|
၂၀၁၀ ရွေးကောက်ပွဲ (သို့ ) အ၀ီစိ ငရဲ ရဲ့ ပထမဆုံး - တခါးပေါက်
-မိုးသီးဇွန်-
လေးစားအပ်တဲ့ ရဟန်းသံဃာများ၊ မိဘပြည်သူများ၊ ကျောင်းသားကျောင်းသူများ နှင့် မိတ်ဆွေများခင်ဗျား- ကျနော် မိုးသီးဇွန် ပါ- ကျနော်အခုပြောမဲ့ အကြောင်းကတော့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ကျနော်ရဲ့ အမြင်တွေဖြစ်ပါတယ်။
မြန်မာပြည်က သေကောင်ပေါင်းလဲ ဖြစ်နေတဲ့လူနာနဲ့ တူတယ်။ ၂၀၁၀ရွေးကောက်ပွဲ က လူနာအတွက် ဆေးကို ဖေါ်နေတာနဲ့ တူနေပါတယ်။ ဒါပေမဲ့ အနာနဲ့ဆေး တခြားစီဖြစ်နေတယ်။ ရွေးကောက်ပွဲကို ကျနော်တို့ လက်မခံနိင်ပါဘူး။
ဒီရွေးကောက်ပွဲဟာ မြန်မာ ပြည် အတွက် ထွက်ရပ်လမ်း မဟုတ်လို့ ဖြစ်ပါတယ်။ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု တွေကို ဦးမတည်လို့ ပါပဲ။ ၂၀၁၀ ရွေးကောက်ပွဲဟာ ဘာလဲ။ ၂၀၁၀ ရွေးကောက်ပွဲဟာ မဟာအ၀ီစိ ငရဲ ကိုသွားတဲ့လမ်းမှာ ပထမ တခါးပေါက် သာဖြစ်တယ်။
ဘာကြောင့် လဲ - ၂၀၁၀ ရွေးကောက်ပွဲ ရလဒ်က ၂၀၀၉ ခုနှစ် အခြေခံဥပဒေ အတိုင်း လုပ်မယ်။ နိင်ငံသား အခွင့်အရေး တွေ ဒီမိုကရေစီနဲ့လူအခွင့်အရေးတွေကို ဒီအခြေခံဥပဒေက ဘယ်လောက် အာမခံ မှာလဲ ဆိုတာကို သံသယရှိတယ်။ ဘာဖြစ်လို့ လဲဆိုတော့-
- စစ်အာဏာရှင်စံနစ် ကိုပဲ အခြေခံဥပဒေနဲ့ တရားဝင်အောင်လုပ်ထားပြန်လို့ ဖြစ်ပါတယ်။
- တရားမျှတတဲ့ရွေးကောက်ပွဲ တခုအတွက်လိုအပ်တဲ့ နိင်ငံရေးခေါင်းဆောင်တွေကို ဖမ်းဆီးထားတယ်။
- လွတ်လပ်စွာလှုပ်ရှား၊စည်းရုံးဟောပြောခွင့်တွေကိုပေးမထားဘူး။
အခုဗမာပြည်မှာ မဟာအကြပ်ရိုက်မှု (Total Crisis) ဖြစ်နေတယ်။
၁-လူမှုဒုက္ခကြီးကိုရင်ဆိုင်နေရတယ်။ ( Humanitarian Crisis)
ကူးစက်ရောဂါတွေဖြစ်တဲ့ အေအိုင်ဒီအက်၊ အသားဝါအသည်းရောင်၊ တီဘီ ၊ (လူတွေပြောနေတဲ့ လေးလုံး ရောဂါ၊ ဘီပိုးစီပိုး၊ တီဘီ၊ ငှက်ဖျား ရောဂါ၊ အဟာရမပြည်ဝမှု၊ ကလေးသေနှုန်း များလွန်းနေတယ်။ လူတွေ သက်တမ်းတိုနေတယ်။ )
ဒါဟာ လူတွေအကျင့်စာရိတ္တ ပြသာနာမဟုတ်ပါဘူး။ ဒါဟာ ဆင်းရဲမွဲတေမှုပြသာနာလည်းမဟုတ်ပါဘူး။ စစ် အစိုးရက အသိဥာဏ် နည်းပါးမှု ပြသာနာသာဖြစ်တယ်။ ဥာဏ်နည်းတာရယ်၊ လောဘဇော တိုက်မှုတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ပြသာနာဟာ မြန်မာ့လူ့အဖွဲ့စည်း တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပျက်ဆီးသွား ရတဲ့အခြေအနေကို ဆိုက်ရောက်သွားပါတော့တယ်။
တရုပ်ပြည်မှာလည်း အေအိုင်ဒီအက်စ်ရောဂါ သည်တွေရှိတယ်။ သူတို့ အတွက် Global Fund က ၁ ဘီလီယံဒေါ်လာ ကူညီဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ မြန်မာပြည်မှာ စစ်အစိုးရက နိင်ငံတကာ အလျူရှင်တွေကို ကန့်သတ်ချုပ်ချယ်လိုက်တဲ့အတွက် အလျှူရှင်တွေ ပြန်ထွက်သွားကြတယ်။ လူမှုဒုက္ခ (Humanitarian Crisis) ကို ရင်ဆိုင်နေရတယ်။
၂-တရားဝင် အသိမှတ်ပြု မှု အကြပ်တည်း ( Legitimate crisis)
နအဖ စစ်အစိုးရ က ဒီနေပြသာနာတွေကို ကြည့်တဲ့နေရာ မှာ တရားဝင်မှု အကြပ်တည်း (Legitimate Crisis )လို့ ယူဆတယ်။ နိင်ငံတကာက ၀ိုင်းပယ်ထားတာ၊ စီးပွားရေးပိတ်ဆို့ ထားတာဟာ နိင်ငံကြီးတွေက ပြည်တွင်းရေးကိုစွက်ဖက်နေတာ၊ တရားဝင်အစိုးရဖြစ်လာရင် ဒီအကြပ်အတည်းကို ကျော်နိင်မယ်။ ဒီလိုတရားဝင်မှုရဖို့ အတွက်ကတော့ ရွေးကောက်ပွဲ ဖြစ်မယ်လို့ အလွယ်ယူဆနေတယ်။ ၁၉၉၄ ၀န်းကျင်က တိုင်းရင်းသားအဖွဲ့တချို့ နဲ့ အပြစ်ခတ်ရပ်စဲရေး လုပ်တာ။ အာဆီယံထဲကိုဝင်ခွင့်ရဖို့ ကြိုးပန်းတာတွေဟာ တရားဝင်မှုရရင် အရာခပ်သိမ်းပြေလည်မယ်လို့ ယူဆခဲ့လို့ဖြစ်ပါတယ်။ ဒ်ါပေမဲ့ ၁၉၉၇ ခုနစ်မှာ အမေရိကန် က စီပွားရေပိတ်ဆို့ မှုကိုသာကြုံရတယ်။ တရားဝင်အစိုးရလို့ အသိအမှတ်မပြုဘူး။ ဒီတော့ ၂၀၀၀ ခုနစ်မှာတော့ နယူးကလီးယားလက်နက် ပိုင်ဆိုင်ဖို့ အိမ်မက်မက်လာကြတယ်။ ဒီလက်နက်ရရင် နိင်ငံတကာဆက်ဆံရေးမှာ Negotiation လုပ်နိင်မယ်။ Balance of Power လုပ်လာနိင်မယ်လို့ ထင်တာကိုး။ လက်တွေ့မှာ အီရန်၊ မြောက်ကိုးရီးယားတို့ဟာ နယူးကလီးလက်နက်အတွက် ကြောင့် ဖိအားပေးမှုတွေခံရတာပဲ အဖတ်တင် နေတော့တယ်။
ဗိုလ်ချုပ်သန်းရွှေရဲ့ နယူးကလီးယား စီမံကိန်းက ဘာနဲ့တူနေလည်းဆိုတော့ ကျနော်တို့ ငယ်ငယ်က ဖတ်ရတဲ့ စာရေးဆရာကြီး ကစ်ပလင်းရေးတဲ့ ဂျန်းဂဲလ်ဘုတ်ခ် ( Jungle Book) ၀ထ္ထု ထဲက မျောက်ဘုရင်ကြီး ကင်းလူဝီ လိုဖြစ်နေတယ်။ မျောက်ကြီးက မီးကိုရရင် တောတခုလုံးကိုထိမ်းချုပ်နိင်မယ်ထင်တာကိုး။ လက်တွေ့မှာ မျောက်က မီးကိုရရင်တောင် လူလို့ အသိမှတ်ပြုဖို့ ကြတော့ မလွယ်ဘူးမဟုတ်လား။
၂၀၁၀ မှာ ရွေးကောက်ပွဲ လုပ်ပေးလိုက်လို့ နအဖ ကို အသိမှတ်ပြု လာမှာမဟုတ်ဘူး။ ရွေးကောက်ပွဲမှာ စစ်အစိုးရအလို ကျ ပါတီ အနိင်ရလည်း - တရားဝင် အစိုးရ ဖြစ်ပြီ၊ ပြသာနာအားလုံး ပြီး၊ ရောဂါအားလုံးပျောက် ဆိုတာ ဖြစ်လာမှမဟုတ်ပါဘူး။ တရားဝင်မှု အကြပ်တည်းကိုဆက်လက်ရင်ဆိုင်ရမယ်။
- စီးပွားရေပိတ်ဆို့မှု ဆက်ဖြစ်မယ်။
- ဗိုလ်ချုပ်တွေ အမေရိကန်နဲ့ ဥရောပရဲ့  ပိတ်ပင်မှုတွေကိုဆက်လက်ရင်ဆိုင်ရမယ်။
- နိင်ငံတကာ ငွေလွဲ မှုတွေမှာ ပိတ်ဆို့တားဆီးမှုတွေ ရင်ဆိုင်ရဦးမှာပဲဖြစ်တယ်။
၃- အမှန်တရားနဲ့ တရားဥပဒေ ပျောက်ဆုံးနေမှု (Crisis of Truth and Justice)
ဗိုလ်ချုပ်သန်းရွှေ နဲ့ ဗိုလ်ချုပ်တစုကောင်းမှုကြောင့် မြန်မာ့သမိုင်း မှာ ဘယ်ကာလ ကနဲ့ မတူတဲ့ တရားဥပဒေကင်းမဲ့မှု၊ မင်းမဲ့ နိင်ငံတော်ကြီးဘ၀ကို ကျနော်တို့ ကျရောက်နေကြပြီ။ မြန်မာ ပြည်ဟာ အရာခပ်သိမ်းပြောင်းပြန်ဖြစ်နေတယ်။ အမှန်တရားနဲ့ အမှန်တရားနဲ့ နီးစပ်မှု အားလုံးဟာ ရာဇ၀တ်မှု တခုလို သတ်မှတ်ခံနေရတယ်။
အမှန်တရားဆိုတာ လင်္ကာတပုဒ်လို နားဝင်ချိုခဲပါတယ်။ ပျားရည်စက်တွေလည်းလည်း အမြဲတမ်း ချို မနေဘူး။ ဒါပေမဲ့ အမှန်တရားဟာ လူတယောက်အတွက်ရော လူအဖွဲ့အစည်းအတွက်ပါ တိုးတက်အောင်မြင်ကြီးပွားဖို့အတွက် ၂၄ နာရီလိုအပ်နေတဲ့ ဓါတုဇီဝ တခုလိုဖြစ်နေပါတယ်။ မြန်မာပြည်မှာက အစာ စားစရာမရှိဘူး။ မီးမရှိဘူး။ အင်တာနက်အားလုံးမှာမရှိသေးဘူး။ တယ်လီဖုန်းနေရာအနှံမှမရှိဘူး။ ပညာရေးမရှိဘူး။ အလုပ်မရှိဘူး။ ချစ်ခင်ရတဲ့ မိသားစုဝင်တွေအိမ်မှာမရှိဘူး။ အဆိုးဆုံးကတော့ အမှန်တရားပါမရှိတော့တာပဲ။ အမှန်တရားထွန်းကားဖို့၊၊ အမှန်းတရားကိုပြောဖို့၊ အမှန်တရားကိုလုပ်ဖို့ ဆိုတာတွေဟာ အစိုးရအဖွဲ့ ထဲမှာရော၊ စီးပွားရေး၊ ပညာရေးနဲ့ ဘာသာရေးမှာပါ အမှန်တရားဟာ မောင်းထုတ်ခံနေရတယ်။
အမှန်ကို ပြောမိလို့ဖမ်းခံထိ၊ အလုပ်ပြုတ်၊ စီးပွားပျက်၊ ဘ၀ပျက်မှုတွေက နေရာအနှံ့ မှာ ဖြစ်နေတယ်။ အမှန်တရားကို ပြောစရာ မရှိတဲ့နောက် ခင်ဗျား ဟာ ဘာပြော စရာကျန် တော့လည်း။ လောကကြီးမှာ ဘာတခုမှာ ကောင်းတာမရှိတော့ဘူးပေါ့။
အမှန်တရား မရှိတော့ တရားဥပဒေဆိုတာလည်း မရှိတော့ဘူး။ ရှေ့ နေဆိုတာ တရားဥပဒေ သို့သွားရာ လမ်းမှ လမ်းပြ မိတ်ဆွေပါ။ ရှေ့ နေကြီးနစ်ဦးကိုထောင်ထဲဖမ်းထည့်လိုက်တဲ့အခါမှာတော့ မြန်မာ ပြည်မှ အမှန်တရား ဆိုတာ မရှိတော့ပါဘူး ဆိုတာကို အိပ်သွန်ဖါမှောက်ပြလိုက်ရသလိုဖြစ်သွားရပါပြီ။
အမှန်တရားမရှိတဲ့နိင်ငံမှာ ကောင်းမြတ်မှုဆိုတာတွေ ဟာ ဘယ်တော့မှမရှိဘူး ဆိုတာပြောပါရစေ။ တိုးတက်မှု၊ ကြီးပွား အောင်မြင်မှု၊ပျှော်ရွှင်မှု၊ သုခ၊ လုံခြုံမှု၊ ငြိမ်းချမ်းမှု၊ မျှော်လင်ချက်နဲ့ ပြည့်စုံမှုဆိုတာတွေဟာ မရှိတော့ဘူး။ အမှန်တရားမရှိတဲ့ အတွက် ခုကျနော်တို့ ရှင်သန်ရာ ခေတ်ဟာ အမှောင်ခေတ် ပဲ လို့ပြောရမှာပဲဖြစ်တယ်။
၎-စီးပွားရေးအကြပ်အတည်း (Economic Crisis)
၁၉၈၈ ခုနစ် ဒီမိုကရေစီအရေးတော်ပုံကြီးပြီးသွားတဲ့အခါမှာ စစ်အစိုးရက မဆလ ခေတ် ကလို တခါးပိတ် စီးပွားရေးကနေ တခါးဖွင့် စီးပွားရေးစံနစ်ကို ပြောင်းလဲကျင့်သုံးလိုက်ပြီ။ သူတို့စကားနဲ့ပြောရရင် - ဈေးကွက်စီးပွားရေးစံနစ် ပီပီပြင်ပြင် ဖြစ်ပေါ်လာစေရေးပါ။ လက်တွေ့ ဖြစ်နေတာက လွတ်လပ်တဲ့ဈေးကွက် စံနစ်ဖြစ်မလာပဲ လက်ဝါးကြီးအုပ် ဈေးကွက် စီးပွားရေးနစ် ဖြစ်နေတယ်။ ဒီစီးပွားရေးစံနစ်က ဗိုလ်ချုပ်သန်းရွေ မိသားစုနဲ့ လက်တဆုပ်စာ လူတစု ကောင်းစားရေး မျှသာဖြစ်နေတယ်။ အများတကာ အများစု လူထုကြီးမှာ တော့ စီးပွားရေး အခွင့်အလမ်းတွေကို တန်တူညီမျှ ဆောင်ရွက်ခွင့်မရှိဘူးဖြစ်နေတယ်။ ဈေးကွက်ကို လက်ဝါးကြီးအုပ် လုပ်ကိုင်နေတဲ့အတွက် မကြုံဖူးမကြားဖူးလောက်အောင် ကုန်ပစ္စည်းတန်ဖိုးတွေ မြင့်တက် နေတယ်။ အမေရိကန်မှာ လွင့်ပြစ်ထားတဲ့ကားတစီးက မြန်မာ ပြည်မှာ ဒေါ်လာ ၁သောင်းလောက် ဖြစ်နေ တယ်။ ဒေါ်လာသုံးသောင်း လောက်ရှိတဲ့ ကား တစီးက ဒေါ်လာ ၁ သိန်းကျော်ဖြစ်နေတယ်။ ထိုင်းနိင်ငံမှာ ဒေါ်လာ ၂၀ လောက်တယ်လီဖုန်းက မြန်မာ ပြည်မှာ ဒေါ်လာ ၂၀၀ လောက်ပေးနေရတာတွေဖြစ်လာတယ် နိင်ငံတကာမှာ ဓါတ်ဆီဈေးက တပီပါကို ဒေါ်လာ ၃၇ ဒေါ်လာလောက်ဖြစ်နေပေမဲ့ မြန်မာပြည်မှာ ဓါတ်ဆီဈေးက အဆမတန်ကြီးနေတုန်းဖြစ်လာတယ်။ ဒီလိုဖြစ်နေရတာကတော့ ဈေးကွက်ကို လက်ဝါးကြီး အုပ်ထားမှုအပေါ်မှာ သန်းရွေမိသားစု နှင့် အသိုင်းအသိုင်းကို အကျိုးအမြတ်တွေဖြစ်နေလို့ပါပဲ။
ဒါဟာ မတော်တဆမှုမဟုတ်ပါဘူး။ ဒါဟာ စီးပွားရေးပေါ်လစီတွေကိုနားမလည်လို့မဟုတ်ပါဘူး။ ဗိုလ်ချုပ်သန်းရွှေ နဲ့ စစ်ဗိုလ်ချုပ် တွေရဲ့  တပ်မတော်သားတွေနဲ့ ပြည်သူတွေအပေါ်မှာ ကြင်နာတရားကင်းပြီး ရက်စက်လွန်းလှတဲ့ ဂုတ်သွေးစုတ် ခေါင်ပုံဖြတ် နေတဲ့ လုပ်ရပ်တွေကြောင့်သာ ဖြစ်ပါတယ်။
နောက်တခုက စီးပွားရေးလုပ်ငန်းတွေရှင်သန်ဖို့အတွက် အဓိက လိုအပ်နေတဲ့ -
- လွတ်လပ်တဲ့ဈေးကွက်စီးပွားရေစံနစ် နဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှု မရှိဘူး
- စွမ်းအင်မရှိဘူး။
- ဘဏ်စံနစ်တွေပျက်စီးနေတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေကို ငွေပင်ငွေရင်း စိုက်ထုတ်မချေးပေးဘူး။
- လမ်းပန်းဆက်သွယ်ရေး၊ အင်တာနက်နဲ့၊ တယ်လီဖုံးလုပ်ငန်းတွေ အကုန်လုံးက သေလုမျောပါးဖြစ်နေတယ်။
ဒီအခြေအနေမှာ လက်တဆုပ်စာ ဗိုလ်ချုပ်တွေရဲ့ အကျင့်ပြက်လပ်စားမှုတွေနဲ့ ပေါင်းလိုက်တဲ့အခါမှာ ကျနော်တို့ ဗမာပြည်ဟာ ဘာလုပ်ငန်းမှ လုပ်ကိုင်စားသောက်လို့မရတဲ့ မဟာ စီးပွားပျက်ကပ်ကြီး ဖြစ်ပေါ်နေရခြင်း ဖြစ် ပါတယ်။
၅-တည်ငြိမ်မှု အကြပ်အတည်း ( Crisis of Stability )
စစ်အုပ်စု အုပ်ချုပ်နေတဲ့နှစ်ပေါင်း ၅၀ နီးပါးမှာ မြန်မာပြည်ဟာ တည်ငြိမ်စွာ ဖြစ်ပေါ်မတိုးတက်ခဲ့ရဘူး။ နအဖရဲ့ မတရားဖိနိပ်မှု ၊ နိင်ငံရေးတင်းမာမှုတွေ၊ စီးပွားပျက်ကပ်၊ ပြည်တွင်းစစ်နဲ့  ရောဂါကပ်ဆိုးတွေကြောင့် လူတွေ ဘ၀တွေက တည်ငြိမ်မှုတခုမှ မရှိဘူး။ ခုဆိုရင် မြန်မာ မျိုးနွယ်စုတည်ရှိမှုကို ခြိမ်းခြောက်နေတာ က အမှန်ဖြစ်လာနေတယ်။ မိသားစုဘ၀တိုင်းက တည်ငြိမ်မှု ကိုမရှိတော့ဘူး။ ဆောက်တည်ရာမရဖြစ်နေကြတယ်။ မိမိနေထိုင်နေရာဝန်းကျင်ဟာ ဘယ်နေ့ရွေ့ ရမယ်လဲ။ ဘယ်နေ့ဖျက်ရမယ်လဲ။ ဘယ်နေ့မှာ အသိမ်းခံရမယ်လဲ ဖြစ်နေတယ်။ ကိုယ်ဘ၀က ဘာဖြစ်မလဲ - ဘာလုပ်ကိုင်စာရမလဲ ဘယ်ကိုသွားရမလဲ စကော်ထဲ ဇီးဖြူသီး ထည့်လိမ့်သလို လူတွေရဲ့ နေစဉ်ဘ၀ က ဘာမှကိုမတည်ငြိမ်တော့ဘူး။ လူတွေတင်မဟုတ်ဘူး တပ်မတော် သားတွေပါ တည်ငြိမ်တဲ့ဘ၀ကိုရဖို့ ဆိုတာမသေချာတာဘူး။ ဘယ်တော့အဖြုတ်ခံရမလဲ။ ဘယ်တော့ အရပ်ဖက်ကိုအရွေ့ ခံရမလဲဖြစ်နေကြပြီ။ စစ်အစိုးရအဆက်အဆက်အောက်မှာ နိင်ငံတော်ဟာ မတည်ငြိမ်ဘူး။ ပြည်သူလူထုဟာ မတည်ငြိမ်ဘူး။
၆-မျော်လင့်ချက်များ နဲ့  ယုံကြည်ချက်များ ပျောက်ဆုံးနေမှု (Crisis of Hope, vision and Trust)
နောက်ထပ်ဖြစ်နေတဲ့ ပြသာနာတခုကတော့ လူတွေဟာ မျှော်လင့်ချက်နဲ့ ယုံကြည်ချက်များ ပျောက်ဆုံး သွားရတဲ့ အခြေအနေကို ဆိုက်ရောက်သွားတော့တာပဲ။ လူတယောက်ရဲ့  ဘ၀ခရီးစဉ်တလျောက်လုံးကို မျှော်လင့်ချက်နဲ့  မောင်းနှင်းနေတာဖြစ်ပါတယ်။ မျှော်လင့်ချက်မရှိတဲ့နောက်မှာတော့ ဘာယုံကြည်ချက်မှလည်း မရှိတော့ဘူး။ လူတယောက် ဘယ်လောက်ပဲကြိုးစားကြိုးစား အောင်မြင်မှု တခါးဝ နားရောက်လာပြီဆိုရင်တော့ ရှေ့ ဆက်တိုးလို့မရပဲ အရာတခုက ပိတ်ပင်ထားဆီးနေတာကိုခံရတော့တာပဲ။ ဒီအရာက တော့ စစ်အာဏာရှင် စံနစ်ဖြစ်ပါတယ်။ ဒီစံနစ်က လူတဦးရဲ့  ဘ၀ မျှောင်လင့်ချက်တွေကို ပိတ်ပင်ထားတဲ့ အရာ ဖြစ်နေပါတော့တယ်။
ဝမ်းနည်းဖို့ ကောင်းပါတယ်။ မြတ်စွာ ဘုရားက ဇတိသညာ - လူတွေဟာ ကိုယ်မွေးဖွားရာ ဇတိကို အလွန်သံယောဇဉ်ကြီး တယ်လို့ ဆိုတယ်။ အခုမြန်မာ ပြည်သားတွေဟာ မွေးဖွားခဲ့ရာနေရာတွေက စွန်ခွာ ထွက်ပြေးနေကြရသလို ဖြစ်နေပါတယ်။ ဗမာပြည်ဟာ သူတို့အတွက်မျှော်လင့်ချက်များရှင်သန်ရာ နေရာမဟုတ်တော့လို့ ပါပဲ။
ဆေး ကဘာဘဲ
စစ်အာဏာရှင်စံနစ် နဲ့ စစ်ဗြူရိုကရေစီ ယန္တရားတွေကို ဖြိုချပြစ် ရပါမယ်။ ပြည်တွင်းစစ်မီးကိုအဆုံးသတ်ရမယ်။ ဒီမိုကရေစီစံနစ် ထွန်းကားလာအောင် အားပေးရမယ်။ ကာကွယ်ရမယ်။ ထိမ်းသိမ်းရမယ်။ လူတိုင်းတန်းတူစွာ အခွင့်အရေးရပိုင်ခွင့်ရှိတဲ့ ဈေးကွက်စီးပွားရေးစံနစ်ကိုကျင့်သုံး ရမယ်။ ၂၀၁၀ ရွေးကောက်ပွဲကိုဆန်ကျင်ပြီး လူထုတိုက်ပွဲတွေကို ဖေါ်ထုတ်ပြီးလူထုအစိုးရဖွဲ့စည်းနိင်အောင်ကြိုးစား ရမယ်။
တပ်မတော်သားများ တွေကို ကျနော်ပန်ကြားလိုပါတယ်။
ခင်ဗျားတို့ တခုပဲလုပ်စရာလိုပါတယ်။ အမေရိကန်၊တရုပ်၊ရုရှား၊အိန္ဒိယနဲ့ ထိုင်းနိင်ငံက စစ်သားတွေလို Professional Soldiers စစ်သား ပီပီသသ နေကြပါ။ လူတဦးတယောက်အပေါ်သစ္စာရှိတာဟာ ပြည်သူလူထု တရပ်လုံးကို သစ္စာကို ဖေါက်နေတာလို့ အဓိပ္ပါယ်ထွက်နေပါပြီ။ ပြည်သူလူထုကိုကာကွယ်ပါ။ ကျောင်းသား တွေနဲ့ လက်တွဲပါ။ အနာဂတ်သစ်ကို ဖန်တီးဖို့ အချိန်ကြပြီ။ သင့်ကို ပြည်သူလူထုကအလိုရှိနေပြီလို့ ပြောပါရစေ။
အပြစ်ခပ်ရပ်စဲရေးအဖွဲ့ များ
အထူးသဖြင့် ကချင်အမျိုးသားအစည်းအရုံ၊ ၀ပြည်သွေးစည်ညီညွတ်ရေးပါတီ၊ မွန်ပြည်သစ်ပါတီ။ ကလလတ၊ရလလဖ၊ ဒီကေဘီအေ ရဲဘော်များ ပြန်လာကြပါ။ နအဖ စစ်အစိုးရက ခင်ဗျားတို့ ပြည်သူတွေရဲ့ ဘ၀ကို တိုးတက်အောင်လုံခြုံအောင် ငြိမ်းချမ်းအောင်မလုပ်ပေးနိင်ဘူး ဆိုတာ ခင်ဗျားတို့ မြင်နေပြီဖြစ်ပါတယ်။
မနပုလောမှာ ခင်ဗျားတို့ကိုကျနော်တို့ ကတိပေးခဲ့တယ်။ တိုင်းရင်းသားအခွင့်အရေးတွေအတွက် တူမီးတဖက် ကလောက်တဖက် ကိုင်ပြီး ကျနော် တို့ ၈၈ မျိုးဆက်တွေ အတူတိုက်ပွဲဝင်မယ်ဆိုတဲ့ ဒီကတိကို ကျနော်တို့ တသက်လုံးစောင့်ထိမ်းသွားမယ်။
ခင်ဗျားတို့လည်း တိုင်းရင်းသား ပြည်သူတရပ်လုံးရဲ့ ဆန္ဒကို လေးစားပါ။ ပြောင်းလဲလုပ်ဖို့ အချိန်ကောင်းကိုရောက်နေပြီ။ မနောက်ကျ ကြပါစေနဲ့။
မျိုးစပါးတွေစုဆောင်းပါ။ သေနပ်ပြောင်းတွေတိုက်ထားပါ။ လှံစွပ်တွေသွေးထားပါ။ ကတုတ်ကျင်းတွေနက်နက်တူးထားပါ။ အရင်လို လက်တွဲ ပြီးအတူတိုက်ပွဲဝင်ကြပါစို့ ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဒီချုပ်ခေါင်းဆောင်တွေနဲ့ အဖွဲ့ ဝင်တွေ ကို ကျနော်တိုက်တွန်းခြင်းတာကတော့-
မုန်းတိုင်းလာတော့မယ်။ မုန်းတိုင်းက ဘယ်ဟာ ဘုရားထီးတော်လဲ ၊ ဘယ်ဟာ အမိုက်ပုံးလဲဆိုတာ မသိပါဘူး။ အကုန်လုံးကို ဆွဲချတတ်ပါတယ်။ ရန်သူရော မိတ်ဆွေကိုရော တိုက်ခိုက်ပါတယ်။ အဖွဲ့ချူပ်ကို ခိုင်ခံ့ အောင်ကျောက်အုပ်တွေနဲ့ အစားထိုးသင့်ပြီ လို့ပြောခြင်တယ်။ စွန့်လွတ်အနစ်နာခံတိုက်နေတဲ့ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုစံနမူနာယူပါ။ စေ့စပ်ရေး ဟာ မဖြစ်နိင် တော့ဘူး။ လူထုတိုက်ပွဲတွေဖေါ်ထုတ်ပါ။ အစိုးရဖွဲ့ နိုင်ဖို့ပြင်ပါလို့ တိုက်တွန်းလိုပါတယ်။
ကျောင်းသားကျောင်းသူများ နဲ့ အနာဂတ်လူငယ်များ
တကယ်က လူအဖွဲ့ စည်းမှာ လူကြီးနဲ့ ကလေးပဲရှိတယ်။ အသက်၁၈ နစ်ကျော်သူတိုင်းဟာ ဆေးပညာအရ၊ တရားဥပဒေအရ လူကြီးဖြစ်လာကြပြီ။ လူငယ်ပေမဲ့လူကြီးလို့ခံယူဖို့ လိုနေပြီ။ ဒီနေ့ မြန်မာ့သမိုင်းဟာ ခင်ဗျားတို့ကိုမျှောင်လင့်နေကြတယ်။ အားကိုးနေကြပါတယ်။ ခင်ဗျားတို့ ဟာ နိင်ငံတကာ ရဗ် - ဟစ်ပေါ့ ဂီတတွေကို သိနေရင် ဒီမိုကရေစီနဲ့ လူအအခွင့်ရေး လှုပ်ရှားမှု ဟာလည်း သိဖို့ မခက်လှပါဘူး။ စစ်အစိုးရက မသိနိင်အောင်လုပ်ထားပေမဲ့ ခင်ဗျားတို့က သိနိင်အောင်ကြိုးစားရင် သူတို့တားဆီးလို့ မရဘူး။ မြန်မာ ပြည်မှာ ဖြစ်နေတာတွေကို ခင်ဗျားတို့ သိပါတယ်။ အမှားနဲ့ အမှန်တိုက်ပွဲမှာ ပွဲကြည့်ပရိသတ်မရှိဘူး။ တာဝန်သိမှု Responsibility ကို သိပါလို့ တိုက်တွန်းလိုပါတယ်။
နိဂုံးချုပ်အနေနဲ့ ကျနော်ပြောခြင်တာကတော့-
၂၀၁၀ ရွေးကောက်ပွဲဟာ ငရဲ ကိုသွားတဲ့ ပထမတခါးပေါက်သာဖြစ်နေပါတယ်။ ဒါကိုကျနော်တို့ လက်ခံလို့ မရပါဘူး။ အခြေခံဥပဒေဟာ ဒီမိုကရေစီနဲ့ လူအခွင့်အရေး တွေကို အလေးနက်မထားဘူး။ တခါးဖွင့် စီးပွားရေး စံနစ်ကို အာမခံချက်တွေ မရှိဘူး။ ၁၉၇၄ ခုနစ်အခြေခံဥပဒေအတိုင်းပဲ အာဏာရှင်စနစ်သက်ဆိုးရှည်အောင် စစ်ကျွန်ပြုမှုကို အတည်ပြု ပေးထားတာ မျှသာဖြစ်တယ်။
မြန်မာ ပြည်ဟာ ပြောင်းလဲမှု ဖြစ်ကိုဖြစ်တော့မယ်။ အောင်ပွဲ ခံကိုခံမယ်။ ဒီမိုကရေစီရကိုရမယ်။ အထွေထွေ လူမှုဒုက္ခတွေဟာ နိဂုံးချုပ်ကိုချုပ်ရမယ်။ စစ်အစိုးရ ဗိုလ်ချုပ်တွေကိုယ်တိုင် သူတို့ဟာ သမိုင်းလားရာကို ဆန့်ကျင်ဖက်သွားနေသူတွေ အမှန်တရားနဲ့ တခြားဖက်ကိုရောက်နေသူတွေ အရှုံးကိုရင်ဆိုင်နေရပြီဆိုတာ သိနေပြီ။
တော်လှန်ရေးဘယ်တော့အောင်ပွဲခံမလဲ လို့ မေးရင် အောင်ပွဲခံနေရသူတွေ ဟာ ငါတို့ ပဲဆိုတာကိုသိတဲ့နေ့ ဟာ တော်လှန်ရေးအောင်ပွဲခံတဲ့နေ့ပဲ လို့ ပြောရင်းနိဂုံးချုပ်လိုက်ပါတယ်။
ကျေးဇူးတင်ပါတယ်။
ကျနော်မိုးသီးဇွန်ပါ။
ဇန်န၀ါရီ ၂၈-၂၀၀၉
WFWW- လွတ်မြောက်ရေး အသံ မှ စီစဉ်ထုတ်လုပ်သည်။
Rest of your post
9 comments :
Hi..Ko Moe Thee,
Absoluty you are right!!!
I strongly agreed what you said.
Cheers!
မှန်လိုက်လေကိုမိုးသီးရယ်၊
ဒီအတိုင်းဆက်လုပ်ပါဗျာ၊
Amen, KMT
People will arise again with full force to change the political, education, and health systems in Burma. I am hopeful!
AP
Background Music is too noisy while your speech is too important and need much attention on listening. It is very distracting your speech.
Thanks
စာလုံးပေါင်းတွေ နဲနဲ လေး ထစ်နေ တာက လွဲရင် ကောင်းပါတယ်။ ဥပမာ ၁။စီးပွားရေးပိတ်စို့ ၂။ုကြိးပန်း တြာတွေဟာ ၃။ အရာခတ်သိမ်းပြေလည်မယ်လို့ ယူဆခဲ့လို့ဖြစ်ပါတယ်။ ၄။ပျားရည်စက်တွေလည်းလည်း အမြဲတမ်း ချို မနေဘူး။ (ဘယ်တော ခါးတာလဲ?) ၅။ဒီစီးပွားရေးစနစ်က။ ၆။လွတ်ပြစ်ထားတဲ့ကားတစီးက။
၇။ပြသာနာတခုကတော့ ၈။ ဆေး ကဘာဘဲ ၉။အဖွဲ့ချူပ်ကို ခိုင်ခံ့ အောင်ကျောက်အုပ်တွေန ၁၀။့အနာဂတ်လူငယ်များ ၁၁။ဗိုလ်ချုပ်တွေကိုယ်တိုင်
အမှန်က
၁။ဆို.
၂။ပမ်း
၃။ခပ်သိမ်း
၅။စံနစ်(အုကိမ်များစွာ စနစ် ဟု ရေးသည်)
၆။လွင့်ပစ်
၇။ပြဿနာ
၈။ဆေးက ဘာလဲ
၉။ကျောက်အုတ်
၁၀။အနာဂါတ်
၁၁။ချုပ်
စာလုံးပေါင်းမှန်ခြင်းသည် အေုကာင်းအရာကို လေးနက် ခိုင်ခံ. စေဘိသကဲသို. မှားခြင်းသည် ပေါ.ပျက်စေ၏။ အေုကာင်းအရာသာ ပဓာန ဟု ငြင်းလိုက ငြင်းနိုင်၏ သို.သော် အနာဂါတ် ခေါင်းဆောင်ဖြစ်လိုသူ မည်သူမဆို မြန်မာစာ စာလုံးပေါင်း မှားရုံမျှဖြင်. အဆဲ မခံရ စေလိုပါ။
အောင်မြင်ပါစေဗျာ ။ ။
ြ
ကိုမိုးသီးခင်ဗျားကကောဘာလုပ်မှာလဲ?Blog လေးေ၇း ပြီးဝေဖန်နေ၇ုံနဲ.မပြီးဘူးလေဗျာ။
ပြောတာတွေအားလုံး လက်ခံနိုင်ပါတယ်။
နောက်ခံ တီးလုံးသံက လေးနက်မှုကို လျော့သွားစေပြီး နည်းနည်း အနှောင့်အယှက်ဖြစ်နေသလားလို့..။
နည်းနည်းပြောများများလုပ်ပါဗျာ။ ဘလော.ဂ်ကနေလျှောက်အော်လျှောက်ရေးတော.လူတိုင်းလုပ်နိုင်ပါတယ်၊
အေးဗျာ လျှောက်အော်တာလောက်တော့ လမ်းဘေးက သူတောင်းစား ငွေပေးခိုင်းတောင် ရပါတယ်။ လက်တွေ့လုပ် စမ်းပါ။
Post a Comment