Monday, 19 January 2009

အိုဘားမား အနာဂတ်ကို စံဇာနည်ဘို ဟော လိုက်ခြင်း


အေအက်ဖ်ပီ

ရာဟူး အင်တာနက်စာမျက်နှာ ထိပ်စည်းသတင်း အဖြစ် အခုတက်လာတဲ့ သတင်းကတော့ အလွန် စိတ်ဝင်စား စရာ ကောင်းလှပါတယ်။ မြန်မာ ဗေဒင်လက္ခဏာဆရာ စံဇာနီဘိုက အိုဘားမားနဲ့ ပတ်သက်လို့ ဟောစတန်း ထုတ်ပြန်တဲ့ သူဟောစတန်း ကို အေအက်ဖ်ပီသတင်းမှာ ဖေါ်ပြထားတာကို ရာဟူးအင်တာနက်စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

စံဇာနည်ဘိုရဲ့ ဟောစတန်းမှာ အိုဘားမာဟာ နောက်ထပ်သမတ သက်တမ်းမှာလည်း အရွေးခံရမယ်။ သူကိုလုပ်ကြံမှုတွေကလည်း ၂၀၀၉၊ ၁၀နဲ့ ၁၃ တွေမှာကြုံရမယ်လို့ ဟောကိန်းထုတ်ထားပါတယ်။ ဒီလုပ်ကြံမှုတွေ ကို သူက ဟာလွတ်မြောက်မယ်လို့လည်းဆိုထားပါတယ်။ အိုဘားမားရဲ့ ဇာတာ က လီယို လို့ဆိုပါတယ်။ လီယိုရဲ့ သဘ၀က တခြားသူတွေကိုခေါင်းဆောင်နိင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ အိုဘားမားရဲ့ ဂဏန်းက သြဂုတ်လ ၄ရက် နေ့ ဖြစ်တဲ့အတွက် ၄ဂ ဏန်းကြီးဆိုတယ်။ သူအုပ်ချုပ်တဲ့နိင်ငံဟာ ကြီးပွားချမ်းသာမှု ကိုရလိမ့်မယ်လို့ စံဇာနည်ဘိုက ဟောပါတယ်။ ၄ ဂဏန်းမှာ မွေးတဲ့သူတွေက အဖိနိပ်ခံ တွေဖက်က ရပ်တည်လေ့ရှိကြတယ်လို့ လည်း သူကဆိုပါတယ်။

သေချာတာကတော့ သူရဲ့ ဟောစတန်းက အိုဘားမားထံရောက်မှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့ လည်း ဆိုတော့အိုဘားမားက အင်တာနက် ချံပီယံတဦးဖြစ်နေလို့ ပါပဲ။ ဒီလိုမြန်မာ ပြည်က ဗေဒင်ဆရာတဦ့းရ့ဲဟောစတန်းကြောင့် အိုဘားမာက မြန်မာပြည်ကိုလည်း စိတ်ဝင်စားစေမှာ အမှန်ဖြစ်ပါတယ်။


ကဲ ကိုမြတ်စိုးနဲ့ ကိုမိုးသီးရေ အိုဘားမားကလည်း မြန်မာ ပြည်အတွက်လည်း ဘယ်လိုမျိုးတွေ ကူညီလာနိင် မလဲဆိုတာ ကိုစံဇာနည်ဘို လိုပြောပြနိင်ရင်လည်း ကောင်းမှပဲဗျ ။


-၀င်းဇော် -

Rest of your post

No comments :