Thursday 26 February 2009

ဘင်္ဂလားဒေ့ရှ် တပ်မတော်သား အရာရှိဆိုးများ၊ လဒ်စား တဲ့ ဗိုလ်ချုပ်များကို ရဲ ၀ံ စွာ ပုန်ကန် လိုက်ပြီ
















ဘင်္ဂလားဒေ့ရှ်
ရိုက်ဖယ်စစ်တပ်ဌာနချုပ်ကို ပြန်လည်ဝိုင်းရံနေစဉ်
ဒေသတွင်း အထူးသတင်း

-ခိုင်ကျော်ဇံ-

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် လုံခြုံရေး တပ်ဖွဲ့မှ လက်နက်ကိုင်တချို့ က တပ်တွင်းပုံကန်မှု ကို စတင်ခဲ့ပြီး နောက် မြို့တော် ဒက္ကာ ရှိ ဘင်္ဂလားဒေ့ရှ် ရိုက်ဖယ်စစ်တပ်ဌာနချုပ်ကို သိမ်းပိုက်ခဲ့ကြတယ်။ ယခုအခါ စစ်တပ်နှင့် လက်နက်ကိုင် တပ်တွင်း ပုံကန်သူတွေ အကြား အပြန်အလှန် ပြင်းပြင်းထန်ထန် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး လူသုံးဦးထက်မနည်းသေဆုံးကာ ၂၁ ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ကြောင်း ဒက္ကာမြို့က လာတဲ့သတင်း အရ သိရှိရပါတယ်။ တချို့ သတင်းတွေထဲမှာ တော့ သေဆုံး သူတွေ၊ ဒဏ်ရာရသူတွေဟာ လူ ၅၀ ထက်မနည်းရှိကြောင်း၊ သေဆုံးသူတွေထဲမှာ အရပ်သားကော၊ အရာရှိ နှင့် စစ်သားတွေကော ပါရှိတယ်လို့ ဆိုတယ်။ ဘင်္ဂလားဒေ့ရှ် စစ်တပ်က ရဲတပ်ဖွဲ့ နှင့် အမြဲတမ်း စစ်တပ် ကို ခေါ်ယူပြီး ဘင်္ဂလားဒေ့ရှ် ရိုက်ဖယ်စစ်တပ်ဌာနချုပ်ကို ပြန်လည် ၀ိုင်းရံထားကြပါတယ်။ ပုန်ကန်သူ တွေဟာ အထက်အရာရှိတွေရဲ့ ခွဲခြားဆက်ဆံမှု ကို မကျေမနပ်ဖြစ်နေကြတဲ့ အောက်ခြေ နယ်ခြားစောင့် ရဲဘော်တွေ အများစုဖြစ်ကြတယ်။ သူတို့ ဟာ ရွေးကောက်ပွဲတွေ မှာလည်း လုံခြုံရေးတာဝန်ယူ ခဲ့ကြရသူများဖြစ်ကြတယ်။

မြို့တော် ဒက္ကာမှာ ပြင်းပြင်ထန်ထန် တိုက်ပွဲများဖြစ်ပွားပြီးနောက် ၀န်ကြီးချုပ် ရှိတ်ဟာစီနာ က ပုန်ကန်တဲ့ တပ်ဖွဲ့ကို သွားရောက် တွေ့ဆုံပြီး၊ လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်လို့ ကမ်းလှမ်းခဲ့တယ်။ ဆွေနွေးမှုမှာပါဝင်တဲ့ ပုန်ကန်တဲ့ သူတွေ ဘက်က ကိုယ်စလှယ်က ဒီလိုကမ်းလှမ်းခဲ့မှုကြောင့် သူတို့လက်နက်တွေကို ပေးအပ်ပြီး စစ်တန်လျား နှင့် တပ်စခန်းတွေဆီသို့ ပြန်သွားမယ်လို့ ပြောကြားခဲ့ကြောင်းသိရှိရပါတယ်။

ဒီလို စစ်တပ်အတွင်း ပုန်ကန်မှု ဖြစ်ပွားခဲ့ရခြင်းဟာ အောက်ခြေ ရဲဘော်များ လစာနည်းပါးနေမှု၊ ခွဲခြားဆက်ဆံ ခံရမှု၊ တပ်တွင်းထောက်ပံ့မှု ရာရှင် မလုံလောက်မှု၊ ညံ့ဖျင်းမှု၊ သူတို့ အလုပ်အကိုင်အတွက် မသေချာမရေရာ ဖြစ်နေမှု အပေါ် မကျေမနပ်ဖြစ်ရာက အထက် စစ်တပ်အရာရှိများ နှင့် အောက်ခြေ အကြား တင်းမာမှုတွေ ဖြစ်ပွားခဲ့ကာ ပုန်ကန်မှု စတင်ခဲ့ခြင်း ဖြစ်ပါတယ်။ အထက် စစ်တပ်အရာရှိများ က လစာတိုးတောင်းမှုကို ပယ်ချခဲ့ကြတယ်။ သူတို့ တောင်းဆိုတဲ့ ထောက်ပံ့မှု ရာရှင် ကို မလုံမလောက်ရရှိခဲ့ကြတယ်။ ဒီလို အထက် အရာရှိနှင့် အောက်ခြေရဲဘော်များ အကြား တင်းမားမှု ဖြစ်ပေါ်နေတာဟာ လ ပေါင်းများစွာ ရှိနေပြီလို့ ဖော်ပြပါရှိတယ်။

အခင်းဖြစ်စဉ် ဒက္ကာမြို့ ရိုက်ဖယ် ဗဟိုစစ်ဌာနချုပ်မှာ တပ်သား ၅၀၀၀ နီပါး ရှိခဲ့သော်လည်း ပုန်ကန်သူတွေက လျင်မြန်စွာ ထိမ်းချုပ်လိုက်ပြီး၊ စစ်တပ် သုံး ဟယ်လီကော်ပတာ တွေကို ပစ်ခတ်ဖျက်ဆီးခဲ့တယ်လို့ဆိုတယ်။ ဒါဇင်များစွာ အရာရှိ အချို့ ကိုလည်း ဓာစားခံအဖြစ် ဖမ်းဆီးခဲ့တယ်လို့ဆိုတယ်။ ဘင်္ဂလားဒေ့ရှ် ရုပ်မြင်သံကြား ဌာန တွေက ရိုက်ဖယ် ဗဟိုစစ်ဌာနချုပ် ရှိ တပ်မှူး ဟာ တိုက်ပွဲမှာ သေဆုံးခဲ့လား၊ ဒဏ်ရာ ရခဲ့သလားဆိုတာ အတိအကျ မသိရှိရ သေးဘူးလို့ဆိုတယ်။

ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ကြားဝင် ၀င်ရောက်မဖြေရှင်းခင်မှာ တော့ ဘင်္ဂလားဒေ့စစ်တပ် က ပုန်ကန်သူတွေကို ထွက်လာပြီး လက်နက်ချကာ စစ်တန်လျားကို ပြန်သွားဖို့ နှင့် အမိန်မနာခံသူတွေနဲ့ မထွက်လာသူတွေကို ပြင်းပြင်း အရေးယူမယ်လို့ ကြေညာခဲ့တယ်။

ဒါပေမဲ့လည်း ၀န်ကြီးချုပ် ရှိတ်ဟာစီနာ က ကြားဝင်ဖြေရှင်းခဲ့တာကြောင့် ငြိမ်းငြိမ်းချမ်းချမ်း နဲ့ အဆုံးသတ်သွား ကြောင်း ကြားသိရပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ ၁၉၇၁ မှာ ပါကစ္စတန်နိုင်ငံက လွတ်လက်ရေး ရယူပြီးနောက် ဒီလို လက်နက် ဖြင့်ပုန်ကန် ထကြွမှု၊ အာဏာသိမ်းမှု၊ တန်ပြန် အာဏာသိမ်းမှု ၊ နှင့် နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ ၁၉၈၂ မှ ၁၉၉၀ ထိ တိုင်းပြည်ကို စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး အာဆတ် က အာဏာသိမ်း အုပ်ချုပ်ခဲ့တယ်။ ၁၉၉၁ ခုနှစ်စတင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ မှာ ဒီမိုကရေစီ စံနစ် ကျင့်သုံးခဲ့သော်လည်း ၂၀၀၇ ခုနှစ်မှာ စစ်တပ်က ရွေးကောက်ပွဲ ဖျက်သိမ်းပြီး၊ အရေးပေါ် အခြေအနေကြေညာခဲ့တယ်။ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်က ပဲ ဒီမိုကရေစီ နည်းလမ်းကျကျ ဖြင့် နိုင်ငံတကာ ၏ ကြီးကြပ်ကွပ်ကဲမှုအောက်မှာ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးပြီး နောက် ရှိတ်ဟာစီနာ ဟာ ၀န်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။


Rest of your post

No comments :