Wednesday, 11 February 2009
န.အ.ဖ စစ်ခွေးတို့ သုံးခွမြို့ တွင်သောင်းကျန်းနေ
-ရန်ကုန်-
လွန်ခဲ့သော လဆန်းပိုင်း ၂ ရက်ဖေဖေါ်ဝါရီ ၂၀၀၉ နေ့ ညပိုင်းတွင် သုံးခွမြို့နယ်တွင် လှုပ်ရှားမှုတခု ဖြစ်ခဲ့ ပါသည်။ ထိုလှုပ်ရှားမှုမှာ ပိုစတာကန်ပိန်းဖြစ်ပြီ စစ်ဖိနပ်အောက်က ကျွန်ဘ၀လွတ်ဖို့ နှင့် ၂၀၁၀ ရွေးကောက်ပွဲ ကို ပြတ်ပြတ်သားသားဆန့်ကျင်ကြ တောင်သူလယ်သမားများရိုးပြတ်ကြားက အံကြိတ်သံ ဟူ၍ဖြစ်ပြီး ထိုဖြစ်ရပ် ဖြစ်ပွားပြီးအခါ တွင် NLD ပါတီဝင်များအား အကြောင်းမဲ့ တိုက်ခိုက်မှုများ ရှိကြောင်းသိရပါသည်။ ဖြစ်ပုံမှာ NLD လိုလားသောလူငယ်တဦးကို ၄/က ၂၃၂၆ ကားပေါ်မှ လူနှစ်ဦးမှ ဆင်းလာ၍ ဓါတ်ပုံများ အနီးကပ်ရိုက်ကူး သွားခဲ့ပါသည်။ မေးရာတွင်လဲမဖြေပဲနှင့်မောင်းထွက်သွားခဲ့ ပါသည်။ ထို့နောက် တွင် ၄င်းလူငယ်အားဆိုင်ကယ် နှင့် ပွတ်တိုက်မှုကြောင့် ၄င်းလူငယ်မှာ တတောင်ဆစ်နှင့်မျက်ခုံးများပွန်းပဲ့သွားခဲ့ ပါသည်။ ဆိုင်ကယ်မှာ မူ မောင်းပြေးသွားခဲ့ပါသည်။
ထို့နောက် ဆက်တိုက်ဆိုသလို ကိုယဉ်အေး(ရန်ကုန်တိုင်းလူငယ်အကူညီပေးရေးအဖွဲ့ဝင်)အားလဲညဖက်မီးပျက် ချိန်တွင် ဆိုင်ကယ် စီးနင်း လာသောလူနှစ်ဦးမှ တုတ်နှင့်ရိုက်ရန် ကြိုးစားခဲ့ရာ ကိုယဉ်အေးမှ တိမ်းရှောင် နီုင်ခဲ့၍ သာ ဘာမှမဖြစ်ခဲ့ပါ။ ထိုဖြစ်ရပ် မတိုင်မီတွင် ကိုယဉ်အေးအား ဖုန်းဖြင့် ခြိမ်းခြောက်မှု တခုရှိခဲ့ပါသေးသည်။ ထို့ပြင် ကိုမွန်ကြီး(ဦးအုန်းသောင်း) ဆိုသူ HIV ဝေဒနာရှင်များအား ကူညီဆောင်ရွက်ပေး နေသူ အား ၁၂ ရပ်ကွက် ဥက္ကဌဖြစ်သူမှ မြို့နယ် SB ကျော်မြင့်သိမ်းကို ကျနော် သူ့ကိုရှင်းလိုက်ရမလားဟုမေးရာ SB မှ နေပါစေကွာသူတို့ကို ဒီလိုအကြမ်းဖက်လုပ်စရာမလိုပါဘူး တဖြည်းဖြည်း လုံးပါးပါးအောင် လုပ်လို့ရပါတယ် ဟုပြန်ပြော သည်ဟုသိရပါသည်။ ထို့နောက် ကိုမြဇင်ဆိုသူကိုလဲ ဆိုင်ကယ်နှင့်တိုက်ပြီး အမှုဖြစ်လျှင် သူတို့လူအား ဆွဲထုတ်ပြီး ဒီလူ့ကို ထောင်ချပစ်မယ်ဟူသောခြိမ်းခြောက်မှုတို့ ဆက်လက်ရှိနေပါသေးသည်။
Rest of your post
at 22:59
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment