ဗြိတိန် နယူးကလီးယား ရေငုပ်သင်္ဘော HMS Vanguard ( ပုံ-၂၀၀၆)
-မြတ်စိုး-
နယူးလီးယား လက်နက်တွေတင်ဆောင်လာတဲ့ ဗြိတိန် နှင့် ပြင်သစ် နိုင်ငံတို့မှ ရေငုပ်သင်္ဘော ၂ စင်း ဟာ ဒုတိယ အကြီးဆုံး သမုဒ္ဒရာတခုဖြစ်တဲ့ အတ္တလန်တိတ် သမုဒ္ဒရာထဲမှာ အချင်းချင်း တိုက်မိခဲ့ကြကြောင်း ဗြိတိန် တာဝန်ရှိသူတွေက ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။ ဒါဟာ အင်မတန်မှ ကြောက်မက်ဖွယ်ကောင်းတဲ့ အန္တရယ်ဆိုးကြီးဖြစ်လာနိုင်တယ်ဆိုတာ ဖော်ပြနေတယ်လို့ နယူးကလီးယားဆန့်ကျင်တဲ့ အဖွဲ့တွေက ဝေဖန်ခဲ့ကြတယ်။
ဗြိတိန်မှ HMS Vangyard နှင့် ပြင်သစ်နိုင်ငံက Le Triomphant နယူးကလီးယားရေငုပ်သင်္ဘော ၂ စီး အတ္တလန်တိတ် သမုဒ္ဒရာ ရေအောက်ထဲမှာ တိုက်မိ ခဲ့ ကြပြီး ၂ စီးစလုံး ပျက်ဆီးမှုတွေ အနည်းငယ်ရှိခဲ့ကြောင်း ၊ ရေဒီယိုသတ္တိကြွ မှုတွေ မရှိကြောင်း၊ သင်္ဘောသားတွေလည်း ဒဏ်ရာရမှု မရှိခဲ့ကြောင်း ဗြိတိန် အစိုးရက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဗြိတိန်မှ HMS Vangyard ဟာ ၁၉၉၄ ခုနှစ်ကတည်းစပြီး သမုဒ္ဒရာထဲမှာ လုပ်ငန်း တာဝန်ထမ်းဆောင် နေခဲ့ပြီး၊ အချိန်မရွေးပစ်ခတ်နိုင်တဲ့ နယူးကလီးယားထိပ်ဖူးတပ် Trident ဒုံးကျည် ၁၆ စင်း နဲ့ သဘောင်္သား ၁၄၀ ယောက် ပါရှိပါတယ်။ ဒီလို နယူးကလီးယားရေငုပ်သင်္ဘော အမျိုးအစား တစင်းဟာ အချိန်မရွေးပစ်ခတ်နိုင်တဲ့ နယူးကလီးယားထိပ်ဖူးတပ် Trident ဒုံးကျည် ၄၈ စင်း သယ်ဆောင်နိုင်စွမ်းရှိကြပြီး၊ ဗြိတိန်နိုင်ငံမှာ ဒီလို နယူးကလီးယားရေငုပ်သင်္ဘောအမျိုးအစား ၄ စင်း သမုဒ္ဒရာတွေထဲမှာ တာဝန်ထမ်းဆောင် လျှက်ရှိကြ ပါတယ်။ ဗြိတိန်လွှတ်တော် ဥပဒေပြုအမတ်တွေက ၂၀၀၇ ခုနှစ်က နယူးကလီးယား ရေငုပ်သင်္ဘော တွေကို အစားထိုး တည်ဆောက်ဖို့ ပေါင်စတာလင်ငွေ ဘီလီယံ ၂၀ ( အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀) အတည်ပြုထားပြီးဖြစ်ပါတယ်။
ဖေဖေါ်ဝါရီလ ၆ ရက်နေ့ က ပြင်သစ်က ထုတ်ပြန်တဲ့ ကျေညာချက်ထဲမှာ တော့ Le Triomphant နယူးကလီးယား ရေငုပ်သင်္ဘော ဟာ ကင်းလှည့်က ပြန်လာစဉ် အရာဝထ္ထု ကြီးတခုနဲ့ တိုက်မိမှုဖြစ်ပွားခဲ့၍ ရေငုပ်သင်္ဘောရှေ့ပိုင်းရှိ ဆိုနာအမိုးခုံး (Sonar dome) ပျက်စီးသွားခဲ့တယ်လို့ ဖော်ပြထားပေမဲ့ ၊ ဘယ်နေ့မှာ ဖြစ်ပွားခဲ့တယ်ဆိုတာ ကိုတော့ အတိအကျ မဖော်ပြထားပါဘူး။ Le Triomphant နယူးကလီးယား ရေငုပ်သင်္ဘော ဟာ အချိန်မရွေး ပစ်ခတ်နိုင်တဲ့ နယူးကလီးယားထိပ်ဖူးတပ် ဒုံးကျည် ၁၅ ခု နဲ့ သင်္ဘောသား ၁၁၁ ယောက် ပါရှိခဲ့တယ်လို့ စစ်ရေး နှင့် ကာကွယ်ရေး လေ့လာ သုံးသပ်နေတဲ့ Jane’s ဂျိမ်း အဖွဲ့က ရေးသား ဖော်ပြထားပါတယ်။
ဗြိတိန်မှ HMS Vangyard ကို ဆွဲသင်္ဘောဖြင့် စကော့တလန် ရေတပ်အခြေစိုက်ကို ဆွဲခေါ်သွားခဲ့ရပြီး၊ ပြင်သစ်ရဲ့ Le Triomphant နယူးကလီးယားရေငုပ်သင်္ဘောကတော့ ဆက်လက်မောင်းနှင်းနိုင်ခဲ့တယ်လို့ သတင်းထဲမှာ ဖော်ပြ ပါရှိပါတယ်။ နေတိုး မဟာမိတ်နိုင်ငံတွေဟာ မိမိတို့ ကင်းလှည့်ရာဒေသတွေကို ကြိုတင် အသိပေးမှုတွေ ရှိခဲ့တာကြောင့်၊ ဒီဖြစ်ရပ်ဟာ အင်မတန်မှာ ဆန်းကြယ်ပြီး၊ စုံစမ်းမှုတွေ ဆက်လက်ပြုလုပ်သွားမယ်လို့ဆိုတယ်။
နယူးကလီးယားရေငုပ်သင်္ဘောတွေဟာ သမုဒ္ဒရာထဲရှိ အခြား ကုန်တင်သင်္ဘောတွေ၊ ခရီးသွား သယ်ယူပို့ဆောင်ရေး သင်္ဘောများကို အနှောက်အယှက်မရှိအောင် ရေဒါ မထုတ်လွှင့်ဘဲ သမုဒ္ဒရာ ရေအောက်ကြမ်းပြင်တွေမှာ ငြိမ်းသက်စွာ တာဝန်ထမ်းဆောင်လေ့ရှိကြပါတယ်။ ဒါဟာ လုံခြုံရေး အတွက် ပြန်လည် သုံးသပ်စရာတွေ ဖြစ်လာခဲ့ပြီး ဆက်သွယ်ရေး နည်းပညာ တွေ ကို ပြန်လည် တိုးတက်အောင် ပြုလုပ်ဖို့ သတိပေးလိုက်ခြင်းလည်းဖြစ်ပါတယ်။
ဗြိတိန် နှင့် ပြင်သစ် နိုင်ငံ အခြေစိုက် နယူးကလီယား ဆန့်ကျင်ရေးအဖွဲ့တွေနဲ့ ၊ ဒေသတွင်း နယူးကလီးယား လက်နက်တပ်ဆင်နေမှုကို မလိုလားသူတွေက တော့၊ ဒီလို နယူးကလီးယား ထိပ်ဖူးတပ် ဒုံးကျည်တွေ သယ်ဆောင်နေတဲ့ ရေငုပ်သင်္ဘောတွေကို အတ္တလန်တိတ် သမုဒ္ဒရာအတွင်း ကင်းလှည့်နေမှု မှ ရပ်ဆိုင်းဖို့ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွင်ဘရောင်းနဲ့ ပြင်သစ် သမ္မတ ဇာကိုဇီတို့ကို ကန့်ကွက်စာ ရေးသားပေးပို့ခဲ့ကြကြောင်းကြား သိရပါတယ်။ ဒီလိုမတော်တဆ ဖြစ်နေမှုဟာ လူသားတွေ အတွက် နယူးကလီးယား ဘေးအန္တရာယ် ထိခိုက်ကျရောက်စေနိုင်ကြောင်း နှင့် ဒေသတွင်း ရေဒီယိုသတ္တိကြွမှု တွေ ပျံနှံ့မှုရှိလာစေနိုင်ကြောင်း ဖော်ပြထားပါတယ်။
Rest of your post
3 comments :
where did you get this one! point me the original article please! i wanna pick up something from it!
http://news.aol.com/article/nuclear-submarines-collide/344696
http://news.yahoo.com/s/ap/20090216/ap_on_re_eu/eu_britain_sub_collision
http://edition.cnn.com/2009/WORLD/europe/02/16/british.french.submarine.incident/index.html
Post a Comment