သွေးလွန်တုတ်ကွေး နှင့် ငှက်ဖျားရောဂါ ဖြစ်စေနိုင်သော ခြင်များ
-ကို-
“ချစ်ရည်လူး ပျော်ပါးချင်တဲ့ ခြင်တွေဟာ သူတို့ရဲ့တောင်ပံတွေကို အချက်ကျကျ ရိုက်ခတ်ကာ မိတ်လိုက်ကျပြီး စုံတွဲသီချင်းကို သီဆိုကြတယ်” လို့ အမေရိကန် scientist များက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ Aedes aegypti ခြင်ဖိုတွေဟာ ခြင်မတွေကို မျိုးပွားဖို့ အတွက် အလွန်စိတ်ကူးယဉ်ဆန်တဲ့ ချည်းကပ်နည်း တွေကို အသုံးပြုပြီး ချစ်ခြင်းသံစဉ် တွေကို သီဆိုဖို့ကြိုးစားကျပါတယ်။ ဒီအင်းဆက်သတ္တ၀ါတွေဟာ အသဲရောင်အသားဝါရောဂါနဲ့ တုတ်ကွေးရောဂါတွေကို ပြန့်ပွား စေနိုင်တဲ့အတွက်ကြောင့် သိပ္ပံပညာရှင်တွေက သူတို့ ရဲ့ပေါက်ဖွားမှုကို ထိမ်း ချုပ်ဖို့ ကျိုးစားကြပါတယ်။ သူတို့ ရဲ့ မိတ်လိုက်ခြင်းအလေ့အထကို နားလည်လာအောင် အသုံးပြုပြီး ဒါကို ထိမ်းချုပ်ဖို့ နည်းလမ်းသစ်ကို ရရှိခဲ့ပါတယ်လို့ Cornell University ကသိပ္ပံအဖွဲ့က ရေးသားခဲ့ပါတယ်။
ကျနော်တို့ ကြားနေကျခြင်တွေ ပျံသန်းတဲ့အခါ မြည်တဲ့ အသံဟာ ဆူညံတယ်လို့ ထင်ရပေမဲ့ ဒါဟာ ခြင်ဖိုတွေ အတွက်တော့ အချစ်သင်္ကေတတစ်ခုပါပဲ။ သူတို့ရဲ့ တောင်ပံတွေကို အသုံးပြုပြီး ပျံသန်းတဲ့အခါမှာ ခြင်ဖိုတွေ ကော၊ ခြင်မတွေမှာပါ သူတို့ရဲ့ ကိုယ်ပိုင် ပျံသန်းခြင်း နှုန်းထားသံစဉ်တွေရှိကြပါတယ်။ Cornell University က သိပ္ပံပညာရှင်တွေကတော့ ခြင်ဖိုတွေ မိတ်လိုက်တဲ့အခါမှာ ထွက်တဲ့အသံဟာ အံ့သြစရာကောင်း တဲ့ ဂီတသံစဉ် အသစ်တစ်ခုကိုတွေ့ရှိခဲ့တယ်လို့ သူတို့ကပြောဆိုပါတယ်။
ခြင်တွေဟာ စုံတွဲလိုက် တောင်ပံတွေကို အကြိမ်ပေါင်း ၁၂၀၀ ဟက်ဇ်လောက် ပြိုင်တူစတင် ရိုက်ခတ် ကြပါတယ်။ သူတို့ဟာ အချစ်သီချင်းတွေကို အကြိမ်ပေါင်းများစွာ အတူသီဆိုကြပေမဲ့ သူတို့မှာ သီးခြား စံနှုန်းပျံသန်းမှုနှုန်းတွေရှိပါတယ်။ ခြင်ဖိုတွေဟာ ၆၀၀ ဟက်ဇ်လောက်ပျံသန်းနှုန်း ရှိပြီး ခြင်မတွေကတော့ ၄၀၀ ဟက်ဇ်လောက်ရှိပါတယ်။
ဒီထက်ပိုပြီး ခြင်များ ကြားနိုင်ဖို့အတွက် အရင် သိထားတဲ့ မြင့်မားသောကန့်သတ်ချက် ကိုကျော်လွန်တဲ့ မြင့်မား သော အသံနှုန်းကို ဆက်တိုက် ထုတ်လွှတ်ပါတယ်။ ခြင်မတွေဟာ သံစဉ်ကို ကြားဖို့ ပိုပြီး ခက်ခဲ ပါလိမ့် မယ်။ ဒါပေမဲ့ Cornell University ကသိပ္ပံပညာရှင်တွေဟာ အသံနှုန်းကို ၂၀၀၀ ဟက်ဇ်ကျော် လောက်အထိ သူတို့ ကြားနိုင်စွမ်းကို ပြသဖို့ စီးစဉ်ထားပါတယ်။ စမ်းသပ်မှုတွေကို လည်းပြုလုပ်ခဲ့တယ်။
အဓိက ကတော့ ငှက်ဖျားရောဂါကို ဖြစ်စေနိုင်တဲ့ Aedes aegypti နှင့် Anopheles gambiae မိတ်လိုက် ပြန့်ပွားခြင်းကို ကာကွယ်တားဆီးဖို့ နည်းလမ်းသစ်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ဒါဟာ တစ်ကမ္ဘာလုံးအတွက် ခြင်တွေကိုထိမ်းချုပ်နိုင်ဖို့ နည်းလမ်းအသစ်ကို တွေ့ရှိခဲ့တာပါပဲ လို့ Cornell University က ပရော်ဖက်ဆာ Laura Harrington ကတရားဝင် ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ဆယ်စုနှစ်တစ်ခုအတွင်းမှာပဲ ကျနော်တို့ဟာ ခြင်တွေကို ထိမ်းချုပ်နိုင်ဖို့ နည်းလမ်းကို တွေ့ရှိခဲ့တာပါ။ ငှက်ဖျားရောဂါဟာ ခြင်နဲ့ ပက်သက်ရင် အရေးပေါ်အထူးပြုရတဲ့ ရောဂါတစ်ခုဖြစ်ခဲ့ပြီး အခုအခါမှာတော့ သွေးလွန်တုတ်ကွေးရောဂါဟာလဲ သတိထားပေးရမဲ့ ရောဂါတစ်ခုဖြစ်လာခဲ့ပါတယ်။
ခြင်တွေကို ထိမ်းချုပ်ဖို့ နည်းလမ်းသစ်ကို အရင်က သိပ္ပံပညာရှင်တွေ လုံးဝ ဂရုမပြုခဲ့တဲ့ ခေါင်းစဉ်တစ်ခု ဖြစ်ခဲ့လို့ ၊ ဒီတွေ့ရှိချက် ဟာ သူတို့ရဲ့ အလေ့အထကို ကောင်းကောင်း နားလည်လာအောင်၊ ပြန်လည် စဉ်းစားစိတ်ဝင်စားလာရအောင် ရှင်းပြ ပေးပါလိမ့်မယ်။ ပုံမှန်အားဖြင့်တော့ လူတွေဟာ ဖျန်းဆေး တွေ၊ ကာကွယ်ဆေးတွေကို အသုံးပြုပြီးတော့ ငှက်ဖျားရောဂါနည့် တုတ်ကွေးရောဂါတွေကို ကာကွယ်ခဲ့တာ ပါ။ ဒါဟာလဲ အတန်အသင့် တော့ အောင်မြင်ခဲ့ပါတယ်။
No comments :
Post a Comment