ဗမာစကားတွင်“ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားက နောက်နွားစဉ်ဆိုက် ဖြောင့်ဖြောင့်လိုက်၏”ဟုဆိုရိုး စကားရှိသည်။ ၈၈ အရေးတော်ပုံမှ ရေတွက်လျှင် ကျနော့်တို့၏ ဒီမိုကရေစီတော်လှန်ရေးအနှစ်(၂ဝ)ကျော်ခဲ့ ပြီဖြစ်သည်။ သို့သော် ဒီမိုကရေစီ အင်အားစုများ အကြား၌ စစ်အုပ်စုဆန့်ကျင်ရေးအင်အားစုအားလုံးကို စုရုံး ဆောင်ရွက်နိုင်သည့် အဖွဲအစည်း နှင့်ဦးဆောင်မှုကို ယနေ့အထိ မထူထောင်နိုင်သေးပေ။ ပိုမို ဆိုးရွားသည်က ၄င်းစစ်အာဏာရှင် ဆန့်ကျင်ရေးအင်အားစုများအကြား အပြန်အလှန် ယုံကြည်မှု ပူးပေါင်း ဆောင်ရွက်မှု ဆုတ်ယုတ်ပျက်စီးလာခြင်းဖြစ်သည်။ ထို့အနှစ်(၂ဝ)ကျော်ကာလအတွင်း ဦးဆောင်ခဲ့ကြသည့် လူပုဂ္ဂိုလ် အဖွဲ့အစည်းများသည် ဗမာပြည်သူတို့၏ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ဒီမိုကရေစီထူထောင်ရေး လူပ်ရှားမူအား အောင်ပွဲသို့ ဆောင်ကျဉ်းနိုင်ဖို့ဝေးစွ၊ မှုလရှိပြီးအနေအထားကိုပင် မထိန်းသိမ်းနိုင်ခဲ့ပေ၊ တဖြည်းဖြည်း ဆုတ်ယုတ် ပျက်စီးလာသည်မှာ ရန်သူစစ်အုပ်စုက(၂ဝ၁ဝ) တွင် ၈၈ ပြည်သူများ အသက် သွေးချွေးများဖြင့် ရင်းနှီးခဲ့ရသည့် ၈၈ အရေးတော် လှိုင်းတံပိုး နှင့်(၉ဝ)ခုရွေးကောက်ပွဲရလာဒ်တို့ကို မြေမြုပ်သဂြိလ်နိုင်သည့် အခြေသို့ ဆိုက်ရောက် သွားပြီးဖြစ်သည်။
လူအများ စုပေါင်းဆောင်ရွက်သည့် မည်သည့်လူပ်ရှားမှု၌မဆို ဦးဆောင်မှုသည် အဓိကဖြစ်သည်။ ဦးဆောင်မှု မှန်ကန်ခြင်း မှားယွင်းခြင်းသည် တိုက်ပွဲ၏အရူံးအနိုင် အဆုံးအဖြတ်ဖြစ်သည်။ လက်ရှိ ဦးဆောင်မှု အခြေအနေ သည် အနှစ်(၂ဝ) ကျော်ကြာခဲ့ပြီးဖြစ်သော်လည်း အောင်ပွဲသို့ မဆောင်ကျဉ်းနိုင်ခဲ့သည်သာမက မူလအခြေအနေကိုပင် ထိန်းသိမ်းနိုင်ခဲခြင်းမရှိပေ။
(နိုင်ငံရေးရေချိန်၊ စည်းရုံးရေး နှင့် အပြန်အလှန်ယုံကြည်မှု)။
တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင် ဥက္ကဌမော်စီတုန်းကမှု ပါတီဌာနချူပ်ကိုအမြောက်နှင့်ခွင်းကြ ဟု ကြွေးကြော်ကာ မှားယွင်းသည့် ဦးဆောင်မှုကို ဆန့်ကျင် ပြုပြင်ရန် လမ်းညွန်းခဲ့သည်။ထို့ကြောင့် ယနေ့ကျနော်တို့ တိုင်းပြည် ပြင်ပတွင် ရပ်တည် လူပ်ရှားနေသည့် ဒီမိုကရေစီ အင်အားစုများ၏ အခြေအနေသည်လည်း အလားတူ ကြွေးကြော်သံဖြင့် ခေါင်းဆောင်မူ(Leadership) ကိုပြောင်းလဲ ထူထောင်ရန်အရေးတကြီး လိုအပ်နေသည်။
အင်တာနက်နှင့်ရေဒီယိုသတင်းအရ NCUB သည် အစိုးရသစ်တခုဖွဲ့စည်းရန်ပြင်ဆင်နေသည်ဟု ကြားသိ ရသည်။ လက်ရှိ NCG မှ မည်သည့်တရားဝင်ကျေညာချက်မျှ မကြားရသေးပေ။ ထို့ကြောင့် လက်ရှိ NCUB နှင့် NCG တို့ အကြား ညှိနိုင်း ဆောင်ရွက် ခြင်းလော၊ သီးခြား အားပြိုင်ဆောင်ရွက်ခြင်းလော၊ မကွဲပြားသေးပေ။ တိုင်းပြည်တွင်း၌ကား ရန်သူ စစ်အုပ်စုသည် ၁၉၉ဝ ခုရွေးကောက် ပွဲရလဒ်ကို မြေမြုတ်သဂြိုလ်ရန် ပြင်ဆင်နေသည်။ ထိုမျှအရေးကြီးသည့်ကာလ၌ ပြင်ပလူပ်ရှားအား အနှစ်(၂ဝ) နီးပါး ဦးဆောင်ခဲ့သည့် (တကယ်တော့ တလွဲခေါင်းဆောင်မူ့ Mislead သာဖြစ်သည်။) NCUB နှင့် NCG တို့၏ အထက်ပါ လှုပ်ရှားမှုသည် အချိန် ကာလအရမှားယွင်းသည်၊ တိုက်ပွဲသဘောတရားနှင့်မညီ ဒီမိုကရေစီ အင်အားစု အများတို့ ၄င်းတို့ အကြံအစီအမံ ကို မသိ၊ တောပုန်းဂိုဏ်းတွင်းအာဏာလုပွဲနှင့် သာ တူသည်။ အောက်ခြေငယ်သားများ၊ အခန်းအတွင်းမှတခါးဖွင့်ကာ ဘွားကနဲ ပေါ်ထွက်လာမည့် ခေါင်းဆောင်သစ်ကို ပေါက်ကောင်ဖွင့်သလို အပြင်ကစောင့်မျော်နေရသည်နှင့် တူသည်။ နောက်လိုက်ငယ်သားတို့၌ တစုံတရာ ပြောဆိုဝေဖန် ခွင့်မရှိ။
အနှစ် (၂ဝ) အတွေ့အကြုံအရ ၄င်းတို့ပွဲတွင် မည်သူတွေ ပေါက်ကောင်ဖြစ်စေ မည်သည့် ထူးခြားမှုမျှ ပေါ်ထွက်လာမည်မဟုတ်ဟု အခိုင်အမာယုံကြည်သည်။ အကြောင်းမှာ ၄င်းတို့အားလုံးသည် ယခင်က အတူတကွရှိခဲ့ပြီး၊ Misled လုပ်ခဲ့ကြသည့် အရင်းအဖျားသာ ကွာသည့် တဖြတ်တည်း သာဖြစ်သည်။ အရက်ဟောင်းကို ပုလင်းသစ်မှာသွတ်(Old Wine in New Bottle ) ၍ ဈေးကွက်တင်ခြင်းသာဖြစ်သည်။
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုသားညွန်းပေါင်း အစိုးရ ဘာတွေလုပ်ခဲ့သနည်း။ စုံထောက်ဦးစံရှားမှန်ဘီလူးနှင့် ရှာလည်း တော်လှန်ရေးနှင့်တူတာဘာမှမတွေ့ပါ။ ကွဲပြားခြားနားနေသော တော်လှန်ရေး အင်အားစုများ အကြားဟန်ချက်ညီ စေရန်ထိန်းကျောင်းပေးခြင်း၊ အင်အားစုများ၏လိုအပ်ချက်များအား (တက်စွမ်းသမျှ) ဖြည့်ဆည်းပေးခြင်း၊ အင်အားစုများနှင့် ညှိနိုင်းတိုင်ပင် (အလိုတော်သိများနှင့်ကြိတ်ပုန်းတခါးပိတ် အစည်းအဝေး မဟုတ်)၍ လုပ်ငန်းစဉ်များ ဦးဆောင်ဖော်ထုတ်ခြင်းနှင့် အင်အားစုများအား ညွန်ကြားခိုင်းစေခြင်းများစသည့် တော်လှန်ရေးအစိုးရ တရပ်၏လုပ်ငန်းများ မှမည်သည့် အရာကိုမျှ ဆောင်ရွက်ခြင်းမရှိပါ။ လုပ်ခဲ့သည်များကား ‘ဟန်လုပ်ရင်းနှင့်ဟန်ကျ’ ဆိုသလို တကယ့်အစိုးရ၊ တကယ့်ဝန်ကြီးထင်သွားကြခြင်း ဖြစ်သည်။ အခမ်းအနား များ၌ သဘာပတိလုပ်သည်။ မိန့်ခွန်းများ၌ သတင်းစာထဲကအချက်များကို ပြောသည်။ ကမ္ဘာ့ဒေသတိုင်း၌ ၄င်းတို့ လက်အောက်ခံဖြစ်ရမည့် အဖွဲအစည်းများနှင့်ကိုယ့်ဒူးကိုယ်ဖြတ်ပြီးဖခုံးချင်းယှဉ်သည်။
( PDF ကို ဆက်ဖတ်ပါ။ ဒါမှမဟုတ်ရင်လည်း အောက်မှာဆက်ဖတ်ပါ။ )
Paper Tiger[1]
ဖက်ပြိုင်ဖက်ကိုက်သည်။ အောက်ခြေထုတို့ ဆင်းရဲကြပ်တည်းစွာ ရုန်းကန်ယင်း တတ်စွမ်းသမျှ တော်လှန်နေစဉ် ဝန်ကြီးများ၊ အမတ်မင်းများ နှင့်ခေါင်းဆောင်ဆိုသူများ လေယာဉ်ပျံ တဝီဝီ စီးကာ ဘီယာဝီစကီ အလျှံပယ် သောက်ယင်းစည်းဝေးကြသည်။ ညီလာခံကြသည်။ ကျေညာချက်တွေထုတ်ကြသည်။လက်သင့်ရာဖောက်သည် သတင်းသမားများနှင့် အင်တာဗျုးပေး ကြသည်။ ၄င်းတို့သုံးခဲ့သည့် လေယာဉ်ခဘယ်နှသိန်း ဘယ်နှသန်း၊ သောက်ခဲ့သည့် ဘီယာဝီစကီ လီတာ ဘယ်နှစ်သန်း ရှိသည်ကို ခန့်မှန်းရန် မလွယ်။ သို့သော် ၄င်းတို့ထုတ်ခဲ့ သည့် ကျေညာချက်များကလည်း တန်ချိန် ဘယ်လောက်ရှိမည့် ဟုမခန်မှန်းသာပါ။
တဖက်တွင်လည်း သားမယားများကို တတိယနိုင်ငံများသို့ ခေါ်ထုတ်အခြေ ချကြရသည်။ အိမ်ဝယ်ရသည်။ ခေါင်းဆောင်နှင့်တူအောင် ကား ဝယ်ရသည်။ လူ့သဘာဝအရ “ နွား အို မြက်နု ကြိုက်” ကလေးများလည်း ပါသင့်သလောက်ပါသည်။
အစိုးရ၊အဖွဲ့အစည်း ၊ တပ်ပေါင်းစုခေါင်းဆောင်များ ဟုဆိုသော် ငြား လည်း၎င်းတို့၏ အဆိုပါ အသုံးစရိတ် စာရင်းကိုးကား မသိရပါ။ ထိုအချက်တွင်ကား တော်လှန်ရေးဆန်သည်။ လုံခြုံရေးအရ ထို့အချက်များကို အများ တကာတို့ မသိစေရ။ ရန်သူထံပေါက်ကြား လျင်တော်လှန်ရေး ထိခိုက်သွားနိုင်သည်။၎င်းကား္ဒဃ္ကွB၊္ဒဃ္ကBအနှစ်(၂ဝ)ကာလ နိဂုံးချုပ်ချက်ဖြစ်သည်။ အကျယ်ဆိုရလျှင်“ထိုနည်းလည်းကောင်း”များဖြင့်တထောင့် တည ပုံပြင်ထက်ရှည်သွား နိုင်သည်။
အစိုးရသစ်ဖွဲ့စည်းရေး လှုပ်ရှားမူအပေါ် မိတ်ဆွေများက အယူအဆ အမျိုးမျိုးဖြင့် ထင်မြင်ချက်ပေးကြသည်။ ကွဲပြားခြားနားကြသော်လည်း အားလုံး၏အမြင်မှာ(ဘယ်တုန်းကမှ ဦးဆောင်မှုမပေးနိုင်ခဲ့သည့်) လက်ရှိခေါင်းဆောင် မူပုံစံကို ဖာထေးပြီး ဆက်သုံးရေးသာဖြစ်သည်။
တချို့က လက်ရှိ ဦးစိန်ဝင်းခေါင်းဆောင်သည့် NCG ကို ဆက်လက်ကာကွယ် ထိန်းသိမ်းသွားသင့်သည် ဟုဆိုသည်။ အကြောင်းမှာ ၁၉၉ဝ ခုရွေးကောက်ပွဲရလာဒ်ကို ထိန်းသိမ်းရန်လိုအပ်၍ ဟုဆိုသည်။ ရုတ်တရက်စဉ်းစားကြည့်လျင်ကား ရွေးကောက်ပွဲက ထွက်လာသည့် အမတ်များ၏ --Bအား ဆက်လက် ထောက်ခံရေးသည် ၉ဝ ခုရလာဒ်အားထိန်းသိမ်းခြင်း ဖြစ်သည်ဟုယူဆနိုင်စရာဖြစ်သည်။
သို့သော် ၏ ဖြတ်သန်းခဲ့သည့် အတိတ်ကာလများက ဆောင်ရွက်ချက်များသည် ၉ဝ ခုရွေးကောက်ပွဲရလာဒ် ထိန်းသိမ်းရေးရည်မှန်းချက်ကို မဖော်ဆောင်နိုင်ခဲ့သည် သာမက ဒီမိုကရေစီအင်အားစုများထဲမှာပင် ရုပ်ဆိုး ပုံပျက်စေခဲ့သည်။ ထိုအမတ်မင်းများ ၄င်းတို့ရောက်ရာဒေသတွင်းက ဒီမိုကရေစီအင်အားစုတွင်းမှာပင် ရွေးကောက်ပွဲ ဝင်ဝံ့သလား မေးခွန်းထုတ်ကြည့်ကြစေလိုသည်။ ထို့ကြောင့် ထိုအကြောင်းပြချက်သည်မခိုင်လုံ။ စင်စစ် ၉ဝခု ရွေးကောက်ပွဲရလာဒ်အား အပြင်မှ မကာကွယ်နိုင်၊ ပြည်တွင်းအင်အားစုများ၊ အနိုင်ရပါတီ နှင့် အမတ်များ ကသာ ကာကွယ်နိုင်သည်။ ပြင်ပအင်အားစုများက လူပ်ရှားမူမျိုးစုံဖြင့် အားပေးထောက်ခံ သွားရမည်ဖြစ်သည်။ ဖြစ်သင့်ခဲ့သည်မှာ ၁၉၉၈ ပြည်သူလွတ်တော် ကိုယ်စားပြုကော်မတီ ဖွဲ့စည်းစဉ်ကပင်္ဒဃ္ကွB ကို ဖျက်သိမ်း၍ ၄င်း ( ဃ္မ္စ္စ ပြည်ပ)ကို ဖွဲ့စည်းရေးဖြစ်သည်။ ယနေ့အခြေအနေတွင် အနှစ်(၂ဝ )နီးပါး အစွမ်းအစ ပြခဲ့ကြသည့် အမတ်များ နှင့် ၄င်းကော်မတီ ဖွဲ့စည်းလှုပ်ရှား နိုင်မည် ဟု တထစ်ချ မဆိုနိုင်တော့ပေ။ ပြည်ပရောက် အမတ်မင်းများပြည်သူ ပေးသည့် (္နဗ္ဒီဗဤန) အာဏာသံလျက်ကို ထင်းခွေမြက်ခုတ်လောက်သာ သုံးခဲ့သည်ကို တွေခဲ့ရသည်။
တချို့မိတ်ဆွေများကမူ လက်ရှ္ဒိဃ္ကွBကို တိုးချဲ့၍ဖြစ်စေ၊ ပုံစံသစ်တခုဖြင့်ဖြစ်စေ၊ အမတ် မဟုတ်သောသူများပါထဲ့သွင်း၍ တိုးချဲ့ဖွဲ့စည်းရေးကို ထောက်ခံကြသည်။ ၄င်းမှာလည်း စိတ်ကူးယဉ်မူ သာဖြစ်သည်။ အစိုးရအဖွဲ့တွင်း လူများ (ဝန်ကြီးများ)လာသည် နှင့် လုပ်ငန်းများ တိုးတက်လာနိုင်မည်မဟုတ်ပါ။ ၄င်းတို့ဖိတ်ကြား စည်းဝေးမည့်လူစာရင်းများအရ နောက်အသစ်ဝင်ရောက်လာမည်ခန့်မှန်းရသူများမှာလည်း အထက်တွင်ဆိုခဲ့ သည့်အတိုင်း အရင်းနှင့်အဖျား သာကွာသည့် တဖြတ်တည်းသာဖြစ်သည်။ အနှစ်(၂ဝ) ကာလ ပြည်ပဦးဆောင်မူ့ တွင်တာဝန်ရှိခဲ့၊ တာဝန်ယူနေကြသူများပင်ဖြစ်သည်။ ပေါ်ခဲ့သမျှတပ်ပေါင်းစုများ၌ ပါဝင်ခဲ့ကြသည်။ တံဆိပ်သာပြောင်း လူပြောင်းကားနည်းလှသည်။ ဒီပုဂ္ဂိုလ်၊ ဒီမျက်နှာများပင်ဖြစ်သည်။ ၄င်းတို့စကားအရ ပင်မရေစီး (္နငေညှအမနော)မှပင်ဖြစ်သည်။ ရေကဘယ်ကဝင်၍ ဘယ်သို့စီးသည်မသိ ရေဆိုးအိုင်လို အနံတထောင်းထောင်း ရှိလှသည်။ အဖွဲ့အစည်းအားလုံးနီးပါး ဆင်းရဲနေသည်၊ တချိုရုံးပင်မဖွင့်နိုင်၊ သို့သော် ခေါင်းဆောင်အများ အိမ်ပိုင် ကားပိုင်နှင့် ချမ်းသာနေကြသည် ၄င်းတို့၏ ဇနီးမယားများ သန်းရွေ သမီးမင်္ဂလာဆောင်ကို အားကျ၍ စိန်ပြိုင်နေကြသည်။ဒေါ်အောင်ဆန်းစုကြည်၏ ‘အများတကာ ဆင်းရဲနေချိန်မှာ ကိုယ်ချမ်းသာတယ်ဆိုတာ ရှက်စရာပါ” ဆိုသည်စကားကို မကြားသယောင်ပင်။ တကယ်တော့ ၄င်းတို့၏ ဦးဆောင်မူကို ကျနော်တို့လည်း ထောက်ခံခဲ့သည်။ ရှေ့တန်းတပ်ဦး အဖြစ်လက်ခံခဲ့ကြသည်။ ထို့ကြောင့် တာဝန်မကင်းပါ။
အင်တာနက်စာမျက်နှာများ၌ တချို့က ယဉ်ယဉ်ကျေးကျေး၊ တချို့က ကြမ်းကြမ်းတမ်းတမ်း ဝေဖန်စွပ်စွဲနေကြသည်။ မည့်သည့် အဖွဲ့အစည်း လူပုဂ္ဂိုလ် ကမျှ တာဝန်ရှိရှိ တုန့်ပြန်ဖြေရှင်းသည်ကို မတွေ့ရပါ ။္ဒွဥများကပင်မင်းတို့ကို အယုံအကြည်မရှိဟု ဗြောင်ပြောသွားသည်ဟုကြားရသည်။ ရှက်စရာ ကောင်းလှသည်။
ကျနော့်တို့ ခေါင်းဆောင်အများသည်ဝေဖန်ရေး အကြောက်လွန်ရောဂါ စွဲကပ်နေသည်ဟု ယူဆမိသည်။ မတူညီသည့်အမြင်၊ ၄င်းတို့ဆန္ဒနှင့် မကိုက်ညီသည် သဘောထားတို့ကို မကြားရဲ၊ မမြင်ရဲ၊ အနှစ် (၂ဝ) ပတ်လုံး အကြံတူစိတ်ကူးညီ သူများအချင်းချင်းသားဆွေးနွေး ဆုံးဖြတ်လုပ်ကိုင်ခဲ့ကြသည်။ ဝေဖန်ရေးဟူသည် အကောင်းဆုံး လမ်းပြဟူသည့် အဆိုအမိန့်ကို မေ့လျော့ခဲ့ကြသည်။ ဝေဖန်မှုများကို တံစိတ်အမျိုးမျိုးကပ်၍ ပယ်ချခြင်းဖြင့်လည်းကောင်း၊‘မနာလို၍ ပြောသည်’ ‘ခွေးဟောင်တိုင်းထ မကြည်နိုင်’ ဟူသည့်စကားများဖြင့် လည်းကောင်း ရှောင်လွဲခဲ့ကြသည်။ ၄င်းမှာ အနုတ်လက္ခဏာဆောင် သည့် အနှစ်(၂ဝ)ခေါင်ဆောင်မှု နိဂုံးချုပ်ချက်၏အရင်းခံအကြောင်းတရားဖြစ်သည်။ ထို့ကြောင့်ထို အယူအဆသည်လည်း ဝဖီးသည့် နွားသိုးကြီးက နွားကလေး မွေးမည်ဟု တွက်ဆချက် မျိုးဖြစ် သည်။
လတ်တလော ကိုယ်တွေ့ အဖြစ်အပျက်တစ်ခုကို တင်ပြပါမည်။ယခုစီစဉ်နေသည့်္ဒဃ္ကွB၊္ဒဃ္ကB တို့၏ လူပ်ရှားမှုတွင် ကျနော့်တိုတက်ရောက်ခွင့်ရမည်ဟု မျှော်လင့်ခဲ့သည်။ အကြောင်းမှာ ထို့စုဖွဲ့မှု ၏ဒေါက်တိုင်တစ်ခုဖြစ်သည့ှ်၌ဃB အဖွဲ့ဝင် ဖြစ်နေ၍ ဖြစ်သည်။ မူအရ အရှေ့ဘက်မှာတစ်ဦး အနောက်ဘက်မှတစ်ဦး တပ်ခွင့်ရရမည့်ဖြစ်သည်။ ဗBှူ သည် ‘အထဲမှာ ဗကသ ၊ အပြင်မှာ မကဒတ’ ဟူသည့် ခံယူချက်ရှိသည့်(၈၈)မျိုးဆက်များဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ အပြင်မှာ ကျောင်းသားအဖွဲ့ တဖွဲ့တည်း ရှိရမည်။ ၄င်းသည် ဗBှီင်္ ( မကဒတ ) ဖြစ်သည်ဟု စွဲကိုင်ခဲ့ကြသော်လည်း နိုင်ငံရေး သရော်ချက် က ၁၉၉၄ တွင် ဗBှီင်္ ဖြစ်ရေး လက်မခံကိုယ့်ဒေသမှာကိုယ့်ပုံစံ နှင့်ကိုယ်လုပ်မည်ဆိုသူများ ဗBှီင်္ ဖြစ်သွား၍ ‘အထဲမှာ ဗကသ ၊ အပြင်မှာ မကဒတ’ အယူအဆ သမား တို့ ဗBှူ ဖြစ်သွားခဲ့ရသည်။ ထိုစဉ်က အိန္ဒိယ သို့ရောက်လာသည့် ဒေါက်တာ နိုင်အောင်အုပ်စု ၏ မလိမ္မာ မှုကြောင့် ဖြစ်သည်။
လက်ရှိ၌ ဗBှူသည် ကမBာ့ဒီမိုကရက်တစ်လူငယ်များအဖွဲ့ချုပ်(္တင်္ီ၌ )၊ နိုင်ငံတကာ ဆိုရှယ်လစ် လူငယ်များသမဂ္ဂ ( ၍္ကှ၌ ) နှင့် နိုင်ငံတကာကျောင်းသားသမဂ္ဂ( ၍္ကှ)တို့တွင် တပြိုင်နက်တည်းအဖွဲ့ ဝင် အဖြစ်လှုပ်ရှားနေသည်။ ၍္ကှ၌မှချီးမြှင့်သည့် ၂ဝဝ၇ အတွက် ဗ္ဒ္ဒဗူ၍္ဒီံ ငြိမ်းချမ်းရေးဆုရရှိခဲ့သည်။ လက်ရှိအနေ၌ လည်း အိန္ဒိယနိုင်ငံတွင်း ဒီမိုကရေစီရေးလှုပ်ရှားမှုများတွင် ရှေ့တန်းမှ ဆောင်ရွက်လျှက်ရှိသည်။
၁၉၉၆ တွင် လူငယ် တပ်ပေါင်းစုအယူအဆ ကို ဖော်ထုတ်၍ ဗBှူ ရုံးခန်းတွင်းမှာပင် မြန်မာနိုင်ငံ ကျောင်းသားလူငယ်ကွန်ကရက် (ှ၌ဃB) ကို ဦးဆောင်ဖွဲ့စည်း ခဲ့သည်။ မျော်မှန်းချက် အတိုငှ်၌ဃB ၏ နိုင်ငံရေး အခန်းကဏ္ဍ တိုးတက်မြင့်မား လာခဲ့သော်လည်း အိန္ဒိယအခြေစိုက်အဖွဲ့ဝင်အဖွဲ့အစည်းများ၏အခန်း ကဏ္ဍလျော့ကျ လာသည်။ တပ်ပေါင်းစုများနှင့်္ဒဃ္ကွB တို့၏ အဓိကဒေါက်တခုအဖြစ်အသုံးချခဲ့ကြသည်။ ယခ္ဒုဃ္ကွB၊္ဒဃ္ကBအစည်းအဝေး၌လညှ်း၌ဃBအားဖိတ်ကြားခဲ့သည်။ သို့သော် အမျိုးသမီး အဖွဲ့ချုပ်အား (၂)ဦး ဖိတ်ကြားပါလျကှ်၌ဃB ကိုမူ ( ၁) ဦးသာ ဖိတ်ကြားခဲ့သည်။ ထိုင်းအခြေစိုက်အဖွဲ့ဝင်အဖွဲ့အစည်းများမှ တာဝန်ရှိသူများကလည်း အိန္ဒိယ အခြေစိုက်အဖွဲ့အစည်း များသို့ ယနေ့အထိ တစုံတရာ တရားဝင်အသိပေးခြင်း မရှိသေးပေ။ ၂ဝဝ၆ အီတလီ အစည်းအဝေး၌လည်း အလားတူအိန္ဒိယအခြေစိုက်အဖွဲ့များအား တစုံတရား အသိမပေးပဲ သွားတက်ခဲ့သည်။ အားလုံး၏သဘောတရားမပါဘှဲ၌ဃB အမည်ကို အသုံးချခဲ့သည်။ လူကိုယ်တိုင် ဆွေးနွေးတင်ပြရန်မျော်လင့်ခဲ့သည်။လူကိုယ်တိုင် ဆွေးနွေးတင်ပြခွင့်ရလျှင် လည်း ဤစာပါအမြင်အယူ များ အတိုင်းသာ အေးဆေးညင်သာတင်ပြမည်ဖြစ်သည်။ သို့သော် အခွင့်အရေးမရခဲ့ပါ၊ ထို့ကြောင့် ဤစာအား ဆန္ဒမရှိပဲရေးသားဖြန့်ချီရခြင်းဖြစ်သည်။ ယခုစာပါပြင်းထန်မာကျောသည့် အသုံးအနှံးများနှင့်ဝေဖန်သည့် တင်ပြချက်များအတွက် လည်းဝမ်းနည်းပါသည်ဆိုယုံမှတပါး အခြားမရှိပါ။
သုံးသပ်ရသော် ၄င်းဦးဆောင်မူပုံစံအားလုံးသည် အသက်မဝင်အလုပ်မပါ၊ စက္ကူကျားသက်သက်များ သာဖြစ်သည်။ စည်းရုံးရန်မလိုပဲရှိနှင့်ပြီးစစ်အုပ်စု ဆန့်ကျင်ရေးအင်အားစုများကိုပင် စုစည်းအသုံးမချနိုင်ခဲ့။ တကယ်တမ်းအားဖြင့် ထို့ပြန်ကျဲနေသည့် အင်အားစုများကသာ တနိုင်တပိုင် လူပ်ရှားမူများဖြင့် စစ်အုပ်စုကို နိုင်ငံတကာတွင် ချောင်ပိတ်ထားနိုင်ခဲ့သည်။ ယုတ်မာရက်စက်မူ့များကို ဖော်ထုတ်ပေးနိုင်ခဲ့သည်။ ကျားမဟုတ် သော်လည်း ကြွက်ခုတ်နိုင်သည့် တကယ့်ကြောင်များဖြစ်သည်။ စက္ကူကျားများက ထိုကြွက်ခုတ် ကြောင်များကို အသိအမှတ်ပင် မပြုခဲ့၊ ၄င်းတို့ ၏အင်အားကို ဖော်ထုတ် အသုံးချမူ့ လက်တွဲဆောင်ရွက်မှုကား စိတ်မျှပင် မကူးခဲ့ပေ။ ဤသို့ဖြင့် အနှစ်(၂ဝ)ဟူသောတန်ဖိုးရှိသည့် အချိန်ကာလများ ဆုံးရူံးသွားခဲ့ရသည်။ စက္ကူကျားများအတွက် မထောင်းတာလှသော်လည်း ပြည်သူအပေါင်း၏ဒုက္ခကားခါးသည်းလှသည်။ ရန်သူစစ်အုပ်စုက ပိုပြီး ဖိနှိပ်ရက်စက် လာသည်။ ပိုပြီးခိုင်မာ လာသလိုပင်ရှိသည်။ မကြာမှီ၂ဝ၁ဝရွေးကောက်ပွဲဖြင့် ၉ဝ ခုရလာဒ်ကို မြေမြုတ်ကာ စစ်အုပ်အာဏာရှင် စနစ်ကို တရားဝင်မှုကိုရယူတော့ မည်။
စစ်အုပ်စုကထို့ ၂ဝ၁ဝရွေးကောက်ပွဲ ဖြင့်ရုပ်သေးအရပ်သားအစိုးရတင်ပြီးလျင် ၄င်းတို့ကိစ္စအေးပြီ၊ ငြိမ်းပြီဟု ယူဆသကဲ့သို့၊ ပင်မရေစီးများကလည်း တော်လှန်ရေးကြီးပြီးဆုံးသွားတော့မယောင်၊ လုပ်မရတော့သယောင် ပြောဆိုနေသံများကြားရသည်။ အစိုးရ တခုအား နိုင်ငံတကာအသိအမှတ်ပြုလျင်၊္ဒွဥ အထောက်အပံ မရှိတော့လျင် တော်လှန်ရေးလုပ်မရ၊ မလုပ်ရဟုပင်မှတ်လေသလော မသိပေ။ လူထုဘဝ မအေးချမ်း မသာယာ သ၍တော်လှန်ရေးရှိနေသည်။ ရှိနေမည် ဖြစ်သည်။ စစ်အုပ်စုက အရပ်သားအစိုးရဖန်းတီး၊နိုင်ငံတကာ အသိအမှတ်ပြုဆက်ဆံလိုက်ယုံဖြင့် လက်ရှိပြည်သူများ ခံစားနေရသည့်ဒုက္ခ၊သုက္ခများ ပြေငြိမ်းပြီးပျောက်သွားမည် မဟုတ်သကဲ့သို့စစ်အုပ်စု၏ ဖိနှိပ်သွေးစုတ်မှုများလည်း ရပ်စဲသွားမည် မဟုတ်ပေ။ ထို့ကြောင့်လူထုတိုက်ပွဲများ မျိုးချစ်များ၏တော်လှန်ရေးများ ဆက်လက်ရှိနေဦးမည်ဖြစ်သည်။ထိုအခြေအနေများကို မျက်ကွယ်ပြု၍ ဘာအလုပ်မှ မဖြစ်ခဲ့သည့်လမ်းဟောင်းအတိုင်း စက္ကူကျားသစ်လုပ်ရန်ကြိုးပမ်းချက်သည် လုံးဝတော်လှန်ရေးမဆန် သည့်လုပ်ရပ် ဖြစ်သည်။
အမှန်တကယ် ဆောင်ရွက်ရမည်မှာ လမ်းဟောင်းကိုစွန့်၍ အခြေအနေသစ်နှင့်ကိုက်ညီမည့်လမ်းသစ်ကို ရှာရမည်ဖြစ်သည်။ နည်းလမ်းမျိုးစုံဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲတိုက်ဖျက်ရေးနှင့် ရွေးကောက်ပွဲလွန်ကာလ ပြည်တွင်း လူပ်ရှားမှုများအား၊ အားပေးထောက်ကူရေး ရည်မှန်းချက်များဖြင့် အမျိုးသားတပ်ဦး အသွင်ဖွဲ့စည်းရ မည်ဖြစ်သည်။ ၄င်းတပ်ဦးတွင် စစ်အာဏာရှင် ဆန့်ကျင် ရေးအင်အားစုအားလုံး ပါဝင်ရမည်ဖြစ် သည်။ အချက်အလက်ကျဉ်းကျဉ်း ဖြင့်အားလုံး လက်ခံနိုင်သည့် အသံတသံ တည်းရရှိအောင် ဆောင်ရွက်ရမည်ဖြစ်သည်။ ကျစ်လစ်သည့်ဖွဲ့စည်းမှု ပုံစံနှင့် ဟန်ချက်ညီသည့်လူပ်ရှားမှုများ ဖော်ဆောင်နိုင်ပါက ကုလသမဂ္ဂနှင့် နိုင်ငံတကာ လက်ခံအသိအမှတ်ပြု ဆက်ဆံလာမည်ဖြစ်သည်။ အချို့သူများက စက္ကူကျားများ မရှိလျင် ၉ဝ ခုရွေးကောက်ပွဲရလာဒ်ထိန်းသိမ်းရေး၊ နိုင်ငံတကာ ဝင်ထွက်ပြောဆိုခွင့်ရရေးအတွက် စိုးရိမ်သယောင်ဆင်ခြေပေးနေကြသည်။ ထို့အရေးအတွက် စိုးရိမ်ဖွယ် မရှိပေ။ အမှန်တကယ်ကျစ်လစ်စွာလူပ်ရှားနိုင်ခဲ့သည့် တချိန်က တောင်အာဖရိကမှ ( ဗ္ဒဃ) နှင့် ပါလက်စတိုင်းမှ (္စူဥ)တို့အား ကုလသမဂ္ဂနှင့်နိုင်ငံတကာမှ လက်ခံဆက်ခံခဲ့ကြသည်။ လက်ရှိတွင်လည်း မော်ရိုကို သိမ်းပိုက်ခံ အနောက်တောင်ဆာဟာရဒေသလွတ်မြောက်ရေးတပ်ဦး(္စဥူ၍ှဗ္မ၍ဥ)အဖွဲအား လက်ခံအသိအမှတ် ပြုဆက်ဆံနေသည်။ ၄င်းတို့တွင်္ဒဃ္ကွBကဲ့သို့ မည်သည့်(္နညေိအေန)မျှမပါ။ ကိုယ်စားပြုမှုမှမရှိပေ။ အမှန်တကယ် ဟန်ချက်ညီစွာလုပ်ရှားနိုင်လျင် အသိအမှတ်ပြု လက်ခံ ရသည်သာဖြစ်သည်။
နိဂုံးချုပ်ရသော်(၈၈)အရေးတော်ပုံ အနှစ်(၂ဝ)ကျော်ခဲ့ပြီဖြစ်သည်။ ၄င်းလူထုအုံကြွမှုဒီရေသည် အနိမ့်ဆုံးသို့ ကျရောက်ရှိနေပြီးဖြစ်သည်။ မကြာမှီ ရန်သူစစ်အုပ်စုက ၄င်းတွင်စွဲနေသည် အရေးတော်ပုံနှင့်၉ဝ ခုရွေးကောက်ပွဲရလာဒ် ဟူသည့် မျှား၊ လှံတို့ ကိုနုတ်ပယ်ဖျက်သိမ်းတော့မည်။ ထို(၈၈)ဒီရေကို အများဆုံးစီး၍ မိန်းမောနေသည့် အဖွဲ့အစည်းများ လူပုဂ္ဂိုလ်များ နိုးထကြဖို့ အချိန်တန်ပြီဖြစ်သည်။ ဒီရေသစ်အတွက် ပြင်ဆင်ရန် အချိန်ဖြစ်သည်။ စက္ကူကျားအိမ်မက်များကိုစွန့်၍ အမှန်တကယ်ကြွက်ခုတ်သည့်ကြောင်များ အဖြစ်ပြောင်းလဲ့ကြရန် လိုပြီဖြစ်သည်။ နယ်ခြားနှင့်နိုင်ငံတကာရောက် အင်အားစုအားလုံးကို စုစည်းရမည်ဖြစ်သည်။ ကြွတ်ခုတ် ကြောင်များ ကိုစုစည်းရမည်ဖြစ်သည်။ ဒီရေမြင့်လိုင်းတံပိုးသစ်ဖြစ်ရန် လူမူရေး၊စီးပွားရေးနှင့် အထွေထွေကြပ်တည်းမှု စသည့်ပကတိဘာဝ အခြေအနေများက ယခင်ကထက်ပင် များပြားပြည်စုံ နေပြီဖြစ်သည်။ ထို့အခြေအနေကို အမြတ် ထုတ်ရန် စည်းရုံး ဖွဲ့စည်းလူံဆော်မှုကို ပြင်ဆင်သင့်ပြီဖြစ်သည်။
“စက္ကူကျားတွေပြာချ ၊ ကြွက်ခုတ်ကြောင်တွေစုစည်းကြ”
ရဲဘော်ကျော်သန်း
ဇန်နဝါရီ ၊ ၂ဝဝ၉
No comments :
Post a Comment