Saturday, 17 January 2009

ဇင်ဘာဘွေ နှင့် ကမ္ဘာ့ ထွီလီယံနာ များအကြောင်း


-အောင်ကြီး-

ဇင်ဘာဘွေက ၁၀၀ ထွီလီယံ၊ ၅၀ ထွီလီယံ၊ ၂၀ ထွီလီယံ၊ ၁၀ ထွီလီယံ၊ ငွေစက္ကူ များ ထုတ်လိုက်ပြန်ပြီ။ အသက် ၈၄ နှစ်ရှိပြီဖြစ်တဲ့ အာဏာရှင်ကြီး ရောဘတ်မှုဂါဘီ ကတော့ “ဇင်ဘာဘွေ က ငါ့ဟာ ( Zimbabwe is mine) “ဆိုပြီး လုပ်ချင်ရာလုပ်နေတော့တာပါဘဲ။ အခုထုတ်တဲ့ ၁၀၀ ထွီလီယံ ငွေစက္ကူ ဟာ ငွေလှဲဈေးကွက်မှာ အမေရိကန်ဒေါ်လာ ၃၀၀(ယူယိုငွေ ၂၂၅) တန်ဘိုးရှိတယ်လို့ဆိုတယ်။ လွန်ခဲ့တဲ့တပတ်က ၅၀၀ ဘီလီယံ ငွေစက္ကူ ကို ထုတ်ခဲ့ သော် လည်း၊ ငွေကြေး တန်ဖိုးကျဆင်းသွားတဲ့အပြင်၊ အလုပ်သမားဝန်ထမ်းတွေကို လစာ ပေးဖို့မလုံလောက်တော့တာကြောင့် ယခုလို ၁၀၀ ထွီလီယံ ငွေစက္ကူ ကို ထုတ်ရခြင်းဖြစ်ပါတယ်။ ဒီလိုငွေစက္ကူ ကို ထုတ်ခြင်သလို ထုတ်နေကြတာကြောင့် ၊ငွေကြေးဖောင်းပွမှုဟာ ဇင်ဘာဘွေမှာ ဇူလိုင်လက ၂၃၁ မီလီယံ ရာခိုင်နှုန်း ရှိတယ်။

အခုဆို ဇင်ဘာဘွေလူဦးရေ စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းဟာ ဆင်းရဲမွဲတေမှုအောက်ရောက်ရှိနေပြီး၊ ၁.၃ မီလီယံဟာ ကိုယ်ခံစွမ်းအားကျဆင်းတဲ့ HIV ရောဂါစွဲကပ်နေကြတယ်။ ဇင်ဘာဘွေ လူဦးရေ ၅ မီလီယံဟာ အစာရေစာငတ်မွတ် ခေါင်းပါးနေကြပြီး၊ တသန်းကျော်ဟာ အိမ်နီးချင်းနိုင်ငံတွေ ကို ထွက်ပြေးပြီး၊ နိုင်ငံ ကို စွန့်ခွာသွားကြပါပြီ။ ဇင်ဘာဘွေ ပြည်သူတွေ အာဏာရှင်အောက်မှာခါးသီးစွာခံစားနေကြရတာတွေဟာ မြန်မာပြည်နဲ့ မထူးမခြားနားပါဘဲ။

ဇင်ဘာဘွေမှာ အစိုးရ၀န်ထမ်းများ၏ပေါ့ဆမှုကြောင့် မသန့်ရှင်း သော ရေများ လူနေ ရပ်ကွက်များ သို့ ရောက်ရှိခဲ့ရပြီး ၀မ်းရောဂါနှင့်အခြားဆိုးရွား သောရောဂါ များဖြစ်ပွား လာကာလူအများ သေကြေ ခဲ့ရတာ အခုဆို လူပေါင်း ၂၁၀၀ နီးပါးရှိ ပြီး၊ ၁၈,၀၀၀ ဟာ ကာလ ၀မ်းရောဂါ ကူးစက်နေပြီ ဖြစ်ကြောင်းကုလသမဂ္ဂက ထုတ်ပြန်ကျေညာ ခဲ့ပါသည်။ အာဏာရှင်ကြီး မူဂါဘီ စစ်အစိုးရ ၏ ကြီးကြပ်မှု အောက်၌ မိလ္လာစနစ်များ ကောင်းမွန်ခြင်း မရှိသဖြင့်၊ မိလ္လာတွင်းများ သည် ပြုပြင်ထိန်းသိမ်းမှု ကင်းမဲ့ကာ ကလေးသူငယ်များ သာမက လူကြီးများအတွက် ပင် အန္တရာယ် ဖြစ်နေကြသည်။ ၀မ်းရောဂါ က ကွယ်ပျောက် ကျဆင်းသွားမှုမရှိပါဘူး။ ဇင်ဘာဘွေမှာလျှပ်စစ်မီးပြတ်တောက် မှုဟာ မြန်မာနိုင်ငံလိုပါဘဲ။ မြို့ ကြီးတွေမှာတောင် ပုံမှန်မလာလို့ ၊ နယ်ကျေးရွာတွေကတော့ အမှောင်ကမ္ဘာတခုလိုဖြစ်နေတယ်။

ပြီးခဲ့တဲ့ လကမှ ထုတ်ခဲ့တဲ့ ဘီလီယံ ငွေစက္ကူ

တချိန်က ဟေလာရီ ရော့ဒမ်ကလင်တန် သမ္မတကတော် အဖြစ် ဇင်ဘာဘွေ ကို ချစ်ကြည်ရေးခရီးစဉ် ကိုသွားပြီးနောက် သူမ၏ခံစားချက်တခုကို ယခုကဲ့သို့ ပွင့်ပွင့်လင်းဝေဖန်သွားခဲ့ဘူးသည်။

”ကျွန်မပုဂ္ဂိုလ်ရေးအနေဖြင့် သီးသန့် တွေ့ဆုံခဲ့ဖူးသည့် ကမ္ဘာ့ခေါင်းဆောင်များ အနက် နှစ်ယောက်ကို ကျွန်မအတော်လေး စိတ်ပျက်မိခဲ့ရပါသည်။ တစ်ဦးမှာ ရောဘတ်မှုဂါဘီဖြစ်ပြီး၊ သူသည် ဇင်ဘာဘွေနိုင်ငံ၏ ၀န်ကြီးချူပ်ဖြစ်ပါသည်။သူ့ဇနီးငယ်ငယ်လေး က ကျွန်မနှင့် ၀န်ကြီးချူပ် မှုဂါဘီစကားပြော နေသည့် အခါမှာ သူမက မဆီမဆိုင် အဆက်မပြတ် တခစ်ခစ် ရယ် နေတက် ပါသည်။ ကျွန်မတို့ ပြောနေစဉ်မှာ မဆီမဆိုင်တာ တွေကို ၀င်ဝင်ပြောတယ်။ ၀န်ကြီးချူပ်မှုဂါဘီကတော့ အရှုးအမဲသားကြွေးထား သလို သူ့ကိုငွေကြေး ထောက်ပံ့ ဘို့ဘဲ တချိန်လုံးပြောနေတယ်။ ဘာမှ အဓိပ္ပါယ်ရှိတဲ့ ဆွေးနွေးမှုတွေကို ပြုလုပ်ခွင့် မရခဲ့ပါဘူးလို့” ဟေလာရီ ရော့ဒမ်ကလင်တန် ကသူ၏ ကိုယ်ရေးအထ္ထုပ္ပတ္တိ အဖြစ်ရေးသားထားသော ရှင်သန်နေသော သမိုင်းကြောင်း စာအုပ် မှာ ပြစ်ပြစ်နှစ်နှစ်ဝေဖန်ခဲ့ဘူးပါသည်။





Rest of your post

No comments :