သယ်ဆောင်နိုင်တော့ သူတို့ ကို ကိုင် တွယ်ပြီး လျှင် လက်ကို စင်ကြယ်စွာ ဆေးကြောရပါမယ်။
ရောဂါ လက္ခဏာ များ
Salmonella ရောဂါ ပိုးဝင် ပြီး ၂ ရက် မှ ၃ ရက် အတွင်း ကိုယ်အပူချိန် တက်တတ်ပါတယ်။ဗိုက်နာ ဗိုက်အောင့်ပြီး ၀မ်းလျှော တတ်ပါတယ်။
ဘယ်လိုကုသ ကြမလဲ
သာမန် တိုက်ဖွိုက် အမျိုးအစား မဟုတ်တဲ့ salmonella infection အတွက် ဓါတ်ဆားရေ များများသောက်ပေး လျှင်လုံလောက် ပါတယ်။ ပဋိဇီဝဆေး များသုံစွဲ ဖို့ မလိုအပ်ပါဘူး။ (၄)ရက်ကနေ(၇)ရက် အတွင်းသက် သာ ပျောက်ကင်းနိုင်ပါတယ်။ ကလေးငယ်များ၊ အသက်အရွယ်ကြီးရင့် သူများကိုယ်ခံအား နည်းသူများ၊ ရောဂါ ဝေဒနာ ပြင်းထန်သူများ၊ အူလမ်းကြောင်းပြင်ပ ကို ရောဂါ ပျံနှံ သူဝေဒနာရှင် များကို ဆေးရုံတင်ကုသ ဖို့လိုအပ်ပါတယ်။
တိုက်ဖွိုက် အမျိုးအစား salmonella infection ကို တော့ ပဋိဇီဝ ဆေး များသုံးစွဲ ကုသရပါမယ်။
Quinoloneအမျိုး
အစား ပဋိဇီဝ ဆေးတွေကို ရ ရက် မှ ၁၄ ရက် အထိ ရောဂါ အခြေအနေကို လိုက်ပြီး သုံးစွဲ ရပါတယ်။ တိုက်ဖွိုက် အမျိုးအစား salmonella တွေရဲ့ ပဋိဇီဝ ဆေးတွေ ပေါ်ခံနိုင်ရည် မြင့်မားလာမှု ဟာ ရောဂါ ကုသသူ ဆရာဝန် တွေ အတွက်ဆေးဝါးရွေးချယ်ရာမှာ အခက် တွေ့စေသလို ဆေးယဉ်ပါးတဲ့ ပိုးတွေ outbreak ဖြစ်ပွားတတ်မှု ဟာ ပြည်သူ့ ကျန်းမာ ရေး အဓိက စိန်ခေါ်မှု ကြီးဖြစ်ပါတယ်။ ဒါကြောင့် ၀မ်းကိုက်ရောဂါ ခံစားရလျှင် ပဋိဇီဝ ဆေးများကို မိမိ သဘောနဲ့ သောက်သုံးခြင်း မပြု ကြဘဲ ဆရာဝန် ညွှန်ကြားချက်ဖြင့်သာ သောက်သုံးကြဖို့ နိုးဆော်လိုက်ပါတယ်။
Rest of your post
No comments :
Post a Comment