Thursday 19 February 2009

နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေးလှုပ်ရှားမှု ထပ်မံပြုလုပ်


လူထုတစ်ရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့ မှ နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေးလှုပ်ရှားမှု ထပ်မံပြုလုပ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်၏ ကြေညာချက်ဖြစ်သော "ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အား ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေးအတွက် တိုင်းသူပြည်သားများက ၀ိုင်းဝန်းထောက်ခံကြရန်" - ဟူသော တောင်းဆိုချက်ကို ထောက်ခံသောအားဖြင့် လူထုတစ်ရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာအဖွဲ့မှ လှုပ်ရှားမှုများ စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိရာ၊ နအဖအာဏာရှင်များ၏ ခြိမ်းခြောက် စောင့်ကြည့်မှုအား အလေးမမှုဘဲ နောက်ထပ် လှုပ်ရှားမှုတစ်ရပ်အား ထပ်မံပြုလုပ်ခဲ့ပါသည်။

လူထုတစ်ရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့၏ ထပ်မံလုပ်ဆောင်သော လှုပ်ရှားမှုမှာ ယမန့်နေ့က မန္တလေးမြို့ ကျူံးပတ်ပတ်လည်လမ်းများတွင် နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေး တောင်းဆိုတိုက်ပွဲနှင့် ပတ်သက်သော ပို့ စကတ်များနှင့် စာရွက်စာတမ်းများ ထပ်မံဖြန့် ဝေခဲ့ခြင်း ဖြစ်ပါသည်။

လူထုတစ်ရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့မှ ထုတ်ပြန်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ထောက်ခံကြေညာချက်၊ မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ မှ ထုတ်ပြန်ခဲ့သည့် နိုင်ငံရေး အကျဉ်းသားများလွတ်မြောက်ရေး ထောက်ခံကြေညာချက်နှင့် လူထုတစ်ရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာအဖွဲ့ မှ ထုတ်ဝေသည့် "နိုင်ငံရေး အကျဉ်းသားများ အားလုံးချက်ချင်းလွှတ်" ပိုစကတ် များ အား မန္တလေးမြို့ ကျူံးအရှေ့ ဘက်လမ်းများ (ဓါတ်ပုံ - ၁ နှင့်  ၂)၊ မန္တလေးမြို့  ကျူံးမြောက်ဘက်လမ်းများ (ဓါတ်ပုံ - ၃)၊ မန္တလေးမြို့  ကျူံးတောင်ဘက်လမ်းများ (ဓါတ်ပုံ - ၄) နှင့် မန္တလေးမြို့ ကျူံးအနောက်ဘက်လမ်းများ (ဓါတ်ပုံ - ၇) နေရာများတွင် ဖြန့် ဝေခဲ့ပါသည်။ ထို့အပြင် မန္တလေး ဘူတာကြီးအနီးရှိ ပန်းခြံတစ်ဝိုက် (ဓါတ်ပုံ - ၆) တွင်လည်း အဆိုပါ ပို့စကတ်များ စာရွက်စာတမ်းများအား အများပြည်သူများ သိရှိစေရန် ဖြန့် ဝေခဲ့ပါသည်။












ထိုကဲ့သို့လူထုတစ်ရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့ မှ ဖြန့်ဝေခဲ့သော ပို့စကတ်များနှင့် စာရွက်စာတမ်းများအား ဈေးသည်များ၊ လမ်းသွားလမ်းလာပြည်သူများနှင့် ကျူံးပတ်လည်တစ်ဝိုက် စက်ဘီးစီးသူများမှ တွေ့ရှိကာ ဖတ်ရှူကြပြီး ကျေနပ်အားရ ၀မ်းသာပီတိဖြစ်နေခြင်းအား တွေ့ရှိရပါသည်။

လူထုတစ်ရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့မှ အဆိုပါ ပို့စကတ်များနှင့် စာရွက်စာတမ်းများ အား ဖြန့် ဝေခဲ့ရုံသာမက လူအများမြင်နိုင်သည့်နေရာများတွင်လည်း ကပ်ခဲ့ကြရာ နအဖလက်ပါးစေ နယ်ထိန်းရဲများနှင့် ရ၀တများမှ လိုက်လံဖြုတ်သိမ်းနေခြင်းအားလည်း တွေ့ ရှိရပါသည်။ လိုက်လံဖတ်ရှူ့ နေသည့်သူများအားလည်း အဆိုပါ ရဲများ ကြံ့ဖွတ်အဖွဲ့ ဝင်များမှ လိုက်လံကြိမ်းမောင်းကာ မောင်းထုတ်လျက် ရှိပါသည်။ အချို့ သောပြည်သူများမှာ မိမိတို့ တွေ့ရှိသော အဆိုပါ ပို့ စကတ်များနှင့် စာရွက်စာတမ်းများအား တိတ်တဆိတ်ပုန်းဝှက်ကာ သယ်ဆောင်သွားကြပါသည်။

အဆိုပါ လူထုတစ်ရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့ နှင့် အခြားသော အာဏာရှင် ဆန့်ကျင်ရေးအင်အားစုများ ၏ လှုပ်ရှားမှုများကြောင့် မန္တလေးမြို့ ခရိုင်ရဲမှူးတစ်ဦးမှာ နယ်ထိန်းရဲများအား ဒေါသဖြင့် ထိုးကြိတ်ကာ ဒေါသူပုန်ထနေကြောင်း သိရှိရပါသည်။

လူထုတစ်ရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့ အနေဖြင့် နအဖအာဏာရှင်အား ဆက်လက် ဆန့်ကျင်တိုက်ပွဲ ၀င်သွားမည်ဖြစ်ပါသဖြင့် ပြည်သူလူထုအနေဖြင့် မိမိတို့  တတ်နိုင်သည့်အခန်းကဏ္ဍမှ ပူးပေါင်း ပါဝင် လှုပ်ရှားပေးကြပါရန်ကိုလည်း အထူးတိုက်တွန်းနှိုးဆော်အပ်ပါသည်။

လူထုတစ်ရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့။

ကပ်ခဲ့သောပုံများ၊ပိုစတာများ ကို ဤနေရာ မှာကြည့်နိုင်ပါသည်။



Rest of your post

1 comment :

Gandhi said...

I admire the best manure's members and activities. You all guys are so brave and heros of our country. Cheers you guys!