Tuesday, 10 February 2009
ကမ္ဘာ့ ရေလုပွဲ ခေတ္တဆိုင်းငံ့ရေး
-ထွန်းအောင်ကျော်-
(ပတ်ဝန်းကျင်ဆိုင်ရာ အကြီးတန်း ဒါရိုက်တာ ဒိုမီနစ် ၀ါ့(ဂ)ဟရေး (Dominic Waughray) ဂျနီဗာမြို့တွင် ကမ္ဘာ့စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲတွင် တင်သွင်းသည့် စာတမ်း ဖြစ်ပါသည်။)
၂၀၀၈ ခုနှစ်တွင် ဆော်ဒီအားရေးဗီးယား နိုင်ငံရဲ့ ဂျုံထုတ်လုပ်မှုဟာ ပြည်တွင်းလိုအပ်ချက်ကို ပြည့်မှီအောင် ထုတ်လုပ်နိုင်မှု မရှိတော့ပါ။ ဒီလို ပြည်တွင်းလိုအပ်ချက်ကို ပြည့်မှီအောင် မထုတ်လုပ်နိုင်တော့တာကြောင့် ဆော်ဒီအားရေးဗီးယား နိုင်ငံ ဟာ ပြည်ပနိုင်ငံများမှာ သူတို့လိုအပ်တဲ့ သီးနှံစိုက်ပျိုးမှုတွေကို စိုက်ပျိုးထုတ်လုပ် နိုင်ဘို့အတွက် မြေကို လိုက်လံရှာဖွေ နေခဲ့ပါတယ်။ ပါကစ္စတန် (သို့) အာဖရိက ဂျုံ စိုက်နိုင်ငံတွေမှာ ဖြစ်နိုင်ချေ ရှိတယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံဟာလည်း မိမိလိုအပ်ချက် အတွက် အလားတူ မြေယာရှာဖွေမှုတွေကို တောင်အာဖရိက နိုင်ငံ တွေမှာ လုပ်ဆောင် နေခဲ့ပါတယ်။ အကြီးစား စက်မှု လုပ်ငန်းဆိုင်ရာ ဒေ၀ူးကုမ္ပဏီ ကလည်း မဒါဂတ်စ်ကာ (Madagascar) မှာ တောင်ကိုရီးယားနိုင်ငံအတွက် စိုက်ပျိုးပင်များကို စိုက်ပျိုးဖို့ မြေကို ဌားရမ်းမှုတွေ လုပ်ဆောင်နေခဲ့တယ်။ တောင်အာရှ မှာရှိတဲ့ နိုင်ငံတွေနဲ့ ပင်လယ်ကွေ့ နိုင်ငံတွေ မှာလည်း အလားတူ ကျိုးစားမှုတွေကို လုပ်ဆောင်နေကြပါတယ်။
ပြဿနာရဲ့ အတိမ်အနက်
ဘယ်နိုင်ငံကမှ သူတို့ရဲ့ နိုင်ငံပိုင်နက်တွေကို တိုးချဲ့ဘို့ မြေတွေကို ရှာဖွေဘို့ စိတ်ကူးနေကြ တာမဟုတ်ပါဘူး။ သူတို့ ဘာကြောင့် မြေယာတွေကို ဌားရမ်းရှာဖွေနေကြတယ်ဆိုတဲ့ အချက်အလက် က ရှိနေပါ တယ်။ ဒါကတော့ နိုင်ငံအတွင်း အစားအစာ ဖူလုံမှုရှိဖို့ပါဘဲ။ အားလုံးရဲ့ ပြဿနာကတော့ ရေပြတ်လတ်မှု ကြောင့် ဒီလိုစဉ်းစားပြီး လုပ်ဆောင်လာကြ တာဖြစ်တယ်။
ယနေ့ ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ တရုတ်၊ တောင်ကိုရီးယား တို့ရဲ့ အတွေ့အကြုံဟာ ရှေးဦးစွာ မြီးစမ်းရတဲ့ ပြဿနာဖြစ်ပါတယ်။ ဒီပြဿနာမျိုး နောင်မှာ နေရာတကာမှာ နိုင်ငံ တော်တော်များများ က လိုက်လုပ်လာကြမဲ့ ရှေ့ပြေးနမိတ်ပါဘဲ။
ဒီပြဿနာဟာ အစိုးရအဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံတကာ ကုန်သွယ်မှု စံနစ် နှင့် ရေပြဿနာ ကို ထုတ်ဖော် ဆွေးနွေးတင်ပြမှု ကို ပြုလုပ်ရန် ပျက်ကွက်ခဲ့မှုကြောင့် ဆုံးရှုံးမှုတွေ ဖြစ်လာခဲ့ ရတာ ဖြစ်ပါတယ်။ အကယ်၍သာ ကျနော်တို့ဟာ နိုင်ငံတကာ ကုန်သွယ်မှု စံနစ် နှင့် ရေပြဿနာ ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု မလုပ်နိုင်ခဲ့ရင် နောင်ရာစု ၂ စု အတွင်းမှာ ရေလုပွဲကြီး ဖြစ်လာမှာ ကျိမ်းသေပါတယ်လို့ ပတ်ဝန်းကျင်ဆိုင်ရာ အကြီးတန်း ဒါရိုက်တာ ဒိုမီနစ် ၀ါ့(ဂ)ဟရေး (Dominic Waughray) က ဂျနီဗာမြို့မှာ ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့စီးပွားရေး ဆိုင်ရာ ဆွေးနွေးပွဲတွင် သတိပေးပြောဆိုသွားပါတယ်။
တနှစ်ကို လူတယောက်အတွက် လိုအပ်တဲ့ ရေဟာ ကုဗမီတာ ၁၅၀၀ ရှိပါတယ်။ ၎င်းလိုအပ်ချက်ထက် လျော့သွားတဲ့နိုင်ငံဟာ ပြည်ပက အစားအစာတွေ တင်သွင်းဖို့ လိုလာ ပါတယ်။ အထူးသဖြင့် ရေများများနဲ့ စိုက်ပျိုးရတဲ့ ကောက်ပဲသီးနှံမျိုးတွေ ဖြစ်ပါတယ်။ ဆော်ဒီ အာရေး ဗီးယားနိုင်ငံဟာ ဒီပြဿနာကို အခုလက်ငင်း ရင်ဆိုင်နေရတာပါ။ အခြားနိုင်ငံ၂၀ ကျော်ဟာလည်း သက္ကရာဇ် ၂၀၀၀ မှာ ရေလိုအပ်ချက် အမှတ်ကို ကျရောက်လာခဲ့ပါတယ်။ အခြားနိုင်ငံ ၁၄ နိုင်ငံဟာလည်း သက္ကရာဇ် ၂၀၃၀ မှာ ရေမလုံလောက်မှု ဒုက္ခကို ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။
စက်မှုလက်မှု တိုးတက်ဖြစ်ထွန်းလာခြင်း အကျိုးဆက်
ဒီပြဿနာ ဟာ ရေကြောင့် သက်သက်တော့ မဟုတ်ပါဘူး။ အလျင်အမြန် အရှိန်အဟုန်နဲ့ တိုးတက်လာနေတဲ့ အာရှ နိုင်ငံများနှင့် အရှေ့အလယ်ပိုင်း ဒေသ တို့ဟာ စက်မှုလက်မှု ထွန်းကားလာတာနဲ့ အမျှ ဈေးကွက်လည်း ကြီးထွားလာခဲ့ပါတယ်။ ဒီလို စီးပွားရေး တိုးတက် လာခဲ့တဲ့အတွက် အစိုးရဟာ ရေကို လယ်ယာစိုက်ပျိုးရေး ကိုပေးမလား၊ ဒါမှမဟုတ် တဖြေးဖြေး ကျယ်ပြန့်ထွန်းကား လာတဲ့ မြို့ကြီးပြကြီးတွေနဲ့ စက်ရုံအလုပ်ရုံတွေကို ပေးမလား ဆိုတဲ့ မေးခွန်းကို ယနေ့တရုတ် နဲ့ တောင်ကိုရီးယား တို့ ရင်ဆိုင် နေရတာဖြစ်ပါတယ်။
နိုင်ငံတနိုင်ငံ မှာ သူ့ရဲ့ ရေပေးသွင်းမှုကို ၄၀ ရာခိုင်နှုန်း ကို လယ်ယာစိုက်ပျိုးရေး ကိုပေးခဲ့ရင် မြို့ပြနဲ့ စက်မှုလုပ်ငန်းတွေကို ဘယ်လိုအချိုးအစားနဲ့ ပေးရမယ်ဆိုတဲ့ ပြဿနာရှိလာခဲ့ပါတယ်။ သက္ကရာဇ် ၂၀၃၀ မှာ စီးပွားရေးဟာ တည်ငြိမ်နေခဲ့မယ်ဆိုရင် တောင်အာရှ နိုင်ငံတွေရဲ့ စိုက်ပျိုးရေးအတွက် လိုအပ်တဲ့ရေဟာ ၄၀ ရာခိုင်နှုန်း ကို ရောက်ရှိလာမှာ ဖြစ်ပြီး ၊ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိက တို့မှာ ရေလိုအပ်ချက် သတ်မှတ်မှုဟာ ၅၈ ရာခိုင်နှုန်း အထိ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။
လယ်ယာစိုက်ပျိုးမှုဟာ စက်မှုလုပ်ငန်းနဲ့ နှိုင်းယှဉ်လိုက်ရင် ဦးစားပေးဖို့ အမြဲတမ်း ရှုံးနိမ့် ခဲ့ရပါတယ်။ အထူးသဖြင့် စွမ်းအင်နဲ့ ကုန်ထုတ်လုပ်မှု ကဏ္ဍတွေမှာ ရေရရှိဘို့ နေရာမှာ အမြဲအနိုင်ရလေ့ ရှိပါတယ်။
ယနေ့သွားနေတဲ့ လမ်းကြောင်းအရ သက္ကရာဇ် ၂၀၃၀ မှာ ရေကို သတ်မှတ်ပေးထား ချက်ထက်ပိုပြီး တောင်းဆိုမှုတွေ များပြားလာတော့မှာဖြစ်ပါတယ်။
စက်မှုလက်မှု လျင်မြန်စွာ တိုးတက်လာနေတဲ့ တောင်အာရှ၊ အရှေ့အလယ်ပိုင်း နှင့် မြောက်အာဖရိက တို့မှာ လူ ၂.၅ ဘီလီယံ ကို ထောက်ပံ့နေရတာဖြစ်တယ်။ သူတို့ ပြည်သူတွေကို ကျွေးမွေးဖို့ အတွက် ရေပေါများတဲ့ နိုင်ငံကမြေတွေကို ရှာဖွေပြီး စိုက်ပျိုးကြရတော့မှာ ဖြစ်ပါတယ်။
နက်ရှိုင်းသော ပြဿနာများ
ဘာကြောင့် လယ်ယာစိုက်ပျိုးရေး အတွက် ရေရှာဖွေရေးဟာ အရေးကြီးတဲ့ ပြဿနာတရပ် အဖြစ် ပေါ်ထွန်းလာခဲ့ရတာလဲ။
ပထမ အချက် က ကျနော်တို့ဟာ နှစ်ပေါင်းများစွာ လယ်ယာစိုက်ပျိုးရေး အတွက် လိုအပ်တဲ့ ရေတွေ ကို ဖြုံးတီးခဲ့လို့ပါဘဲ။ ဒါကြောင့် လယ်ယာစိုက်ပျိုးတဲ့ အမ္ဘာ အရပ်ရပ်မှာ မြေအောက် ရေများ ခန်းခြောက်မှုတွေ ကို စတင်ရင်ဆိုင်လာ ရတာဖြစ်တယ်။
ဒုတိယ အချက် က ကျနော်တို့ ချမ်းသာ ကြွယ်ဝလာတာနဲ့ အမျှ အသားစားသုံးမှု ကို ပိုစားသုံး လာခဲ့ပါတယ်။ ဒီအချက်ဟာ ရေလိုအပ်မှု ကို ဖြစ်စေပါတယ်။
တတိယ အချက် ကတော့ စိုက်ပျိုးရေးမှာ ရေကို ဦးစားပေး သုံးစွဲစေခြင်းဟာ နိုင်ငံရေးမှာ ကိုယ့်ကိုကိုယ် သတ်သေစလိုမျိုးဖြစ်စေတဲ့ အတွက် အကောင်အထည်မဖော်ရဲကြဘူး။
စတုတ္တ အချက် ကတော့ စိုက်ပျိုးရေးအတွက် ကမ္ဘာ့ကုန် ကူးသန်းရောင်းဝယ်ရေးမှာ ခေတ်မှီ စံနစ်ကို အစားထိုးပြုပြင်မှု မလုပ်ခဲ့ကြပါဘူး။
ကမ္ဘာ့ရေချို ၇၀ ရာခိုင်နှုန်းဟာ စိုက်ပျိုးရေးအတွက် အသုံးပြုနေခဲ့ပါတယ်။ သမိုင်းကြောင်း အရ ရေကို တန်ဘိုးမထားပဲ အလွန်အကျွံအသုံးပြုခဲ့ကြတဲ့အတွက်ရယ်၊ အလကားရတဲ့ အတွက်ရယ်၊ တန်ဘိုးအနဲဆုံးပေးရတဲ့ အတွက်ရယ် ကြောင့် ဖြစ်ပါတယ်။
အိန္ဒိယ နိုင်ငံရဲ့ ရိတ်သိမ်းမှု လေးပုံ တပုံဟာ သက္ကရာဇ် ၂၀၂၅ မှာ ပြန်လည် အစားထိုးလို့မရတဲ့ မြေအောက် ရေခမ်းခြောက်မှုကြောင့် ပျက်ဆီးမဲ့ကိန်းကို ကျရောက်တော့ မှာ ဖြစ်တယ်။ ကောက်ရိတ်သိမ်းမှုရဲ့ ၁၀ ရာခိုင်နှုန်းဟာ မသေချာမရေရာ တဲ့ မြေအောက် ရေကို အသုံးပြုနေခဲ့တာဖြစ်ပါတယ်။
ရေအတွက် စိုးရိမ်ကြောင့်ကြမှုဟာ ကမ္ဘာ့သီးနှံရိက္ခာ ထုတ်မှုရဲ့ တန်ချိန် သန်းပေါင်း ၃၅၀ ကို ဆုံးရှုံးသွားမှာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ စုစုပေါင်း ဂျုံထွက်နှုန်း နဲ့ တူညီဖြစ်ပါတယ်။
တခြားစားသုံးစရာများ
အစားအစာ လိုအပ်ချက်တောင်းဆိုမှုဟာ ၂၀၅၀ မှာ ၇၀ ရာခိုင်နှုန်း မှ ၉၀ ရာခိုင်နှုန်း အထိ တိုးတက်လာမှာဖြစ်ပါတယ်။ ဂျုံ နဲ့ ဆန် စားသုံးမှုဟာ ၂၅ ရာခိုင်နှုန်း ထိတိုးတက်လာပြီး၊ ၎င်းတိုးတက်လာမှုဟာ လူဦးရေ တိုးပွားလာမှုကြောင့်မဟုတ်ဘဲ၊ စားသောက်မှုအလေ့အထ ပြောင်းလဲလာမှုကြောင့် သာလျှင်ဖြစ်တယ်။
အသားစားသုံးသူ တယောက်အနေနဲ့ ရေ လီတာ ၅၄,၀၀၀ လိုအပ်ပါသည်။ ၎င်းလိုအပ်ချက် အတိုင်း စားသုံးသည့် အသီအနှံ စားသူတယောက်၏ ရေလိုအပ်ချက်ထက် ၂ ဆ ဖြစ်ပါတယ်။ ကမ္ဘာ့ အသား စားသုံးမှု လိုအပ်ချက်သည် ၁၉၉၉/ ၂၀၀၁ တွင် တန်ချိန်ပေါင်း ၂၂၉ သန်းမှ ၂၀၅၀ ခုနှစ်တွင် တန်ချိန်ပေါင်း ၄၆၅ သန်းတက်လာမည်ဖြစ်သည်။
သီးနှံ တပင် အတွက် ရေတစက် လိုအပ်ချက်သည် အနာဂတ် ဆန်စပါးသီးနှံ တို့အတွက် မရှိမဖြစ် အခြေအနေ ကျရောက်နေသော်လည်း နိုင်ငံများစွာတို့သည် ကောက်ပဲသီးနှံ စိုက်ပျိုးခင်းတို့အတွင် ရေလိုအပ်ချက်ကို လမ်းကြောင်းပြောင်း၍ မြို့ပြတိုးချဲ့ ရေး၊ စက်မှုလက်မှု အလုပ်ရုံများသို့ ပေးပို့နေခဲ့သည်။ ထိုအချက်သည် ပြဿနာကို ပိုမိုကြီးထွားလာစေခဲ့ပါသည်။
မတည်ငြိမ် ဘဲ လျင်မြန်စွာပြောင်းလဲနေသော ဈေးနှုန်း
ကောက်ပဲ သီးနှံစိုက်ပျိုးမှုမှာ ရေကိုထိရောက်စွာ အသုံးပြု နိုင်ရေးတွင် အစိုးရ၏ ၀င်ရောက်စွက်ဖက်မှု လိုအပ်ပါသည်။ လယ်သမားများ၏ ရေလိုအပ်ချက် သတ်မှတ်မှုကို ပြန်လည်ဆန်းစစ်ဖို့လိုအပ်ပါသည်။ ရေတန်ဖိုးကို မြှင့်တင်ခြင်း နှင့် နည်းပညာဆိုင်ရာ ပြောင်းလဲမှုတို့ လည်းလိုပါသည်။
နိုင်ငံရေးသမားများဟာ ဒီအချက်ကို ပြည်သူကိုတင်ပြဖို့ ရှောင်ရှားနေကြပါတယ်။ ကမ္ဘာ့ အစား အစာ တင်ပို့နေသည့် ၁၀ နိုင်ငံအနက် နိုင်ငံ ၃ နိုင်ငံသည် ရေအတွက် စိုးရိမ်ကြောင့်ကြ နေရသည့်နိုင်ငံများဖြစ်သည်။ အစားအစာ တင်မသွင်းသည့် ကမ္ဘာ့ထိပ်တန်း ၂ နိုင်ငံသည် ရေပြည့်စုံကြွယ်ဝသည့် နိုင်ငံများဖြစ်သည်။
ကျနော်တို့ အနေနဲ့ အစားအစာ ပိုမိုလိုအပ်လာသော်လည်း ကမ္ဘာ့အစားအစာ အတွက် ကုန်သွယ်မှုဟာ လိုအပ်တာထက် လျော့နည်းနေတာ တွေ့ရပါတယ်။ အစားအစာအတွက် ကုန်ဈေးနှုန်းတွေ အထိမ်းအကွပ်မရှိ မြင့်တက်လာနေတာက သက်သေပြနေပါတယ်။
ပူးပေါင်းလုပ်ဆောင်ဖြေရှင်းရေး
နိုင်ငံတော်ရဲ့ လယ်ယာစိုက်ပျိုးရေး ပေါ်လစီမှာ ရေသုံးစွဲရေးကိစ္စကို ရဲရင့်စွာ မပြုပြင်ခဲ့ရင် (သို့) ကမ္ဘာ ကုန်သွယ်ရေး စံနစ်ကို ပြုပြင်ပြောင်းလဲရေး မလုပ်ရင် ရေပေါများတဲ့ ဒေသတွေကို ရှာဖွေမှုဟာ တိုးသထက် တိုးလာမှာဖြစ်ပါတယ်။ လာမဲ့ ရာစုနှစ် ၂ စု အတွင်းမှာ ဒီပြဿနာကို ကမ္ဘာ့ပြဿနာတရပ် အဖြစ် ဖြေရှင်းကြ ရတော့မှာဖြစ်ပါတယ်။
ပုံမှန် စီးပွားရေးလည်ပတ်မှုအခြေအနေအတိုင်း သွားနေပါက သက္ကရာဇ် ၂၀၃၀ တွင် တောင်အာရှနိုင်ငံများ နှင့် အရှေ့အလယ်ပိုင်းဒေသနိုင်ငံတို့မှာ ရေလုံလောက်စွာရရှိသည့် မြေများကို အပြိုင်အဆိုင်ဌား၍ စိုက်ပျိုးနိုင်ရန် ကျိုးစားလာကြလိမ့်မည်ဖြစ်သည်။ ငွေရှိပြီး ရေမရှိသည့်နိုင်ငံများက ရေပေါများစွာရနိုင်သည့် နိုင်ငံများနှင့် အပေးအယူလုပ်၍ လယ်ယာ စိုက်ပျိုးကွင်း များကို ဖော်ဆောင်လာကြမည်ဖြစ်သည်။
ရေ ရရှိရေးအတွက် အကြိတ်အနယ် ပြိုင်ဆိုင်မှုများ စတင်နေပြီ ဖြစ်သည်။ အစိုးရ များဟာ ဒီပြဿနာကို အမြန်ဆုံး တုံ့ပြန်နိုင်ဖို့လိုပါသည်။ ဘာမှ မလုပ်ပဲ လစ်လျှူရှု့ ခြင်းက ရှုပ်ထွေးမှု များ၊ မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပေါ်စေရန် လမ်းဖွင့်ပေးနေသလိုဖြစ်ပေလိမ့်မည်။
(ကိုထွန်းအောင်ကျော် သည် ၁၉၇၄ ခုနှစ် က ဘူမိဗေဒ ဘွဲ့ကို ရန်ကုန်တက္ကသိုလ် က ရရှိခဲ့ပြီး၊ ၁၉၉၇ ခုနှစ်မှာ အာရှ ရေးရာဆိုင်ရာ (Asian Studies) မဟာဝိဇ္ဇာဘွဲ့ ကို အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် ကော်နဲလ် တက္ကသိုလ် (Cornell University) မှ ရယူခဲ့ပါသည်။)
Rest of your post
at 10:41
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment