Thursday 5 February 2009

မမ ရင်နာလွန်းလို့ ရှင်းပြ ပါရစေ



-အို-

မမရေပေးတာ ဂေါပကရုံးအဖွဲ့မှုး ၀င်းကြိုင်ဘဲ။ ဘုရားမှာ ဂွင်ရအောင် တည်ဆောက်ရေးလုပ်ငန်းတွေဆိုပြီး ဂွင်ဖန်ထားတာ။ လုပ်ငန်းကြီး ၃၆၆ ခုရှိတယ် တနှစ်မှာ ၃၆၅ ရက်ဘဲရှိတာ။ လုပ်ငန်းပေါင်းက ၃၆၆ ခုတဲ့ အဲဒီလုပ်ငန်းတွေလျှောက်လုပ် မပျက်သေးတာတွေ အတင်းလျှောက်ပြင် ရှေးဟောင်းပစ္စည်းတွေကိုခွာ အသစ်တွေလျောက်လုပ် ငွေမလည်ရင်-- ဆီကဆွဲ ရှေးဟောင်းပစ္စည်းတွေကို အသစ်နဲ့အစားထိုးပြီး---ကို ရောင်းတာလဲ ရှိသေးတယ်။ ဂေါပက လူကြီးဆိုတဲ့ ကောင်တွေက စစ်တပ်ကကောင်တွေ သူခိုးဘ၀က လာတဲ့ကောင်တွေ ဆိုတော့ သူတို့လဲ ခိုးဖို့ဘဲ။ ငွေရရင်ပြီးရောလျှောက်လုပ်တာဘဲ။ ရွှေတိဂုံ ဘုရားမှာ ရှေးဟောင်းလက်ရာဆိုတာ မရှိတော့ဘူး။ အားလုံးအသစ်တွေချည်းဘဲ။ မူလအလှူရှင်တွေကို မတိုင်ပင် အကြောင်းမကြားဘဲ စစ်ဒေသမှူး လုပ်သွားတဲ့ ဆန်းဆင့် ရယ် ဂေါပက ရုံးအဖွဲ့မှူး ၀င်းကြိုင် (ကော့မှူးသား) ဂေါပကလူကြီးတွေ မောင်ဝိတ် စတဲ့ကောင်တွေ သန်းရွှေ ခင်ညွှန့် အဲဒီကောင်တွေ အကုန်ပါတယ် လုပ်ခြင်တာလုပ်သွားတာ။

ရွှေတိဂုံဘုရားကိုရောက်ရင်မှတ်မိကြမှာပါ။ တောင်ဘက်မုဒ် မှာ နံရံဆေးရေးပန်းချီကားကြီး တွေရှိတယ်။ အဲဒီထဲမှာ ဆေးရေးရော ရုပ်ကြွပါ ပေါင်းစပ်ထားတဲ့ ၅၅၀ နိပါတ်တော်ထဲက ဇတ်လမ်း တွေဘဲ အဲဒီထဲမှာ အလှူပေးတဲ့ပန်းချီရုပ်ကြွတစ်ခုမှာ ပုဆိုးလန်ပြီး လဥလေးပေါ် နေတဲ့ ကာလသား တစ်ယောက်ရဲ့ ရုပ်ကြွလေးကို လွန်ခဲ့တဲ့ ၁၀ ကျော်က သတိထားမိကြမှာပါ။ နိုင်ငံခြားတွေ အရမ်းသဘောကျ ဓါတ်ပုံအရမ်းရိုက်ကြပါတယ်။ အရမ်းလိုခြင်လို့ ရှေးဟောင်းခိုးထုတ်သူတွေကို အခိုးခိုင်းတဲ့ ပန်းချီရုပ်ကြွတစ်ခုပါ။ ခင်ညွှန့်က လဥပေါ်နေလို့ မြန်မာ့ယဉ်ကျေး မှုနဲ့ မကိုက်ညီဘူး လို့ပြောတော့ ဂေါပက ကဖြုတ်ပြီး တခြားဟာနဲ့ အစားထိုးတာ။ နောက်အဲဒီပန်းချီရုပ်ကြွဟာ ထိုင်းဘက်ရောက်လာတယ်။ အခု ထိုင်းဘက်ကနေ ကမ္ဘာကြီးရဲ့တနေရာ ရောက်သွားပြီလေ။ ပျက်စီးနေပြီလို့ အကြောင်းပြချက်နဲ့ တောင်ဘက်မုဒ် အရှေ့ဘက်မုဒ် တွေကို အသစ်တည်ဆောက် အာရုံခံတန်ဆောင်းတွေက သစ်သားပန်းဆွဲကြီးတွေ ဖြုတ် တမ္ပ၀တီ ၀င်းမောင်နဲ့ အဖွဲ့ကအသစ်တွေ ပြန်လုပ် ရှေးလက်ရာဟောင်းတွေကို ယိုးဒယားဘက်ကို ပို့လိုက်ကြတယ်။ အရှေ့ဘက်စောင်းတန်း ဖျက်တုန်းက အုပ်စောင်းတန်းကြီး ရှေးမြန်မာမှု ပန်းချီကားတွေ ကနုတ်ပန်းဆွဲတွေ ကနုတ်ထွင်းသစ်သားတိုင်တွေ အုတ်တိုင်တွေဆို အထဲမှာ ကြေးတိုင်တွေကို မံထားတယ် မျက်နှာချက်သံယက်မ တွေအပါအ၀င် အားလုံးလေလံပစ်တာ။ သိန်းနှစ်ဆယ်ထဲပါဘဲ ဆွဲတာက ကုလား ထားပါတော့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးဘယ်သူမှဝင်မဆွဲလို့ သူရတာ။ ပြောခြင်တာက ဂေါပကဆိုတဲ့စစ်တပ်ကကောင် တွေ သူတို့ အိမ်ဖျက်ရောင်းရင်တောင် သိန်းနှစ်ဆယ် လောက်နဲ့ မရောင်းဘူး။ ဒီလောက်စောင်းတန်း အကြီးကြီး ကို သိန်းနှစ်ဆယ် တည်းနဲ့ လေလံပစ်တယ်။ ခင်ညွှန့် အရှေ့ဘက် စောင်တန်း မဖျက်ခင်တုန်းက လာတော့ အရှေ့ဘက်စောင်တန်း ကဈေးသည်တွေကို ဘာပြောလဲဆိုရင် အကောင်းကြီးရှိသေးတာ မဖျက်ဘူး ပြင်ရုံဘဲပြောပြီး မကြာခင် အကုန်ဖြိုလိုက်တာ ဂေါပက က လေးလံကြေးသိန်းနှစ်ဆယ်နဲ့ ပစ်ပြီး အပြင် မှာ ကုလားက ဂေါပကကို သိန်းတရာပေးရတယ်..

ခုမြင်နေရတဲ့ အရှေ့ဘက်နဲ့ တောင်ဘက်စောင်တန်းက ကနုတ်တွေ ပန်းဆွဲတွေပန်းချီကားကြီးတွေအကုန် အသစ်လုပ်ထား တွေချည်းဘဲ အဟောင်းတွေ အကုန် ယိုးဒယားဘက်ရောက်သွားပြီ။ မြောက်ဘက် မုဒ်က ဇရပ်တွေက အင်္ဂလပ်စစ်သား အင်္ဂတေရုပ်တွေ ဖိုးဝရုပ် တွေ ဗိုက်ဆူ ချက်ဆူနဲ့ကနေတဲ့ အင်္ဂတေရုပ်တွေ ပန်ချာပီကုလားမဲတွေ ကနေတဲ့ အင်္ဂတေရုပ်တွေ အကုန် မြန်မာ့ယဉ်ကျေးမှုနဲ့ မလျော်ညီဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဖြုတ်ပြီးယိုးဒယားပို့လိုက်ကြတယ်။ အမှန်တော့ အင်္ဂလိပ်စစ်သားတွေ ကုလားတွေကနေတဲ့ အင်္ဂတေရုပ်တွေဟာ ရှေးအလှူရှင်တွေက နမ်နိမ်တဲ့ သဘောနဲ့ ကုလားတွေ အင်္ဂလိပ်စစ်သားတွေကို ဇရပ်စောင့်ခိုင်းသဘောမျိုးလုပ်ခဲ့တာပါ။ ခင်ညွှန့် သန်းရွှေ ပေါက်ကရပြောတဲ့ အတိုင်း ဂေါပက လိုက်လုပ်မှာပေါ့ အဲဒါတွေ ဖျက်လိုက်ရင် ရှေးဟောင်းဆိုတော့ ဂွင်ပေါ့။ အရင်တုန်းကသတိထားမိရင် သိသာပါတယ်။ အဟောင်းတွေ ဖြုတ်ရင် ဖြုတ်တဲ့ ကန်ထရိုက်ရတဲ့ တမ္ပ၀တီ ၀င်းမောင်တို့ ပိုသိတာပေါ့ တိံကြား အဖွဲ့က သန်းလှတို့ ဂေါပကရုံးအဖွဲ့မှူး ၀င်းကြိုင်တို့ အရမ်းသတိ ထားတာ။ အသစ်တွေပြန်တပ်ရင် ဖြစ်ကတက်ဆန်းဘဲ နာဂစ်တုန်းကလဲ ဘုရားကြီး သိပ်မပျက်စီးပါ။ မျက်မြင် ဖြစ်ပြီး ၃ရက်နေ့ ၁၀ နာရီခန့်တွင် ဘုရားပေါ်ရောက်သွား ၍ သိခြင်းဖြစ်သည်။ အသစ်ပြင်နေသည်မှာ ခုထက်ထိဘဲ ရှေးတုန်းက ဘုရားရင်ပြင် တလျှောက် ခင်းထားသော အီတာလျံ ကျောက်ပြားကြီးများ ကိုခွာကာ နေပူခံကျောက်ပြားခင်းလိုက်သည်မှာ နေပူရင် ပူသလို ပူလွန်းလို့ ခုန်ပေါက်ပြေးလွှား နေရပါသည်။ ရှေးကျောက်ပြားကြီးများကို ဘယ်သူ့အိမ်တွင်ခင်းထားသလဲမသိတော့.......




Rest of your post

2 comments :

Unknown said...

the chief old CUNNING thief from shwedsgon was General San Yu's PA

Anonymous said...

ရွှေတိဂုံဘုရားအလှူခံပုံးများအား တနှစ်လျှင် သိန်းငါးထောင်ဖြင့် ဘာသာခြားတဦးပိုင် ကုမ္ပဏီတခုသို့ ကန်ထရိုက်ပေးထားသည်ဆိုသည်ဟု ပြောဆိုရေးသားနေခြင်းမှာ မှန်ကန်မှုမရှိကြောင်း ရွှေတိဂုံဘုရား ဂေါပကအဖွဲ့တာဝန်ရှိသူတဦးက ခေတ်ပြိုင်သို့ ငြင်းဆိုလိုက်သည်။

ရွှေတိဂုံဘုရားအလှူငွေများကို ဘာသာခြားလုပ်ငန်းရှင်တဦးအား ကန်ထရိုက်ပေးထားသည်ဆိုသည့် ရေရာမှုမရှိသည့် အင်တာနက်တွင် ဖြန့်နေသည့် ကောလာဟလ သတင်းနှင့် ပတ်သက်ပြီး ရွှေတိဂုံဘုရား ဂေါပကအဖွဲ့သို့ ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းရာ ဂေါပကအထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ယခုကဲ့သို့ ငြင်းဆိုလိုက်ခြင်းဖြစ်သည်။

“ကျနော်အတွင်းရေးမှူးပါ။ အတိအလင်းပြောပါတယ်။ ဒါမျိုးလုပ်လည်း မလုပ်ပါဘူး။ လုပ်လည်း မလုပ်အပ်ပါဘူး။ ဒီလုပ်ငန်းစဉ်တွေကို ကိုယ်တိုင်ကြည့်ချင်တယ်ဆိုလည်း လာကြည့်လို့ရပါတယ်။ နေ့စဉ်နေ့တိုင်း ဘယ်လောက်ရတယ်။ ဘယ်လိုအပ်တယ်ဆိုတာက လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ရတာ တွေလေ။ ဘယ်သူပဲဖြစ်ဖြစ် သိချင်ရင် တရားဝင်မေးလိုက်ပါ” ဟု ဦးဝင်းကြိုင်က ပြောသည်။

အင်တာနက်ပေါ်တွင် အမည်မသိ အမျိုးသမီးတဦးအသွင်ဖြင့် ရွှေတိဂုံဘုရားအား ပြည်သူများ အလှူငွေမထည့်ချင်အောင် ရေးသားဝါဒဖြန့်မှုနှင့် ပတ်သက်ပြီး ရန်ကုန် ဆရာတော်တပါးအား လျှောက်ထားရာ
“ဘာသာရေး ပဋိပက္ခဖန်တီးဖို့လည်း ဖြစ်နိုင်တယ်။ ရွှေတိဂုံကို ပြည်သူတွေ အကြည်ညှိပျက်အောင် ရေးတာမျိုးလည်း ဖြစ်နိုင်တယ်။ ဒီလို ဘယ်သူဘယ်ဝါမှန်းမသိတဲ့ အရေးအသားတွေကြောင့် အတိတ်က ဘာသာရေး ပြဿနာတွေ ဖြစ်ခဲ့ပြီးပြီ။ သတိနဲ့ ချင့်ချိန်ဖတ်ကြရင် ကောင်းမယ်” ဟု အမိန့်ရှိသည်။

ရွှေတိဂုံဘုရားတွင် ရွှေဆိုင်း၊ ဓာတ်ပုံ၊ ကားရပ်နားကွင်း၊ စားသောက်ဆိုင်၊ ဖိနပ်လက်ခံဌာန၊ အိမ်သာ စသည့်လုပ်ငန်းများကိုသာ တနှစ်စာကန်ထရိုက်ပေး လုပ်ကိုင်စေကြာင်း၊ အလှူခံပုံးများမှ တရက်တာရရှိသော အလှူငွေများကိုလည်း ညနေသိမ်း၊ မနက်ရေတွက် ဘဏ်အပ်စနစ်ဖြင့် လုပ်ကိုင်နေပါကြောင်း ဂေါပက အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ဆက်ရှင်းပြသည်။

နိုင်ငံခြားသား ၀င်ရောက်မှုမှရရှိသော နိုင်ငံခြားငွေများကိုလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဘဏ်တွင် စာရင်းဖွင့်အပ်နှံကာ ဂေါပကအစည်းအဝေးဆုံးဖြတ်ချက်အရ ဘုရားကြီး၏လိုအပ်မှုများတွင် ပြန်လည် သုံးစွဲနေပါသည်ဟုလည်း ဦးဝင်းကြိုင်က ပြောသည်။