Monday, 16 February 2009
ဦးပီတာလင်းပင် နှင့် ကိုမိုးသီးဇွန် အကြား ပွင့်လင်းစွာ ဆွေးနွေးသုံးသပ်ချက်
WFWW - လွတ်မြောက်ရေး အသံ မှ စီစဉ်ထုတ်လွှင့်လိုက်ပါသည်။
အသံကို ဒီမှာနှိပ်ပြီး နားထောင်ကြည့်ပါ။
မပြောရင် မသိနိုင်ဘူး။ ကြာတဲ့ အခါကျတော့လည်း သမိုင်းတွေက မရှိခဲ့သယောင် မဖြစ်ခဲ့သယောင် ဖြစ်လာ တယ်။ NCGUB ဆိုတာ အလိုအလျောက် ပေါ်ပေါက်လာသလို ပြောဆိုငြင်းခုန်နေကြတယ်။ အခုအချိန်မှ NCG ကို တိုးချဲ့ ဖွဲ့သင့် မဖွဲ့သင့် စသဖြင့် ဆွေးနွေးငြင်းခုန်မှုတွေက အတိတ်သမိုင်းကို ထည့်မပြောတော့ဘဲ ရှိနေတာ ကြည့်မရနိုင်ဖြစ်လာတယ်။
တကယ်တော့ အမတ်တွေ တောထဲထွက်လာတော့ ကြိုတဲ့ခရီးမှာ သေဆုံးခဲ့တဲ့ ရဲဘော်တွေရှိတယ်။ မိုင်းထိ လက်ပြတ်ခဲ့တဲ့ ရဲဘော်တွေလည်း ရှိတယ်။ ရောက်လာတဲ့ အမတ်လူတစုက အစိုးရ ဖွဲ့လာတော့ ရုံးလုပ်ငန်း ကအစ၊ လုံခြုံရေးအဆုံး ABSDF ရဲဘော်တွေက စွမ်းစွမ်းတမန်ပံ့ပိုးပေးခဲ့ကြတယ်။ ဒီမိုကရက်တစ် မြန်မာ့အသံကို စလုပ်ကြတော့လည်း ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရရဲ့ အသံဆိုပြီး ၀ိုင်းဝန်းမြှင့်တင် ပံ့ပိုးပေးခဲ့ကြပါတယ်။ ဒီသမိုင်းတွေကို ဒီနေ့ မပြောကြ၊ မကြားရတော့ဘူး။ တိုင်းရင်းသားတွေက သဘောထားကြီးပြီး ခွင့်ပြုခဲ့တဲ့ ကိစ္စတွေ မပြောကြတော့ဘူး။ DAB ခေါ် မြန်မာနိုင်ငံ ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့ချုပ်က အစိုးရဖွဲ့ဖို့ဆိုပြီး ပြင်ဆင်ထားတဲ့ မူ၊ ပေါ်လစီ၊ တံဆိပ်တုံးက အစ အဆင်သင့်ရလိုက်တဲ့ ကိစ္စတွေ မပြောကြတော့ဘူး။ ဒီကိစ္စတွေကို ပြန်ပြောင်း စကားပြောဖြစ်တယ်။ နှောင်းလူတွေ မှတ်သားကြရအောင်ပါ။
ဦးပီတာလင်းပင်ဟာ ၁၉၉၀ ခုနှစ်က ပြင်ဦးလွှင်မဲဆန္ဒ အမှတ် (၂) က ရွေးချယ်တင်မြောက်ခြင်းခံခဲ့ရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စလှယ်တဦးဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ် နိုဝင်ဘာလမှာ နယ်စပ်ဒေသသို့ ထွက်ခွာလာခဲ့ပြီး၊ ၁၉၉၀ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်နေ့ မှာဖွဲ့စည်းခဲ့တဲ့ အဝေးရောက် ပြည်ထောင်စုမြန်မာနိုင်ငံ ညွှန့်ပေါင်းအစိုးရရဲ့ ပထမဦးဆုံး နိုင်ငံခြားရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတဦးဖြစ်ပါတယ်။
၂၀၀၉ ခုနှစ် ဇန္န၀ါရီ လ ၂၀-၂၃ ရက် နေ့ မှာ ၁၉၉၀ခုနှစ် ပြည်သူ့လွှတ်တော်ကိုယ်စလှယ်များက NCGUB အဝေးရောက် ပြည်ထောင်စုမြန်မာနိုင်ငံ ညွှန့်ပေါင်းအစိုးရ ကို တိုးချဲ့ပြင်ဆင် ဖွဲ့စည်းရေးနဲ့ပတ်သက်ပြီး အိုင်ယာလန်နိုင်ငံ ဒပ်ဘလင်မြို့မှာ ကျင်းပခဲ့ကြပါတယ်။ သူဟာ ဒီလွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေးကိုတက်ရောက်ခဲ့သူလည်းဖြစ်ပါတယ်။ ဒီအစည်းအဝေး ဆုံးဖြတ်ချက်များကို အခြေခံပြီး ဦးပီတာလင်းပင် နှင့် ကိုမိုးသီးဇွန် အကြား ပွင့်လင်းစွာ ဆွေးနွေးထား တာဖြစ်ပါတယ်။ ဒီဖိုင်ကို နားထောင် ကြည့်ပါ။
Rest of your post
at 23:05
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment