ကုလသမဂ္ဂ လူအခွင့်အရေးကိုယ်စားလှယ် သောမစ်အိုဂျီရာကွင်တာနာ မြန်မာပြည်ကိုလာရောက်ခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ခေါင်းဆောင်တွေက သန်းရွှေ အုပ်ချုပ်မှုအောက်မှာ လူခွင့်ရေးချိုးဖေါက်နေတာတွေကို ကမ္ဘာက သိနိင်အောင် ကူညီဖို့ ဂန်ဘာရီကိုမေတ္တာရပ်ခံအပြီးမှာ သူရောက်လာတာဖြစ်တယ်လို့ ဆိုတယ်။မစ္စတာ ကွင်တာနာက ကရင်ပြည်နယ်ကိုသွားမယ်။ သူက ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်ကိုလည်း သွားရောက်ကွင်းဆင်းလေ့လာဦးမှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာလောလောဆယ်ဖြစ်နေတဲ့ ပြသာနာက ရိုဟင်ဂျာပြသာနာဖြစ်ပြီး။ ချင်းပြည်နယ်မှာတော့ ခရစ်ယန်ဘာသာကိုးကွယ် သူများကို နအဖ က တိုင်းပြည်မှာ မနေနိင်အောင် နည်းမျိုးစုံနဲ့ မောင်းထုတ်နေတဲ့ ပြသာနာဖြစ်ပါတယ်။ သူက ဒေါ်အောင်ဆန်စုကြည်နဲ့ လည်းတွေ့ ဖို့ မျှော်လင့်ထားတယ်။ ပြသာနာကတော့
ကုလသမဂ္ဂ ကိုယ်စားလှယ်တွေ မြန်မာ ပြည်က ပြန်သွားတိုင်း အခြေအနေက ပိုဆိုးလာတာဖြစ်ပါတယ်။
ဂန်ဘရီနောက်ဆုံးအခေါက်က ပြန်သွားပြီးမှာ သန်းရွှေက ဦးတင်ဦးကို ထောင်ဒဏ် သက်တမ်း ပိုတိုးလိုက်တာ
ဖြစ်ပါတယ်။ ကုလသမဂ္ဂ ကို နအဖ က သောက်ဂရုမစိုက်ဘူးဆိုတာကိုဖေါ်ပြလိုက်တာဖြစ်ပါတယ်။
No comments :
Post a Comment