Thursday, 19 February 2009
မေ့လျော့နေသော ကဗျာဆရာ
-အောင်ခက်-
ထမင်းကောင်း ဟင်းကောင်စားရတဲ့ အခါ မိတ်ကောင်းဆွေကောင်းတွေကို သတိရသလို စာကောင်းပေကောင်း တွေကို ဖတ်ရတဲ့ အခါ ကျနော်တို့ စာဖတ်မိတ်ဆွေတွေကိုလည်း သတိရမိတာတော့ အမှန်ပါဘဲ။ အဲဒီအတွက် ဘဲ ကျနော်တို့ WFWW( We Fight We Win) က ကျနော်တို့ ဖတ်ရှု့ ခဲ့ တဲ့ စာကောင်းပေကောင်းတွေကို ကျနော်တို့ရဲ့ စာ ဖတ်ပရိသတ်အဆွေခင်ပွန်းတွေအတွက် မျှဝေ ပေးနေပါတယ်။
နှစ်ပေါင်း တစ်ရာ
ထွန်ယက်စိုက်ပျိုးပြီးတဲ့ အခါ
ချစ်သူကို မျှော်လင့် စောင့်စား ရင်ခုန်တဲ့
ပန်းပွင့်၊ ကဗျာ၊ အိမ်မက် စတင်ဖူးပွင့်လာလေရဲ့
ဒါပေမဲ့လည်းကွယ်
လက်ထပ်မဲ့ သူတွေသာ စောင့်လို့ ကြိုနေလေရဲ့ ။
ဒီကဗျာလေး က ပြောပြနေတယ်။ ကျနော်တို့လောကရဲ့ အတ္တဆန် အခွင့်ရေးသမားတွေ နဲ့ သူတို့ကိုယ်သူတို့ ထာဝရ အစိုးရ အဖွဲ့ လို့ခေါ်ဆိုနေကြတဲ့ စိတ်င်္ကြီးဝင် အဏာရှုးနေကြသော သူတွေကို ကို ကဗျာဆရာက နာနာကျင်ကျင် ရင်ဖွင့်ထားတဲ့ တေးသွားလေးတပုဒ်ဖြစ်လေမလားဘဲ။
ကိုယ်တသက်လုံး ပင်ပင်ပန်းပန်း ပြုစုယုယပျိုးထောင်ခဲ့တဲ့ အပင်လေးဟာ စတင်ဖူးပွင့်လာတဲ့ အချိန်အခါ ကြတော့မှ အတင်းအဓ္ဓမ ပိုင်ဆိုင်ချင်ကြတဲ့သူတွေအတွက် ရည်ရွယ်ပြီးများ ကဗျာဆရာက ရေးဖွဲ့ခဲ့လေသလား။ လား ပေါင်းစုံ မေးခွန်းတွေ ရှိနေကြမှာတော့ အမှန်ပါဘဲ။ စာဖတ်သူတွေရဲ့ ထင်မြင်ယူဆ ခံစားမှုတွေကိုလည်း ဖော်ပြပေးကြပါ။
ကဗျာကို ရေးဖွဲ့ ခဲ့တဲ့ ကဗျာဆရာ ကိုမမှတ်မိတော့ သလို၊
ကဗျာခေါင်းစည်းကိုလည်းမမှတ်မိတော့ပါဘူး။
ဒီကဗျာကို ဖန်တီးခဲ့တဲ့ ကဗျာဆရာကို မှတ်တမ်းတင်ချင်တဲ့အတွက် စာဖတ်သူတို့ မှတ်မိကြမယ်ဆိုရင် ကျနော်တို့ ထံ ဝေမျှပေးပါ။
Rest of your post
at
21:54
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment